မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

မန်ယူနိုက်တက် ၂ - ၀ ဝီဂန် (သုံးသပ်)

ပာာနန်ဒက်စ် မန်ယူနိုက်တက်အတွက် ၇ ဂိုးမြောက်

စနေနေ့ က မင်္ဂလာရှိသောနေ့ တနေ့ ပါ။ မှန်းထားတာတောင် ဒီလောက် ပြည့်စုံမယ်မထင်။ မှန်းတုန်းကတော့ မန်ယူအနိုင် အာကြီးအိမ်ကွင်းမို့ စပါးနဲ့ သရေ ချယ်ဆီးကိုလည်းနောက်တန်း ဒုက္ခကပ်ဆိုက်နေပေမဲ့ ဆန်းဒါးလန်းကို အိမ်ကွင်း ၃ ဂိုးနဲ့ ရှုံးထားလို့ အဖြစ်မခံတော့ပဲကန်မှာမို့ သရေများလားလို့ ။ အခုတော့ သူတို့ တွေအရှုံးဆိုတော့ အတိုင်းထက်အလွန်ပေါ့။ နောက်ပြီး ရွန်နီကိုလဲ အရံခုံမှာ စတွေ့ လိုက်ရလို့ ပါပဲ။ တမူထူးတာက ဗာဘာတော့ကိုတော့ အရံခုံမှာတောင်မတွေ့ ရပဲလုံးဝချန်လှပ်ထားခဲ့ပြန်တယ်။ ဖာဂီနောက်အင်တာဗျူးမှာ လူရွေးချယ်မှု့ အတွက် တမင်သက်သက်ချန်ထားခဲ့တာလို့ ဆိုလေတော့ ပြီးခဲ့တဲ့ ပွဲအရဖြစ်သင့်တယ်လို့ မြင်မိတယ်။ စနေနေ့ အနိုင်ပွဲ အတွက် ဒီ့ထက်ပိုတာကတော့ တခြားအသင်းရဲ့ ရယ်စရာကဏ္ဍလေးတွေရောပါတော့ ပိုပြီးပြည့်စုံတာပေါ့။ ရယ်စရာလေးတွေကို နောက်မှ ပို့ စ်တခုနဲ့  ထပ်ဖြည့်ပရစေ ခု ပွဲအတွက်ကိုပြောရအောင်ဗျာ။

လူရွေးချယ်မှု့ နဲ့ ပထမပိုင်း

အက်စတန်ဗီလာနဲ့ ပွဲ ပွဲရလဒ်ကိုပြောင်းနိုင်ပေးတယ်ဆိုပြီး ဖာဂီ ချီးကျူးခဲ့တဲ့ အိုဘာတန်နဲ့ မက်ခေါဒါတို့ ပွဲထွက်ခွင့်ပြုလိုက်တာကို မထင်မှတ်ပဲတွေ့ ခဲ့ရတယ်။ တိုက်စစ်ပိုင်းမက်ခေါဒါကို အထောင်ထားပြီး အိုဘာတန်နဲ့ နာနီတို့ ဝန်းနှစ်ဖက်ကိုတင်ကစားမယ်လို့ ထင်ပေမဲ့။ ဘယ်ဝန်းမှာ ပတ်ကျိဆန်နဲ့ ညာမှာ နာနီကိုသာ အထိုင်ကစားခိုင်းတာတွေ့ ခဲ့ရပြီး အိုဘာတန်ကိုတော့ အလွတ်သဘောအနေနဲ့ မက်ခေါဒါနောက်ကနေ ဘယ်ညာ လှည့်ကစားတာကို လည်း မြင်မိကြမှာပဲ။ သူတို့ ၂ ယောက်ထဲမှာ အိုဘာတန်က အတော်အသင့်ကစားနိုင်ခဲ့ပေမဲ့ မက်ခေါဒါအဖို့ တစ်ယောက်ထဲ လှုပ်ဖို့ အတွေ့ အကြုံများလိုနေသေးသလားလို့ ။ ထင်သလောက်မကစားနိုင်ခဲ့ဘူး။

ထင်သလောက်မကစားနိုင်ခဲ့တာက တော့ ပထမပိုင်း တစ်သင်းလုံးပဲဆိုပါတော့ဗျာ။ ဝီဂန်ရဲ့ ကွင်းတဝက် အထိုင်ချပြီး တစ်သင်းလုံးခုခံကစားလို့ နာနီ ဘယ်ခြေနဲ့ ကန်သွင်းတဲ့အလုံးကလွဲလို့ ထိထိရောက်မခြိမ်းခြောက်နိုင် သလို ဝီဂန်ရဲ့တန်ပြန်တိုက်စစ်နဲ့ ဇန်ဘီယာတို့ ရီရိုနဲ့ ဗစ်ဒစ်အတွဲကို ဒုက္ခပေးခဲ့ကြတယ်လေ။ ဇန်ဘီယာရဲ့ တစ်ကိုယ်တော် ထိုးဖောက်ပြီး ကန်သွင်းချက်ကို ဗန်ဒါးဆား တိုက်မင်ကိုက်ဝင်ပိတ်ပေလို့ သာပဲ။ ပထမပိုင်း သတိပြုမိတာနောက်တချက်က ဘယ်ကနေ အထိုင်ကစားတဲ့ ပတ်ကျိကို အတင်းလိုက်ဖျက်ပြီးဖိအားပေးကစားတာခံနေရတဲ့အချက်ပဲ။ အဖျက်ကြမ်းလို့ ပြစ်ဒဏ်ဘောတွေရပေမဲ့လည်း လွတ်သွားပြီး တိုက်စစ်ပြန်ခံရတဲ့ အလုံးတွေကိုလည်း ရင်မောစွာနဲ့ ပဲကြည့်လိုက်ရတယ်။ ညာက နာနီနဲ့ ဖလပ်ချာတို့ နဲ့ အတူ ရာဖာရဲတို့ ၃ ပွင့်ဆိုင်အတွဲကစားပေမဲ့လည်း အချိန်အတော်အကြာထိ မလှုပ်နိုင်ခဲ့ဘူး။ နာနီလည်း မလိုအပ်တဲ့ တင်းမာမှု့ တွေနဲ့ အငြင်းပွားနေတာကို ဝီဂန်ကွင်းထောင့်ကန်ဘောနေရာတဝိုက်မှာ မြင်မိကြလိမ့်မယ်လို့ ထင်ပါတယ်။ အလယ်မှာ ဖလပ်ချာနဲ့ ကဲရစ်တို့ အထိုင်ကစားပေမဲ့ ထုံးစံလိုဖြစ်နေတာက ဘောလုံးမဦးတာရယ်၊ နေရာယူမှန်လေ့မရှိပဲ ၂ ယောက်ထပ်နေတတ်တာရယ်က နောက်ပေးတဲ့ပြဿနာပါ။ အလယ်မှာစကိုးလ်နဲ့ ဆိုအတိုင်အဖောက်နည်းနည်းဖြေသာပေမဲ့ တခြားလူအတွဲဆို အဖျက်ပိုင်း အထဲဝင်ပြီးဆွဲပြေးတာတွေ အဝေးဖြတ်တင်ဘောတွေ မရှိတတ်ပဲ ဝန်းနှစ်ဖက်ကိုသာ လူပေးဘောအတိုလေးတွေသာ ကစားတတ်တာ ကျနော်တို့ အလယ်တန်းရဲ့လိုအပ်ချက်ကြီးကြီးမားမားဖြစ်နေတယ်လို့ မြင်မိတယ်။

ပထမဂိုး

ဒီလိုမတင်မကျ အခြေအနေကြားထဲမှာ ဘယ်ကိုသာလိုက်ကစားတာများနေတဲ့ ပတ်ကျိ ဒီတစ်ခေါက်ညာ ပင်နယ်တီဧရိယာစပ်မှာ ရာဖာရဲရဲ့ လက်ပြစ်ဘောကနေတဆင့် ဝှေ့ ဝိုက်ပြီး အတင်ကို အဲဗရာရဲ့ တဖက်နောက်တန်းကိုကျော်တက်ပြီး တင်ပင်ကိုက် ဖြတ်အတိုက်ကြောင့် ၁ ဂိုးနဲ့ ပထမပိုင်းအပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။ ပထမပိုင်းပွဲအပြီးမတိုင်ခင်လေးမှာပဲ အဲဗရာရဲ့ ဒုတိယမြောက် ပရီမီးယားလိဂ်ဂိုးအဖြစ်သွင်းယူခဲ့တာပါ။

အနီကတ် နဲ့ ဒုတိယပိုင်း

ဒုတိယပိုင်းရဲ့ ပထမဆုံးအနီကတ်ကို ဝီဂန်ရဲ့ နံပါတ် ၃ အက်ကာရက်ဇ် က ၂ ဝါ ၁ နီနဲ့ အပြစ်ပေးခံရတာပါ။ ပထမပိုင်းအဝါကတ် က ဂိုးမပေးရဖို့ အရေး အိုဘာတန် တစ်ချက်ပြပြီးထုတ်သွားတာကို အတင်းဝင်ဖျက်လို့ ရလိုက်တဲ့ ကဒ်ပဲ။ ဂိုးမပေးရဖို့ လုပ်သင့်လို့ ထိုက်ထိုက်တန်တန်ရတဲ့ ကဒ်ပါ။ ဒီအတွက် ငြင်းလို့ လဲမရပါဘူး။ ဒုတိယကဒ် ကတော့ သက်သက်မဲ့ မှားတဲ့အမှား။ ဖလပ်ချာ က သူတို့ ဂိုးနဲ့ ဆန်ကျင့်ဖက်ကျောပေးထားပြီး တင်ရင်တောင်ဘယ်နဲ့ တင်ရမယ်အခြေအနေ။ ဒါကိုမ ရမက နောက်ကျမှန်းသိရက်နဲ့ ဝင်ဖျက်ပြီး ဒုတိယအဝါကဒ်ကို ယူပြီး ထွက်ခဲ့ရတယ်။ ဒီ့အတွက်တော့သူ့ ဖာသာသာအပြစ်တင်သင့်တယ်လို့ မြင်မိတယ်။

ဒုတိယအနီကတ်ကတော့ ပာူဂိုရော့ဒရီကာရဲ့ ရာဖာရဲကို ခြေစုံပစ်ဝင်တဲ့ အနီကဒ်။ ဒီလိုဖြတ်ဘောတွေအတွက် အနီကဒ်ပေးလာတဲ့ ဒီနှစ်အဖို့ သိသိသာသာကြီးလုပ်လာတယ် အားလုံးအသိ။ မိုက်ကယ်အက်စီယံရဲ့ အနီကဒ်ရော ဝေးလ်ရှိုင်းယားရဲ့ အနီကဒ်ရော ဒီလိုခြေစုံပစ်ဝင်လို့ ။ ပာူဂိုရဲ့အနီကဒ်ကရော ထူးမခြားနားထိုက်သင့်လို့ ရတဲ့အနီကဒ်ပါပဲ။

ဒုတိယဂိုး

ဒီတစ်ခေါက် ဖြတ်တင်ဘော ဝှေ့ ဝိုက်ပြီးတင်ပေးသူက ရာဖာရဲ။ ညာတောင်ပံကနေ လွတ်လွတ်ကျွတ်ကျွတ်တင်ရတဲ့ ဖြတ်တင်ဘောကို ပာာနန်ဒက်စ် ဒိုင်ဗင်ပြစ်ပြီးတိုက်လိုက်လို့ ရတဲ့ဂိုး။ ဒီဂိုးက လူ ၉ ယောက်ပေမဲ့ အတော်လေးခံကစားတဲ့ ဝီဂန်တို့ စိတ်ဓါတ်ကို အတော်လေးထိခိုက်စေသလို ပာာနန်ဒက်စ်အတွက် လည်း ရသင့်တဲ့ဂိုးပါပဲ။ လူကောင်သေးပေမဲ့ နေရာယူတတ်ပြီး ခေါင်းတိုက်ကောင်းတဲ့ အတွက် တဖက်ဂိုးသမားအဖို့ ရပ်ကြည့်ယုံသာတတ်နိုင်တဲ့ဂိုး။ ဒီဂိုးအပြီးမှာတော့ မန်ယူရဲ့ တဖက်သတ် ဂိုးသွင်းခွင့်တွေ တလုံးပြီးတလုံး ရပေမဲ့ ဂိုးအဖြစ်မပြောင်းလဲနိုင်လို့ သာ ၂-၀ နဲ့ ပြီးခဲ့ခြင်းပါ။ ရွန်နီ ပိတ်ဘောက ဂိုးသမားတဲ့တဲ့ ဖြစ်နေသလို ပာာနန်ဒက်စ် လည်း အဲဗရာလိုပဲ ဒုတိယမြောက်ဂိုးသွင်းခွင့်ကို အပိုင်အသုံးမချနိုင်ခဲ့ပါဘူး။

ရွန်နီအပြန်လမ်း

၂ ဖက်အသိအမှတ်ပြုခြင်းဖလှယ်

ကွင်းဘေး သွေးပူအောင်ဆင်းကျင့်ကတည်းက ပရိတ်သတ်တွေရဲ့ အားပေးမှု့ ကိုတဖန်ယူနိုင်ခဲ့တယ်။ မန်ယူကစားသမားဖြစ်နေသရွေ့ ခွင့်လွတ်ပြီးအားပေးဖို့ ဝန်မလေးတဲ့ ဖန်တွေအကျင့်ကို သူသိပါလိမ့်မယ်။ ကွင်းထဲ ကို မက်ခေါဒါအတွက် လူစားလဲချိန်ကလူအနည်းစုကလွဲရင် ကွင်းပြည့် “ရွန်နီ..ရွန်နီ” လို့ အော်သံတွေပြည့်နေခဲ့ပါတယ်။ ဘောလုံးဝင်လို့ ခံရလို့ ၁ ခါ ၂ ခါပျက်ပေမဲ့။ ဝန်းကို ဖြတ်တင်တဲ့ဘောလုံးကော ခေါင်းခုန်ဝင်တိုက်တဲ့အလုံးကလည်း ဂိုးသမားပုတ်ထုတ်လို့ သာ။ မပာုတ်ရင် ဒီထက်မက အော်သံတွေနဲ့ အိမ်ပြန်လမ်းလှပါလိမ့်မယ်။ နောက်လာမဲ့ ရွန်ဂျားနဲ့ ပွဲအပြည့်ကစာပြီးရင်တော့ အရင်ခြေကိုပြန်ရဖို့ ပိုနီးစပ်လာနိုင်ပါပြီ။

အကောင်းဆုံးကစားသမား

ဒီနေ့ ပွဲအတွက်ရွေးချယ်ခွင့်မှာအတော်များများ သဘောထားကွဲနေတာကိုတွေ့ ရပါတယ်။ နောက်တန်းအမှားမရှိကစားပေးပြီး ရှေ့ မှာ အရေးကြီးတဲ့ပထမဂိုးသွင်းပေးတဲ့ အဲဗရာကို တချို့ က အမှတ်များဆုံးပေးသလို အဖျက်ခံရတာများပေမဲ့ ကွင်းကိုဘယ်ညာကစားပေးတဲ့ ပတ်ကျိဆန်ကိုလည်းရသင့်ကြောင်းသဘောထားကွဲနေပါတယ်။ ကျနော့်ဆန္ဒသက်သက်ကတော့ ညာဝန်းကနေ ဖြတ်တင်ဘော ၂ လုံးစလုံးမှာ ပါဝင်ပတ်သတ်ပြီး အကွက်ဆင်ပေးတဲ့ ရာဖာရဲကို အကောင်းဆုံးကစားသမားအဖြစ်မြင်မိပါတယ်။ ပွဲအပြည့်ကစားပေးနိုင်ပြီး လူကပ်တဲ့အမှားအချို့ ရှိပေမဲ့ ပိုပြီးတိုးတက်လာတယ်လို့ မြင်မိပါတယ်။

ရှေ့ ဆက်ပြီး ပထမနေရာယူနိုင်မလား

ဒီမေးခွန်းအတွက် နောက်ပွဲတွေကို ချဲဆီးနဲ့ ယှဉ် ကြည့်ရင်

ဘလက်ဘန်း (အိမ်ကွင်း) - ၂၇/၁၁
နယူးကာဆယ် (အဝေးကွင်း) - ၂၈/၁၁








ဘလက်ပူး (အဝေး) - ၄/၁၂
အဲဗာတန် (အိမ်ကွင်း) - ၄/၁၂








အာဆင်နယ် (အိမ်ကွင်း)- ၁၃/၁၂
တော့တင်ပာမ် (အဝေး) - ၁၂/၁၂








ချယ်ဆီး (အဝေး) -၁၉/၁၂
မန်ယူနိုက်တက် (အိမ်ကွင်း) - ၁၉/၁၂








ဆန်းဒါးလန်း (အိမ်ကွင်း) -၂၆/၁၂
အာဆင်နယ် (အဝေး) ၂၇/၁၂

ဆိုတော့ နောက် ၂ ပွဲအတွက် ၆ မှတ်မရနိုင်စရာမမြင်မိဘူး။ ဇယားထိပ်ကနေ ထိပ်တိုက်ရင်ဆိုင်ပွဲ မတိုင်ခင် စိတ်ဓါတ်စစ်ဆင်ရေး စဖို့ အခွင့်လမ်းကောင်းမို့ ဒီ ၆ မှတ်ကိုအပြည့်ယူဖို့ ဆက်လက်အားပေးကြပါစို့ ။


Filed Under: , , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply