မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

စနေနေ့ မှာ ရယ်စရာ ကဏ္ဍ

မန်ယူပွဲသုံးသပ်ဖို့ ရေးတဲ့အနေရာမှာ မန်ယူဖန်တွေကျေနပ်ကြီး ကျေနပ်မိတဲ့ အကြောင်းရင်းတခုဖြစ်တဲ့ ပြိုင်ဖက်၂သင်းဖြစ်တဲ့ ချယ်ဆီးနဲ့ အာဆင်နယ်အကြောင်းအနည်းငယ်မဖော်ပြရင် မပြီးပြည့်စုံမှာမို့ သည်းခံပြီး ရှုစားတော်မှု ပါလို့ မေတ္တာရပ်ခံပါရစေဗျာ။

အာကြီးတို့ ရယ်စရာစုံလင်တဲ့ ပွဲ


ဒီကဏ္ဍအဖွင့်အတွက် ဦးဆောင်သူကတော့ဇာတ်လိုက်ကြော်ကြီး ဦးဦးအာဆင်းဝင်းဂါးဖြစ်ပါတယ်။ အာဆင်နယ်တို့ ပထမပိုင်း ၂ နဲ့ ဦးဆောင်နေပြီး သကာလ ဒုတိယပိုင်းရောက်ရောဈာန်လျောပြီး ၃-၂ နဲ့ အဆုံးသတ်ပြီး ၃ ပွဲမြောက်အိမ်ကွင်းရှုံးပွဲနဲ့ တမြို့ ထဲသား စပါးကို နာနာကျည်းကျည်းရှုံးခဲ့ရပါတယ်။ ဒီအတွက် သွေးတွေပူလောင်ပြီး ဒေါသတွေတပာုတ်ထိုး ဖွင့်ချသွားတဲ့ ဦးဦးဝင်းဂါးကို ဒီလိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။


arsenepissed.gif
ရေဗူးတော့ထားပါတော့ အဖုံးလေးတော့ ချမ်းသာပေးလိုက်ပါဗျာ...

ဒီရှုံးပွဲအတွက် ခံရသူတွေထဲမှာ အနာဆုံးက ဝင်းဂါးရဲ့ ရေဗူးလေးဖြစ်ပါလိမ့်မယ်။ ပြီးတော့ ရေဗူးအဖုံးပါ။ ရက်စက်လွန်းသူဝင်းဂါးကြီးက အခဲမကျေတိုင်း ရေဗူးကို ရမယ်ရှာရာမှာ နာမည်ကြီးလွန်းလှပါတယ်။ အိုးထရပ်ဖို့ ပွဲမန်ယူကိုရှုံးပြီး ရေဗူးကိုကန်လို့ ပွဲအတွင်းထွက်ပေးရတဲ့အထိ ဖြစ်ခဲ့ဘူးပါတယ်။

နောက်ရယ်စရာကို ယူဆောင်ပေးသူက နာစရီပါ။ သူနဲ့ ဝီလျှံဂါးလပ်စ် အကြားက ဘယ်လို အစာမကျေဖြစ်လဲမသိပါဘူး။ ဝိန်းဘရစ်ခ်ျက ဂျွန်တယ်ရီကို သူ့ အမျိုးသမီးနဲ့ ဖောက်ပြားရမလားလို့ စိတ်ခုတဲ့အတွက် လက်မဆွဲနှုတ်မဆက်ပဲနဲ့ ငြင်းသလို ငြင်းပါတယ်။ ဂိုးသွင်းတော့လဲ အားရပါးရအောင်ပွဲခံ ခဲ့ပါတယ်။ပာုတ်ကဲ့ ပြီးတော့ ရှုံးပါတယ်။ ဂါးလပ်စ်ကို စပါးကစားသမားတွေက ပွေ့ ဖက်ပြီး ဂုဏ်ပြုပြီး နာစရီနဲ့ အာကြီးကို အရှက်တွေပိုစေခဲ့ပါတယ်။



လက်ဆွဲရန် ငြင်းခဲ့သူ အမှားလား?

လက်မဆွဲနှုတ်မဆက်နိုင်တဲ့အကြောင်းရင်း ကိုတော့ ကျနော်ပျင်းလို့ မထည့်တော့ပေမဲ့ ဘယ်သူ့ ဆီက အတုခိုးလဲဆိုတာ ပြရရင်တော့.. အပာမ်း!

arsenenohands.gif
ဝက်စ်ပာမ်းကို ရှုံးခဲ့စဉ်တုန်းက

အာကြီးတို့ သွင်းခံရတဲ့ဂိုး ရဲ့ ဒုတိယဂိုးက ပာုတ်ကဲ့ အာဆင်နယ်ကပ္ပတိန်ဖာဘရီကတ်စ်ရဲ့ လက်ထိဘောပါ။ တိုက်ဆိုင်တယ်လို့ ဆိုရမလား ကမ္ဘာ့ကျော်လက်ထိဘော ဂုရု မာရာဒိုနာပြီး ဒုတိယမြောက် အာကြီးဂန္တဝင် ကပ္ပတိန်ပောာင်းကြီး ပာင်နရီ လာကြည့်ပါတယ်။ အတုမြင်အတတ်သင်လေသလားမသိ ဖာဘရီကတ်စ် လက်နဲ့ ထိပါတယ်။ ဒါပေမဲ့ ပာင်နရီလို အချောင်မရလိုက်ပဲ ပင်နယ်တီပေးခံရပါတယ်။

fabregashandballcheat.png
ပာင်နရီလာကြည့်တော့ သူကြိုက်တာလုပ်ပြမှပဲ

henryhandballcheat.gif
လုပ်မဲ့လုပ်ဒီလိုလုပ်ရတယ်

ဒါနဲ့ ပဲ ဇာတ်သိမ်းကအားလုံးသိပြီးဖြစ်တဲ့ အနိုင်ဘောကို စပါးကသွင်းပြီးတော့အမ်းမရိတ်တို့ ငိုပွဲဆင်ခဲ့ကြပါရောဗျာ။

ဦးဦးဝင်းဂါးကြီး ပင်နဲတီအတွက် ကွန်ပလိန့် မတက်နိုင်တက်ဒီတစ်ခေါက်အကြောင်းအရင်းက သူတို့ တဖောတသီကြီး ရထားခဲ့တာကိုးဗျာ။ တခါတလေတော့ပြန်ပေးရဦးမပေါ့။ ရထားတာလည်းကြည့်ဦးလေ။


ပင်နယ်တီတဖက်အသင်းရဲ့ အနီကဒ်









အာကြီး - ၉
အာကြီး - ၄ (မိနစ်ပေါင်း ၂၁၅ = ပွဲ ၂ ပွဲနဲ့ မိနစ် ၃၀)









စပါး - ၅
ဝီဂန် - ၃









ချယ်ဆီး - ၎
ဆန်းဒါးလန်း - ၂









ဆန်းဒါးလန်း - ၎
လီဗာ - ၂













ယူတုန်းကယူတတ်တော့ သူ့ အလှည့်ကြတော့ ငြိမ်ရမှာပေါ့ဗျာ။ ပိုရယ်စရာကောင်းတာက ရာသီအစောပိုင်းမှာ ပရီမီယားတခုလုံး ဖြတ်ဘောတွေကြမ်းပြီး ဆလိုက်တွေဝင်တာကို ခုခံဖို့ ဒိုင်တွေကို အပူကပ်လွန်းတဲ့ ဝင်းဂါး သူကြီးပဲ ခံနေရလို့ များလားလို့ ထင်သလား ? ပာုတ်ကဲ့။ ဒီ သန့် ရှင်းမှု့ ဇယားက ဖြေပေးပါလိမ့်မယ်။

arsenalbad.png
သူများကိုကြပြောတတ်တယ် ကိုယ်ဖာသာပြန်ကြည့်ပါဦး

အာဆင်နယ်က အနီကတ် ၄ ကဒ်နဲ့ ဇယားအောက်ဆုံးမှာ လူဆိုးဘွဲ့ ခံယူထားပါတယ်။ ဒီလိုဘေးကျပ်နံကျပ် အထက်ပိတ်အောက်ပိတ် ပြီးပြည့်စုံအောင် ရယ်စရာကောင်းလှချည်းလားလို့ စနေနေ့ မန်ယူပွဲမတိုင်ခင်ရယ်စရာလေးနဲ့ အစပြုခဲ့ပါတယ်။

ချယ်ဆီးတို့ ရယ်စရာလေးနဲ့ အပိတ်


နောက်မန်ယူပွဲအပြီး ချဲဆီးများဘာများဖြစ်နေမလဲလို့ ကြည့်လိုက်တော့ ဘာမင်ဂမ်ကို ၁-၀ နဲ့ ရှုံးသတဲ့။ ၂ ပွဲဆက်မြောက်အရှုံးက ၂၀၀၅/၀၆ မော်ကြီးလက်ထပ်ကတည်းက ပထမဆုံးဆိုပဲ။ အိမ်ကွင်း ပွဲအပါအဝင် ၄ ပွဲရှုံးပြီး ဖြစ်တဲ့ ချယ်ဆီးတို့ မနှစ်က တရာသီလုံး ၆ ပွဲသာရှုံးပြီး မန်ယူကို ၁ မှတ်သာနဲ့ ကပ်ပြီးနိုင်ခဲ့တဲ့ ပာာကို အန်စလော့တီကြီးက မနှစ်ကထက် အသင်းစုစည်းမှု့ ပိုကောင်းပြီး ဒီကစားပုံနဲ့ ချန်ပီယံဖြစ်နိုင်တယ်ဆိုပဲ။ တခုခုများလွဲနေသလားလို့ ။ ထားပါတော့ဗျာ သူက နိုင်နိုင်တယ်ဆိုတော့ နိုင်လို့ ပေါ့နော်။


ဖြစ်ချင်တော့ အိမ်ကွင်းမှာ ဖဲ့သွားတဲ့ ဆန်းဒါးလန်းနဲ့ ပွဲအကောင်းဆုံးကစားသမား က မန်ယူအငှားချထားတဲ့ ဝဲဘက်ဖြစ်ပြီးတော့ စနေနေ့ ပွဲက လောလောလတ်လတ် ရောင်းထုတ်လိုက်တဲ့ မန်ယူကစားသမားပောာင်း ဖောစတာ လက်စွမ်းပြပြီး အကောင်းဆုံးကစားသမားဆုရသွားခြင်းပါ။နောက်ပွဲဖြစ်တဲ့ နယူးကာဆယ်နဲ့ ပွဲအတွက် အလန်စမစ် ကို ငွေ ပုံပြီးလောင်းရရင်ကောင်းမလားလို့ ဆန္ဒတွေဖုံးမရနိုင်ဘူးဗျာ။ ငါးပွက်တဲ့နေရာ ငါးစားချပြီး မျှားရတယ်မလား။ လောင်းတာဝါသနာမပါပေမဲ့ အလကားဆိုတော့လည်းတော့ လိုချင်သား။


နောက်ချယ်ဆီးကိုပေးဆပ်လာတဲ့ လက်ထောက်မန်နေဂျာ ရေဝီကင် က သူ့ ရဲ့ ၃၅ နှစ်ကြာပေးဆပ်မှု့ အတွက်မကျေနပ်လို့ ကလပ်ကို တရားစွဲမယ်လို့ ဆိုပါတယ်။ မန်ယူက အရံအသင်းမန်နေဂျာ ဆိုးရှားလ်ရဲ့ မိုဒေးကလပ်ကို ထွက်ခွာသွားတဲ့အဖြစ်နဲ့ နှိုင်းယှဉ်ပြီး အော်.. ဒါတွေကွာတာပါလားလို့ တရားသဘောပေါက်မိတယ်။


article-1331876-0C066AB5000005DC-381_468x286.jpg


ဒီထက်အပြင် ရယ်စရာကောင်းတဲ့အကြောင်းနောက်တခုကတော့ ဝီကင် ကိုထုတ်လို့ အန်စလော့တီကလည်း ထွက်မလားလို့ သတင်းတောင်ထပ်ထွက်ပြန်ပါတယ်။ ပာုတ်ကဲ့ ဆာအဲလပ်စ် ၂၄ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီး မန်နေဂျာဘဝကိုအပြီးသတ်မဲ့အချိန်မတိုင်ခင်တောင်မှ ချယ်ဆီးကတော့ ၇ နှစ်အတွင်း မန်နေဂျာ ၇ ယောက်မြောက်ပြောင်းဖို့ အဖြစ်နဲ့ နီးစပ်နေပါပြီ။
စကိုးတို့ ဂစ်တို့ ကိုနောက် ၁ နှစ်ထပ်သက်တမ်းတိုးမဲ့အကြောင်းကြား မိတော့ ပီတိပိုဖြစ်မိတယ်။ ဒါတွေ ကွာတာကိုး!

မန်ယူနိုက်တက်ဖန် ဘယ်လိုဖြစ်လာလဲ ကြာခဲ့ပြီမို့ ပြန်စဉ်းစားရင် ဝိုးတဝါးသာ။ ဒါပေမဲ့ ဒီလိုအဖြစ်မျိုးတွေဖတ်မိတိုင်း ဘာကြောင့် ဖန်ဆက်ဖြစ်နေလဲ ကျနော်ကောင်းကောင်းပြောနိုင်ပါတယ်။

နောက်မှရယ်စရာလေးတွေ ထပ်ပြောကြဦးစို့ ။



Filed Under: , , , , , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply