တပတ်အတွင်းမန်ယူနိုက်တက်သတင်းတိုများ
ManUnitedTheBest
|
19 November, 2010
|
0 comments

မတန်တဆအတိုး ၁၆.၅% တောင်ပေးရတဲ့ ဂလေဇာမိသားစုတာဝန်ခံ Payment In Kind အကြွေး သန်း ၂၂၀ ကျော်ကို ပြန်လည်ပေးဆပ်တော့မှာ ဖြစ်တယ်လို့ ဂျိုးဂလေဇာကိုယ်တိုင်အတည်ပြုလက်မှတ်ထိုးကြောင်း သိရပါတယ်။ အကြွေးဆပ်မဲ့ငွေက မန်ယူဘဏ္ဌာတိုက်ထဲ က လာမယ် မပာုတ်ကြောင်းအသိပေးသွားလို့ ဝမ်းသာစရာ သတင်းတခုပါ။ မီဒီယာတို့ ထုံးစံအတိုင်းမန်ယူကောင်းသတင်းဆိုတော့ ခပ်တိုတိုပဲ ဖော်ပြသွားပါတယ်။ မန်ယူကိုရောင်းချဖို့ အတွက် ကြိုတင်ရှင်းလင်းပွဲတွေလုပ်နေသလားလို့ သံသယမေးခွန်း တွေမေးနေတဲ့ ဆောင်းပါးလဲဖတ်မိပါရဲ့။ ဒါမှမပာုတ် အတိုးနည်း တဲ့ဆီကနေ လှည့်ယူပြီး ဒီအကြွေးကိုပေးသလား ဆိုတာကိုတော့အတိအကျဘယ်သူ မှမသိသေးပါဘူး။ တကယ်လို့ ဒီလိုအကြွေးကိုလှည့်တာပဲဖြစ်ဖြစ် တချို့ ထင်တဲ့ မန်ယူတစိတ်တပိုင်းကိုထုတ်ရောင်းတာပဲဖြစ်ဖြစ် အဲ့လိုသတင်းမျိုးကို ဖုံးလို့ မရတဲ့အတွက် မန်ယူဖန်တွေ အချိန်တန်ရင်တော့ သိရမှာပါ။ ဒီအကြွေးက မန်ယူကလပ်တာဝန်ခံမပာုတ်ပေမဲ့ ဆက်နွယ်နေတဲ့အရှုပ်ထုတ်ကြီးတခုရှင်းသွားတာ လက်ခံကြိုဆိုပါတယ်။ တကယ်လို့ သူတို့ ထင်သလို ဂလေဇာတို့ ရောင်းဖို့ ပြင်ရင်လည်း လက်ခံကြိုဆိုရမဲ့ သတင်းပါပဲ။မန်ယူကလပ်ရဲ့ နောက်ဆုံး အကြွေးပေါင်းက သန်း ၅၀၉.၄ သန်းဖြစ်တယ်လို့ သိရပါတယ်။
အငြိမ်းစားယူဖို့ အရွယ်လွန်သွားပြီ (ဖာဂီ)
သူပြောတဲ့စကား -
“အငြိမ်းစားယူတာ ငယ်တဲ့လူတွေအတွက်ပါ။ ကျနော်ကအရွယ်လွန်နေပြီ။ ကျန်းမာရေးကောင်းသမျှတော့ ဆက်လုပ်နေဦးမှာပဲ။ တခြားလဲလုပ်စရာမရှိဘူးလေ။ ကျနော့်မိသားစုက ဘယ်တော့ဆိုတာ ဆုံးဖြတ်ပါလိမ့်မယ်။”ယနေ့ ခေတ်ကစားသမားတွေနဲ့ ပတ်သတ်ပြီး -
“ကျနော် အတော်လေးပြောင်းလဲလာခဲ့ရတယ်။ ခုခေတ်ကလည်းပြောင်းလာသလို ကစားသမားတွေလည်း အကျင့်ပြောင်းလာတာပေါ့။ အရင်ထက်စာရင် ပိုပြီး စိတ်ဓါတ်ပိုင်းနုတဲ့ကစားသမားတွေနဲ့ ရင်ဆိုင်နေရတယ်လေ။ ခုခေတ်ကစာသမားတွေက ခေတ်ဆန်တဲ့မိဘ၊ အေးဂျင့်တွေအပြင် သူတို့ ရဲ့ ပုံရိပ်ကတောင်ပြန်လွှမ်းမိုးတာခံနေရတယ်။ သူတို့ ရဲ့ နားကပ်တို့ တက်တူးတွေမြင်စေချင်တာတွေကော လက်ခံလိုရအောင်ပြောင်းလဲယူခဲ့ရတယ်မလား။ တချို့ ကစားသမားတွေ အဝတ်လဲခန်းမှာ ငိုတာတောင်ရှိတယ်။ ဘရွိုင်ရန် ရောဖ့်ဆင် တခါမှ မငိုဖူးဘူး။”

မန်ယူကိုလာမဲ့ ဒိန်းမတ်ဂိုးသမား
ဂန္တဝင်ဒိန်းမတ်ဂိုးသမားနောက်တစ်ယောက်ဖြစ်လေမလား? ဒိန်းမတ် Aalesunds Fk ကလပ်က Anders Lindegaard မန်ယူကို ဇန်နဝါရီလအတွင်းပြောင်းဖို့ မန်ယူကနေအတည်ပြုဖို့ ပဲကျန်တော့တယ်လို့ ဆိုပါတယ်။ သတင်းတွေအရ အက်တလန်တီကိုမဒ်ဒရစ် ရဲ့ De Gea ပြောင်းရွှေ့ ငွေက ပေါင်သန်း ၁၅ သန်းပေါက်နဲ့ နီးစပ်ပြန်ပြီလို့ လဲ အခါခါဆိုခဲ့ဘူးပါတယ်။ Lindegaard ရဲ့ပြောစကားအရ လက်ရှိအသင်းအတွက်နောက်ဆုံးကစားပေးတာဖြစ်နိုင်သလို၊ ပြောင်းဖို့ ဆန္ဒရှိကြောင်း၊ လက်ရှိအနေအထားအရ ဂိုးသမားကောင်း ကောင်းဖြစ်မှသာ ဝယ်ယူကြလေ့ရှိကြောင်း ပြောသွားပါတယ်။ ဒီသတင်းပာုတ်မပာုတ် တော့ စောင့်ကြည့်ရပါလိမ့်မယ်။ ဗန်ဒါးဆားကြီးတော့ ဒီနှစ်ပဲ ရတော့မယ်မလား။ ပီတာရှမိုက်ကယ်လက်သစ်ဖြစ်လာမယ်ဆိုရင်တော့ ဝမ်းပန်းတသာပေါ့ဗျာ!

Filed Under: Featured , Man U News
0 comments
Trackback URL | Comments RSS Feed