ဝက်စ်ဟမ်း Vs မန်ယူ ကာလင်းဖလား ကွာတားဖိုင်နယ်

ကားလင်းဖလား မှတ်တမ်းစတင်ကျင်းပသည့်နှစ် - ၁၉၆၀ပါဝင်ယှဥိပြိုင်သည့် အသင်းအရေအတွက် - (၉၂)သင်းလက်ရှိချန်
Nov,30,2010 | View Post

အက်ဖ်အေပွဲစဉ် ၃ မန်ယူ နဲ့ လီဗာနဲ့ အိုးထရပ်ဖို့ မှာမဲကျ

အက်အေဖလားပွဲစဉ် ၃ ကိုမဲခွဲရွေးချယ်ရာမှာ မန်ယူနိုက်တက်အတွက် အိမ်ကွင်းမှာ လီဗာကိုလက်ခံကစားပေးရမှာဖြစ်
Nov,30,2010 | View Post

မန်ယူအသင်းအတွက် နတ်ဘုရားတို့ ဖန်ဆင်းပေးလိုက်တဲ့ ဂိုးသွင်းစက် နဂါးနီကြီး ပြန်လည်နိုးထလာခြင်း။ ။

27.11.2010 ( စနေနေ့ ) ည 9:30 မှာ ကစားခဲ့တဲ့ မန်ယူနဲ့ ဘလက်ဘန်းပွဲဟာ 7-1 နဲ့ မန်ယူအသင်း အနိုင်ရခဲ့ပြီ
Nov,28,2010 | View Post

Manchester United 7-1 Blackburn Rovers - EPL Highlights

Goal Crazy Berbatov Man Utd  7 Park (23), Berbatov (27, 47, 62, 70, 2), Nani (48) Blackbur
Nov,27,2010 | View Post

မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • မန်ယူနိုက်တက် ၂ - ၀ ဝီဂန

    ပာာနန်ဒက်စ် မန်ယူနိုက်တက်အတွက် ၇ ဂိုးမြောက်စနေနေ့ က မင်္ဂလာရှိသောနေ့ တနေ့ ပါ။ မှန်းထားတာတောင် ဒီလောက် ပြည့်စုံမယ်မထင်။ မှန်းတုန်းကတော့ မန်ယူအနိုင် အာကြီးအိမ်ကွင်းမို့ စပါးနဲ့ သရေ ချယ်ဆီးကိုလည်းနောက်တ

    Nov,22,2010 | View post

  • မန်ယူ ၀ - ၀ စီးတီး (အဝေး

    ဆာအဲလပ်စ် တခါက အထင်ကရပြောဖူးတဲ့ စကားရှိပါတယ်။ အီတလီလူမျိုးတစ်ယောက်က ပါစတာ ( Pasta ) လို့ ပြောရင် သေချာအောင် ဆော့စ် ( Sauce ) အောက်ကိုဖယ်ကြည့်ရမယ် လို့ ။ အခုလဲအဲ့လို ပါပဲ။ အီတာလီလျှံကြီး မန်စီးနီ ဒါဘီ

    Nov,11,2010 | View post

  • နာနီဂိုး နဲ သူတို့ အပြေ

    နာနီ ဂိုး (၈၁ မိနစ်)Justice is restored thanks to his idiocy of Gomesအရှုပ်အထွေး နာနီ့ ဂိုးပရှော်ဖက်ရှင်နယ် ဘောလုံး သမားတွေအတွက် ရှင်းရှင်းလေး ခရာမမှုတ်မချင်း ဆက်ကစား။ လူကျွံ့ ဘောခရာမှုတ်တာတောင် မကြားမိ

    Oct,31,2010 | View post

  • Highlights

  • Manchester United 7-1 Bl

    Goal Crazy Berbatov Man Utd  7 Park (23), Berbatov (27, 47, 62, 70, 2), Nani (48) Blackburn  1 Samba (83) 27 November 2010, Old Trafford Attendance: 74,850 HD Full Highlights Inte

    Nov,27,2010 | View post

  • မန်ယူနိုက်တက် ၃-၀ ဘလက်ဘန

    အိုထရပ်ဖို့ ဒ်၊ ၂၇ နိုဝင်ဘာလ ၂၀၁၀၊ ညနေ ၃း၀၀ နာရီဗာဘာတော့ဗ် (၁-၀)၂ မိနစ်နာနီရဲ့ ဘယ်ခြေနဲ့ ဘယ်ဝန်းကဖြတ်တင်ဘောကို ရွန်နီက ဖိန့် ပြီးချအပေး ၆ ကိုက်စည်းအတွင်း ညာခြေနဲ့ ကပ်ပြီးသွင်းယူ။ သွင်းချိန်ပွဲစပြီး ၂

    Nov,27,2010 | View post

  • Rangers 0-1 Manchester U

    Glasgow Rangers  0Man Utd  1  Rooney (86)   24 November 2010, Ibrox Attendance: TBC        Rooney 86′ (0-1

    Nov,24,2010 | View post

  • Premier League

  • မန်ယူအသင်းအတွက် နတ်ဘုရား

    27.11.2010 ( စနေနေ့ ) ည 9:30 မှာ ကစားခဲ့တဲ့ မန်ယူနဲ့ ဘလက်ဘန်းပွဲဟာ 7-1 နဲ့ မန်ယူအသင်း အနိုင်ရခဲ့ပြီး ဘာဘာတော့ ထိုညက သူရဲကောင်းဖြစ်ခဲ့ရပါတယ်။ တစ်ပွဲထဲ (၅) ဂိုးသွင်းနိုင်ခဲ့ပြီးပရီးမီးယားလိဂ် စတင်တဲ့ (

    Nov,28,2010 | View post

  • Manchester United 7-1 Bl

    Goal Crazy Berbatov Man Utd  7 Park (23), Berbatov (27, 47, 62, 70, 2), Nani (48) Blackburn  1 Samba (83) 27 November 2010, Old Trafford Attendance: 74,850 HD Full Highlights Inte

    Nov,27,2010 | View post

  • မန်ယူနိုက်တက် ၃-၀ ဘလက်ဘန

    အိုထရပ်ဖို့ ဒ်၊ ၂၇ နိုဝင်ဘာလ ၂၀၁၀၊ ညနေ ၃း၀၀ နာရီဗာဘာတော့ဗ် (၁-၀)၂ မိနစ်နာနီရဲ့ ဘယ်ခြေနဲ့ ဘယ်ဝန်းကဖြတ်တင်ဘောကို ရွန်နီက ဖိန့် ပြီးချအပေး ၆ ကိုက်စည်းအတွင်း ညာခြေနဲ့ ကပ်ပြီးသွင်းယူ။ သွင်းချိန်ပွဲစပြီး ၂

    Nov,27,2010 | View post

  • Match Preview

  • ၀က်စ်ဟမ်း Vs မန်ယူ ကာလင်

    ကားလင်းဖလား မှတ်တမ်းစတင်ကျင်းပသည့်နှစ် - ၁၉၆၀ပါဝင်ယှဥိပြိုင်သည့် အသင်းအရေအတွက် - (၉၂)သင်းလက်ရှိချန်ပီယံ - မန်ယူဗိုလ်လုပွဲသို့ အကြိမ်အများဆုံးရောက်ရှိသည့်အသင်း - လီဗာပူးလ်(၁၀)ကြိမ်ချန်ပီယံဆု အများဆုံး

    Nov,30,2010 | View post

  • မန်ယူနိုက်တက် vs ဝီဂန် (

    နောက်ထပ်အိမ်ကွင်းပွဲရောက်လို့ လာပါပြီ။ ပြီးခဲ့တဲ့ အဝေး ၂ ပွဲဖြစ်တဲ့ စီးတီးနဲ့ ဗီလာပွဲကို သရေကျပြီး ၆ မှတ်မှာ ၂ မှတ်သာယူနိုင်တဲ့အတွက် မကျေနပ်စရာတွေကအများသား။ ဒါပေမဲ့ အဆိုးထဲကအကောင်းထုတ်ပြီး ပြရရင် မနှ

    Nov,19,2010 | View post

  • အက်စတန်ဗီလာ Vs မန်ချက်စတ

    ဒီအပတ် 13.11.2010 စနေနေ့ ည 7:15 PM မှာ ဗီလာအသင်းရဲ့ အိမ်ကွင်း ဗီလာပတ်မှာ အက်စတန်ဗီလာ အသင်းနဲ့ မန်ချက်စတာယူနိုက်တက်တို့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) ရဲ့ အစောဆုံးပွဲကို စတင် ရင်ဆိုင်ကစားကြမှာ ဖြစ်ပါတယ်။

    Nov,11,2010 | View post

  • Champion League

  • Rangers 0-1 Manchester U

    Glasgow Rangers  0Man Utd  1  Rooney (86)   24 November 2010, Ibrox Attendance: TBC        Rooney 86′ (0-1

    Nov,24,2010 | View post

  • Bursaspor 0-3 Manchester

    SCORING SUMMARY Bursaspor 0 3 Manchester United Darren Fletcher (48) Gabriel Obertan (73) Bebé (77) MATCH STATS Bursaspor Manchester United Shots (on Goal) 15(6) 12(5) Fo

    Nov,02,2010 | View post

  • မန်ယူနိုက်တက် vs ဘာစက်စ်

    အုပ်စု C ၊ ၂ နိုဝင်ဘာ ၂၀၁၀၊ ညပိုင်း ၇း၄၅၊ Ataturk Stadium၂ ဖက်အသင်းရဲ့ အနေအထားဒီနေ့ ပွဲ အပြီးနိုင်ပွဲဖြစ်လို့ ရှိရင် အုပ်စုပွဲတက်ဖို့ ဖာဂီပြောထားတဲ့ လိုအပ်တဲ့ ၁၀ မှတ်ရပြီမို့ မန်ယူနိုက်တက်အဖို့ နောက်

    Nov,02,2010 | View post

  • Player News

  • မန်ယူအသင်းအတွက် နတ်ဘုရား

    27.11.2010 ( စနေနေ့ ) ည 9:30 မှာ ကစားခဲ့တဲ့ မန်ယူနဲ့ ဘလက်ဘန်းပွဲဟာ 7-1 နဲ့ မန်ယူအသင်း အနိုင်ရခဲ့ပြီး ဘာဘာတော့ ထိုညက သူရဲကောင်းဖြစ်ခဲ့ရပါတယ်။ တစ်ပွဲထဲ (၅) ဂိုးသွင်းနိုင်ခဲ့ပြီးပရီးမီးယားလိဂ် စတင်တဲ့ (

    Nov,28,2010 | View post

  • ပထမ ကစားသမား အဖြစ်ပါဝင်န

    မန်ချက်စတာယူနိုက်တက်အသင်း၏ တောင်ပံကစားသမား အိုဘာတန်သည် ယမန့်နေ့ညတွင် ကျင်းပသော ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့သောကြောင့် အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရနိုင်မည်ဟု မျှော်လင့်နေပါသည်။

    Nov,03,2010 | View post

  • ပြည့်တန်ဆာအဆင့်သို့ ဘဝကူ

    ဝေဖန်ကောက်နှုတ်ချက်တွေ မစခင် ဝိန်းရွန်နီရဲ့ ထုတ်ပြန်ချက်ကို အရင်နားထောင်ကြည့်ပါဦး။ သူပြောတာက -“ကျနော် ဒေးဗစ်ဂေလ် နဲ့ ပြီးခဲ့တဲ့ အပတ်တုန်းက တွေ့ ဆုံခဲ့ပါတယ်။သူက ကျနော်လိုချင်တဲ့ အသင်းအနာဂတ်ရဲ့ သေချာ

    Oct,21,2010 | View post

  • Man U News

  • ၀က်စ်ဟမ်း Vs မန်ယူ ကာလင်

    ကားလင်းဖလား မှတ်တမ်းစတင်ကျင်းပသည့်နှစ် - ၁၉၆၀ပါဝင်ယှဥိပြိုင်သည့် အသင်းအရေအတွက် - (၉၂)သင်းလက်ရှိချန်ပီယံ - မန်ယူဗိုလ်လုပွဲသို့ အကြိမ်အများဆုံးရောက်ရှိသည့်အသင်း - လီဗာပူးလ်(၁၀)ကြိမ်ချန်ပီယံဆု အများဆုံး

    Nov,30,2010 | View post

  • အက်ဖ်အေပွဲစဉ် ၃ မန်ယူ နဲ

    အက်အေဖလားပွဲစဉ် ၃ ကိုမဲခွဲရွေးချယ်ရာမှာ မန်ယူနိုက်တက်အတွက် အိမ်ကွင်းမှာ လီဗာကိုလက်ခံကစားပေးရမှာဖြစ်ပါတယ်။ ပွဲကျင်းပမဲ့ရက်က ၂၀၁၁ ဇန်နဝါရီလ ၈ ရက် သို့ မပာုတ် ၉ ရက် ဖြစ်မယ်လို့ ဆိုပါတယ်။ လီဗာနဲ့ မန်ယူနိ

    Nov,30,2010 | View post

  • မန်ယူအသင်းအတွက် နတ်ဘုရား

    27.11.2010 ( စနေနေ့ ) ည 9:30 မှာ ကစားခဲ့တဲ့ မန်ယူနဲ့ ဘလက်ဘန်းပွဲဟာ 7-1 နဲ့ မန်ယူအသင်း အနိုင်ရခဲ့ပြီး ဘာဘာတော့ ထိုညက သူရဲကောင်းဖြစ်ခဲ့ရပါတယ်။ တစ်ပွဲထဲ (၅) ဂိုးသွင်းနိုင်ခဲ့ပြီးပရီးမီးယားလိဂ် စတင်တဲ့ (

    Nov,28,2010 | View post

  • Transfer News

  • ဒိန်းမတ်ဂိုးသမား အန်ဒါ လ

    ပြီးခဲ့တဲ့ လပိုင်းအနည်းအငယ်အတွင်းမန်ယူကို ပြောင်းရွှေ့ ဖို့ သတင်းထွက်နေတဲ့ နော်ဝေးကလပ်ဖြစ်တAalesunds FK က ဒိန်းမတ်ဂိုးသမား လင်းဒီဂုဒ် မန်ယူအသင်းသို့ တရားဝင်ပြောင်းရွှေ့ ကြောင်း မန်ယူဝဖ်ဆိုဒ်ကနေ ဖော်ပြ

    Nov,27,2010 | View post

  • ရွန်နီ ရီရဲ (အဲ)စီးတီးသိ

    သိပ်ပြီးအံသြသွားလား ? မန်ယူဖန်ဆိုမအံ့သြပါနဲ့ ဗျာ။ သတင်းစာတွေထပ်ကာတလဲလဲ ပြောပြပြီးပြီလေဗျာ.. ဝိန်းရူနီ တစ်ယောက်ဖာဂီက ဂွင်ဆင်ပြီးဖုံးထားတဲ့ ခြေကျင်းဝတ်ဒဏ်ရာဆိုတာ ပြီးခဲ့တဲ့ ၂ လအတွက်လုံးဝမရှိပါလို့ အင်္ဂ

    Oct,18,2010 | View post

  • နောက်လအတွင်း ဆန္ဒပြဖို့ တ

    နောက်လအတွင်း ဆန္ဒပြဖို့ တာစူအမြတ်သန်း၁၀၀နဲ့ အရှုံးသန်း၈၀ကြောင့်ပြန်လည်အသက်ဝင်လာမဲ့ ဂလေဇာဆန့် ကျင့်ရေး Green & Gold လှုပ်ရှားမှု့ ကိုနောက်လအတွင်းမှာ အကြီးကျယ်ဆုံးဖော်ဆောင်လိမ့်မယ်လို့ ဆိုပါတယ်။ ၃၀ရက်ေ

    Oct,14,2010 | View post

  • Interview

  • ရွန်နီ အင်တာဗျူး (ဗီဒီယိ

    ရွန်နီ နောက်ဆုံး MUTV နဲ့ အင်တာဗျူး ဗီဒီယိုဖိုင်ပါ။ မန်ယူဖန်တွေရဲ့ တုံ့ ပြန်မှု့ ကို ဝီဂန်ပွဲမတိုင်ခင် စိုးရိမ်မိပေမဲ့ တကယ်ကြုံရတဲ့အခါ ကျေနပ်ဝမ်းသာမိတယ်လို့ ဆိုပါတယ်။ စာချုပ်အသစ်က မီဒီယာတွေပြောသလို ရေ

    Nov,23,2010 | View post

  • မန်ယူ ၀ - ၀ စီးတီး (အဝေး

    ဆာအဲလပ်စ် တခါက အထင်ကရပြောဖူးတဲ့ စကားရှိပါတယ်။ အီတလီလူမျိုးတစ်ယောက်က ပါစတာ ( Pasta ) လို့ ပြောရင် သေချာအောင် ဆော့စ် ( Sauce ) အောက်ကိုဖယ်ကြည့်ရမယ် လို့ ။ အခုလဲအဲ့လို ပါပဲ။ အီတာလီလျှံကြီး မန်စီးနီ ဒါဘီ

    Nov,11,2010 | View post

  • ပထမ ကစားသမား အဖြစ်ပါဝင်န

    မန်ချက်စတာယူနိုက်တက်အသင်း၏ တောင်ပံကစားသမား အိုဘာတန်သည် ယမန့်နေ့ညတွင် ကျင်းပသော ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့သောကြောင့် အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရနိုင်မည်ဟု မျှော်လင့်နေပါသည်။

    Nov,03,2010 | View post

  • Manchester United Club History

  • Manchester United Club H

    Honours: ပုံကိုနှိပ်၍ အကြီးချဲ့ကြည့်နိုင်ပါသည်..။ Division Two Champions (2): 1936, 1975 Division One Champions (7): 1908, 1911, 1952, 1956, 1957, 1965, 1967 Premiership (11): 1993, 1994, 1996,

    Aug,20,2010 | View post

  • ကျွန်တော်တို့ရဲ့မန်ယူ

    ကျွန်တော်တို့ရဲ့မန်ယူ ကျွန်တော်တို့မန်ယူအသင်းဟာ တခြားအသင်းတွေနဲ့ယှဉ်ရင် ဂုဏ်ငယ်စရာမရှိပါဘူး.. EPL မှာဆိုလည်း အမှတ်ပေးပြိုင်ပွဲမှာ Liverpool အသင်းပြီးရင် ဒုတိယချန်ပီယံအဖြစ်အများဆုံးအသင်းပါ.. ဒါတောင်

    Jun,23,2008 | View post

  • သရဲနီတို. ဖြတ်သန်းမှု မှတ

    ကျနော်တို.သရဲနီ တပ်ဖွဲ.ရဲ. ဖြစ်တည်မှု သမိုင်းမှတ်တမ်း လေးပါ ..။သရဲနီကို ချစ်တဲ.ပရိတ်သတ် အပေါင်း အသင်း တွေအတွက် ဝေမျှ လိုက်ပါတယ် ခင်ဗျာMANCHESTER UNITED1902 Newton Heath changed name1905-06 Football Le

    May,29,2008 | View post

  • Feature

  • ၀က်စ်ဟမ်း Vs မန်ယူ ကာလင်

    ကားလင်းဖလား မှတ်တမ်းစတင်ကျင်းပသည့်နှစ် - ၁၉၆၀ပါဝင်ယှဥိပြိုင်သည့် အသင်းအရေအတွက် - (၉၂)သင်းလက်ရှိချန်ပီယံ - မန်ယူဗိုလ်လုပွဲသို့ အကြိမ်အများဆုံးရောက်ရှိသည့်အသင်း - လီဗာပူးလ်(၁၀)ကြိမ်ချန်ပီယံဆု အများဆုံး

    Nov,30,2010 | View post

  • အက်ဖ်အေပွဲစဉ် ၃ မန်ယူ နဲ

    အက်အေဖလားပွဲစဉ် ၃ ကိုမဲခွဲရွေးချယ်ရာမှာ မန်ယူနိုက်တက်အတွက် အိမ်ကွင်းမှာ လီဗာကိုလက်ခံကစားပေးရမှာဖြစ်ပါတယ်။ ပွဲကျင်းပမဲ့ရက်က ၂၀၁၁ ဇန်နဝါရီလ ၈ ရက် သို့ မပာုတ် ၉ ရက် ဖြစ်မယ်လို့ ဆိုပါတယ်။ လီဗာနဲ့ မန်ယူနိ

    Nov,30,2010 | View post

  • မန်ယူအသင်းအတွက် နတ်ဘုရား

    27.11.2010 ( စနေနေ့ ) ည 9:30 မှာ ကစားခဲ့တဲ့ မန်ယူနဲ့ ဘလက်ဘန်းပွဲဟာ 7-1 နဲ့ မန်ယူအသင်း အနိုင်ရခဲ့ပြီး ဘာဘာတော့ ထိုညက သူရဲကောင်းဖြစ်ခဲ့ရပါတယ်။ တစ်ပွဲထဲ (၅) ဂိုးသွင်းနိုင်ခဲ့ပြီးပရီးမီးယားလိဂ် စတင်တဲ့ (

    Nov,28,2010 | View post

မန်ယူ ဘာတွေလိုအပ်နေသလဲ (အပိုင်း-၂)




ဒီတခါတော့ ကျနော် မန်ယူရဲ့ နောက်တန်းလူတွေနဲ့ သူတို့ ကစားလေ့ရှိတဲ့သူတို့ရဲ့ ကစားဟန်၊ ကစားကွက် လေးတွေကို တင်ပြချင်ပါတယ်။ ကျနော်တင်ပြမယ့် လူတွေကလဲ အခုလောလောဆယ် မန်ယူမှာ ကစားနေတဲ့ လက်ရှိနောက်တန်းသမားတွေကိုပဲ တင်ပြသွားမှာ။ မန်ယူပရိသတ် တော်တော်များများကို ကျနော်မေးခွန်းမေးကြည့်ပါတယ်။ မန်ယူဘာတွေလိုအပ်နေသလဲ မန်ယူရဲ့ လက်ရှိလိုအပ်ချက်က ဘာလဲ အဲဒီလိုမေးတဲ့အခါ အားလုံးကတော့ မန်ယူလိုအပ်နေတာ နောက်တန်းလို့ ပြောကြပါတယ်။ မန်ယူဟာ နောက်တန်းမကောင်းလို လက်ရှိရလဒ်မကောင်းတာလို့ ခင်ဗျားတို့ကော ယူဆပါသလား။ကျနော်လဲ မန်ယူနောက်တန်းညံ့နေတယ်လို့ ထင်တယ်ဗျ။ ဒီတော့ ကျနော့်ရဲ့ မန်ယူနောက်တန်းနဲ့ပတ်သက်လို့ တင်ပြ တာလေးကိုလဲ အားပေးကြပါအုံး။ တစ်ယောက်ချင်းတင်ပြသွားပါမယ်။
ဂယ်ရီနဖီးလ်
သူကတော့ မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင်တစ်ယောက်ပါ။ မန်ယူနည်းပြကြီးဖာဂူဆန်မွေးထုပ် ပေးလို့ နာမည်ကျော်လာတဲ့ မန်ယူလူငယ်ခေတ်ကို ထင်ပေါ်လာစေတဲ့ မန်ယူရဲ့ ငယ်မွေးခြံပေါက် ကစားသမား တစ်ယောက်ပါ့။ ဂယ်ရီဟာ ကျနော်မန်ယူအသင်းကို စတင်အားပေးတဲ့အချိန်က သဘောကျတဲ့ နောက်တန်း ကစားသမားတယောက်ပါ။ နောက်ခံလူတယောက်ဖြစ်ပေမယ့် မန်ယူရဲ့ ညာဝင်းကနေ အတက် အဆင်း ပြုလုပ်ကာ တိုက်စစ်ပါကူညီကစားနိုင်တဲ့ နောက်တန်းကစားသမားတယောက်ပါ။ ဂယ်ရီ ငယ်တုန်းကဆိုရင် သူရဲ့ညာဝင်းကစားဖော် အလယ်တန်းဘောလုံးသမားဒေးဗစ်ဘက်ဟမ်းနဲ့ အလွန်လိုက်ဖက်ညီစွာ ကစားနိုင် တာကို တွေ့ရပါတယ်။ ငယ်တုန်းကတော့ ဘောလုံးကို လျှင်လျှင်မြန်မြန်နဲ့ အတက်အဆင်း မှန်မှန် ကစားနိုင်တာ ပေါ့။
အခုတော့ အိုသွားပီလို့ပဲပြောရမလိုဖြစ်နေပီ။ တက်အဆင်းလဲမမှန်တော့။ ဖြတ်တင်ဘောတွေလဲ အလုပ်မဖြစ်တော့။ အခုနောက်ပိုင်း မန်ယူလိုင်းအပ်ထဲမှာ ဂယ်ရီနဖီးလ် ဆိုတဲ့ နာမည်ပါလာရင်ကို စိတ်ပျက်မိတယ်ဗျာ။တချိန်ကလေးစားအားကျခဲ့တဲ့ သူ့ရဲ့ခြွေမ်းတွေ ဘယ်ရောက်ကုန်မှန်း မသိတော့ဘူး။ ဘောလုံးကန်ပါတယ်ဆို တဖက်ဘောလုံးသမားကို ဘောလုံးဆွဲသယ်ယူလာခွင့်ပေးတယ်။ ပီးတော့ဗျာ ထုပ်ဆီးထိုးတမ်း ကစားနေသလား အောက်မေ့ရတယ်။ ပင်နယ်တီစည်းထဲမှာ ဖျက်လိုက်မိလို့ ပင်နယ်တီ ပေးခံရမှာလဲ ခပ်လန့်လန့်ကြည့်နေရတယ်။ အခုတော့ သူ့ကို နည်းပြကြီးကလဲ သိပ်မသုံးတော့ပါဘူးဗျာ။ အိုပယ်စာရင်းထဲမှာ ဂယ်ရီနဖီးလ်လဲ ပါဝင်သွားပီ ထင်ပါရဲ့။ မန်ယူကို အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ သူ့ရဲ့ ခြေစွမ်းကိုတော့ သူ့ကို ကြည့်ခဲ့ဖူးတဲ့ သူတိုင်းက သတိရနေမိမယ်ထင်ပါတယ်။
ရားဖေးလ်
ဒီကောင်လေးကတော့ မန်ယူရောက်တာမကြာသေးပါဘူး။ ဒီကောင်လေးနဲ့အတူ သူ့ရဲ့အမွှာညီလဲ အတူတူပဲ မန်ယူရောက်လာတယ်ဗျ။ သူကတော့ မန်ယူအသင်းရဲ့ ညာနောက်ခံလူနေရာမှာကစားပါတယ်။ ဒီကောင်လေးကစားတာ မဆိုးဘူးဗျ။ လူကသာငယ်တာ ကစားပုံကတော့ ရဲရင့်တယ်ဗျာ။သွက်တယ်။ သူရဲ့ကစားပုံကို ဘယ်မှာ ပိုကြိုက်သလဲဆိုတော့ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ကွားတာမှာကန်တော့ ဘိုင်ယန်ရဲ့ နာမည်ကြီးကစားသမား ရီဘာရီကို ထိန်းကစားတာ တော်တော်သဘောကျတယ်ဗျာ။ ပထမကျော့တုန်းက ရီဘာရီကို ဂယ်ရီနဖီးလ်ထိန်းတာ ဘယ်လိုမှ မထိန်းနိုင်ဘူးဗျာ။
ဟော....ဒုတိယအကျော့လဲရောက်ရောနည်းပြကြီးက ဒီကောင်လေးကို ထိန်းခိုင်းတယ်။ ကျနော်တို့က တော့ ရင်တမမနဲ့ပေါ့။ ဒါပေမယ့် ကျနော်တို့ထင်တာနဲ့ တခြားစီဗျာ။ ရီဘာရီမှာတော့ ဒီကောင်လေး ကို ဘယ်လိုမှမကျော်နိုင်လို့ ဒုက္ခတွေရောက်နေတာ အခုချိန်ထိ မျက်စိထဲ မြင်ယောင်နေမိတယ်။ နောက်ဆုံး တော့ နာမည်ကြီးကစားသမားက ညစ်ပတ်တာကို ဒီကောင်လေး ခံလိုက် ရတယ်။ ရီဘာရီကိုဆွဲတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့်လဲ ဒုတိယအ၀ါပြဖို့ အတွက်မထိုက်တန်ပါဘူး။ ရီဘာရီရဲ့ ဖိအားတွေမှာ ဒိုင်လူကြီးက မခံနိုင်တော့ ဒီကောင်လေးနီသွားတယ်။ ဒီကောင်လေးသာ မနီဘူးဆိုရင် ချန်ပီယံဖလားဟာ မန်ယူအတွက် ကလွဲလို့ဘယ်သူမှမရနိုင်ဘူးလို့ ထင်ပါတယ်။ ဒီကောင်လေးကို ဖာဂူဆန်အနေနဲ့ အမြဲတမ်း သုံးသင့်တယ်လို့ ကျနော်ထင်တယ်ဗျ။ တခါတရံမှာ ဒိကောင်လေးက ဂိုးတွေတောင်သွင်းလို့ဗျ။ တချိန်မှာတော့ မန်ယူအသင်းရဲ့ ညာဝင်းမှာ ခြေစွမ်းထက်လာမယ့် ကစားသမားလေးလို့ ထင်မိပါတယ်ဗျာ။
ရီယိုဖာဒီနန်
သူကတော့ မန်ယူရဲ့ အမာခံ အုတ်တံတိုင်းကြီးပေါ့။ သူ့ကိုဈေးကြီးကြီးပေးဝယ်ခဲ့ရသလို စွမ်းရည်ကလဲ မြင့်တယ်ဗျာ။ နောက်တန်းလူတွေထဲမှာတော့ ကမ္ဘာ့အဆင့်မှီတဲ့ နောက်တန်းဘောလုံးသမားပါ။ အမြင့်ဘောတွေရှင်းထုပ်ရာမှာ အရပ်ရှည်တဲ့အတွက် တစ်ဖက်တိုက်စစ်မှုး ကျော်ဖြတ်ရခက်တဲ့တစ်ယောက်ပေါ့။ ကိုယ်ရေးကိုယ်တာပြသနာတွေနဲ့ နည်းပြဖာဂူဆန်ကသူ့ကိုဝေဖန်ခဲ့တဲ့ မန်ယူရဲ့အုတ်တံတိုင်းကြီး ဂျက်စတမ်းရဲ့ နေရာကို အမွေဆက်ခံတဲ့သူပါ။ ဂျက်စတမ်းကို ဖာဂူဆန်က ကန်ထုပ်လိုက်တော့ ဂျက်စတမ်းနေရာမှာ အစားထိုးလို့ ရမယ့်သူ မရှိနိုင်ဘူးလို့ မန်ယူပရိသတ်တွေ ထင်နေရပေမယ့် တကယ်လက်တွေ့မှာတော့ ဖာဒီနန်လုပ်ပြနိုင်ခဲ့ပါတယ်။ တခါတလေမှာတော့ ပေါ့ဆဆနဲ့ ကစားတတ်လို့ ပရိသတ်က သူ့ကို ဖာဒီကြောင်လို့လဲ ချစ်စနိုးနဲ့ ခေါ်ကြပါတယ်။ အရင်တလောက ဖာဒီနန်ဒဏ်ရာ ပြသနာတွေရှိနေလို့ မန်ယူရဲ့နောက်တန်း ယိုယွင်းနေရတယ်လို့ ကျနော်ထင်ပါတယ်။ သူနဲ့ အတွဲမိမိကစားတဲ့ ဗီဒစ်ကလဲ တခြားနောက်ခံလူတွေနဲ့ သိပ်မတွဲမိလို့ ဒီလိုနောက်တန်းပေါက်တဲ့ ပြသနာ ကြုံတွေ့ရတယ်လို့လဲ ထင်ပါတယ်။ အခုတော့ မန်ယူဖန်တွေအတွက် ၀မ်းသာစရာ သတင်းပါ။ ဖာဒီနန်ဒဏ်ရာကနေ ပြန်လာပီး မန်ယူအတွက် ပေးဆပ် ကစားနိုင်နေပါပီ။ မန်ယူရဲ့ အမာခံအုတ်တံတိုင်းကြီးဖာရီနန်ကို မန်ယူပရိသတ် တော်တော်များများ သူ့ရဲ့စွမ်းရည်တွေကို သိလိမ့်မယ်လို့ ထင်ပါတယ်။
ဝစ်ဘရောင်း
သူ့ကိုတော့ ပရိသတ်က ချစ်စနိုးနဲ့ အိုဂျီဘရောင်းလို့ ခေါ်ကြလေရဲ့။ အိုဂျီခဏခဏသွင်းတတ်လို့ပေါ့။ ဒါတွေက အရင်ကပါ။ အခုတော့ အိုဂျီမသွင်းတော့ပါဘူး။ ရင့်လဲရင့်ကျက်လာပီ ထင်ပါရဲ့။ ကစားတဲ့ပွဲစဉ်တွေလဲ သိပ်မပါပါဘူး။ ဒါပေမယ့် သူကမန်ယူလူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ နောက်တန်းကစား တယောက်ပါ။ သူ့ကိုလဲ သိပ်အထင်သေးလို့မရပါဘူး။ မန်ယူနဲ့အတူ ဖလားမျိုးစုံ ရဖူးတဲ့သူတစ်ယောက်ပါ။ ချန်ပီလိဂ်ဖလားတောင် ၂ကြိမ်ရဖူးနေပါပီ။ ဖာဒီနန်ဒဏ်ရာရနေတဲ့အချိန်တွေမှာ အစားထိုးကစားပေးနိုင်တဲ့ အရံကစားသမားတယောက်ပါ။ အဓိကကစားသမားတွေ အနားပေးချင်တဲ့အချိန်မှာ သူဟာ တကယ့်အစွမ်းအစ မသေးတဲ့ နောက်တန်းသမားတစ်ယောက်ပါပဲ။ တခါတရံမှာတော့ သူရဲ့ဘောလုံးဖျက်ထုပ်မှု တွေဟာနဲနဲတော့ အန္တရာယ်ရှိတယ်လို့ ထင်ပါတယ်။ ပြစ်ဒဏ်ဘောတွေ ဖြစ်သွားနိုင်တာကိုဆိုလိုတာပါ။ သူပါလာရင်တော့ ပင်နယ်တီအပေးခံရမှာ ကြောက်မိပါတယ်။ ကျန်တဲ့အပိုင်းမှာတော့ သူရဲ့ကစားပုံဟာ မဆိုးပါဘူး။
ဂျွန်အိုးရှေး
အရပ်ရှည်ရှည် မျက်နှာကြည့်လိုက်ရင်တော့ မိတ်ကပ်လိမ်းထားသလားအောက်မေ့ရတဲ့ စွယ်စုံရ ဘောလုံးသမားတယောက်ပါ။ အရင်က အလယ်တန်းမှာ ကစားတာများပေမယ့် နောက်တန်းသမားတွေ ဒဏ်ရာပြသနာတွေကြောင့် နောက်တန်းမှာ ဘောလုံးကစားတာကို အများဆုံးတွေ့နေရပါတယ်။ လိုအပ် နေတဲ့အချိန်မှာဆို ဂိုးပါဖမ်းတတ်တော့ သူ့ကို ပရိသတ်က ရင်းနှီးနေပါတယ်။ နေရာစုံက ကစားတတ်တဲ့ ကစား သမားတစ်ဦးပါ။ ဘယ်ညာ၂မျိုးစလုံးရတဲ့ ကစားသမား။ သူ့လိုကစားသမားမျိုးက တော်တော်လေးကိုရှားပါတယ်။ ဒါပေမယ့် အကောင်းဆုံးလားဆိုတော့ မဟုတ်ပြန်ပါဘူး။ အသင့်တင့် စွယ်စုံရဘောလုံးသမားပါ။
နီမန်ဂျာဗီဒစ်
ကမ္ဘာ့အကောင်းဆုံးနောက်တန်းကစားသမား စားရင်ဝင်တစ်ယောက်ပါ။ ၀င်တယ်၊တိုးတယ်၊ဖျက်တယ်၊ ကြမ်းတယ်၊ လိုအပ်ရင် ကော်နာဘောတွေကနေ ခေါင်းတိုက်ဂိုးသွင်းတတ်ပါတယ်။ ဆုံးဖြတ်ချက်လဲ မှန်ကန်စွာ ဆုံးဖြတ်တတ်ပါတယ်။ တဖက်အသင်း ဂိုးရနိုင်မယ့်ဘောလုံးတွေကို အ၀ါကဒ်နဲ့လဲသင့်တယ်ထင်ရင်လဲ လဲဖို့ဝန်မလေးတဲ့ကစားသမားပါ။ ဖာဒီနန်နဲ့တွဲဖက်ညီစွာ ကစားပီး ကမ္ဘာမှာ ဂိုးမပေးရတဲ့အကြာဆုံးအချိန် စံချိန်ကိုတင်ထားနိုင်ခဲ့တဲ့ ဘောလုံးသမားပါ။ မန်ယူအသင်း ဂိုးရဖို့ ခက်ခဲနေတဲ့ အချိန်မှာ ကျနော်ကတော့ မန်ယူကော်နာဘော ရပါစေ၊ဗီဒစ်ခေါင်းတိုက်ဂိုးသွင်းပါစေ၊ ဒီလိုပဲ ကျနော်မျှော်လင့်မိပါတယ်။ ဗီဒစ်သာနောက်ခံလူ စာရင်းမှာ ပါတယ်ဆိုတာနဲ့ ၅၀% စိတ်ချရပါတယ်။ တဖက်အသင်းအားပေးတဲ့ ပရိသတ် တွေအနေနဲ့ ဗီဒစ်ဟာ ဖျက်ထုပ်မှုတွေ ကြမ်းတမ်းဆိုပေမယ့် မန်ယူဖန်တွေအတွက်ကတော့ ဗီဒစ်ဟာ မရှိမဖြစ် နောက်ခံအုတ်တံတိုင်းပါ။
ဂျွန်နီအီဗန်
အရင်ကတော့ မန်ယူပွဲစဉ်တွေမှာ သူ့ကိုသုံးလေ့မရှိပါဘူး။ ကားလင်းဖလားတို့ အက်ဖ်အေဖလားတို့မှာ တော့ သုံးပါတယ်။ ဖာဒီနန်ဒဏ်ရာ ရသွားချိန်မှာ ဖာဂူဆန်က သူ့ကို မန်ယူအသင်းကြီးကို ခေါ်ကန်ပါတယ်။ ခြေစွမ်းပိုင်း အနေနဲ့ ပြောစရာမရှိသော်လည်း နည်းစနစ်ပိုင်း အတွေ့အကြုံပိုင်းတွေမှာ အားနည်းနေသေးတာကို တွေ့ရပါတယ်။ ဗီဒစ်နဲ့ တွဲကစားတဲ့အခါ နားလည်မှုလေးတွေလွဲနေတာကိုလဲ တွေ့ရပါတယ်။ ဒါကလဲ အသက်အရွယ် ငယ်သေးတာက တစ်ကြောင်း ပွဲအတွေ့အကြုံနည်းတာကတစ်ကြောင်းကြောင့်ပါ။ တခုပြောစရာရှိတာက ဗီဒစ်က သူရဲ့ပုံမှန်ကစားတဲ့နေရာမဟုတ်ပဲ ဖာဒီနန်နေရာ ၀င်ကစားတာဖြစ်တဲ့အတွက် နားလည်မှုလွဲနေတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြောရမယ်ဆိုရင် ဗီဒစ်နဲ့သူဟာ ကစားတဲ့နေရာတူနေလို့ပါ။ ဗီဒစ်ကို အနားပေးချင်တဲ့အခါမှာ ဒီကောင်လေးကိုသုံးမယ်ဆိုရင် အဆင်ပြေမယ်လို့ ထင်ပါတယ်။ အခုတော့ ဖာဒီနန်လဲ ဒဏ်ရာကနေ ပြန်လည်သက်သာလာပီဆိုတော့ သူလည်းအရံပဲဖြစ်သွားတော့မယ်ထင်ပါတယ်။
ပက်ထရစ်အီဗရာ
သူကတော့ မန်ယူအသင်းကနေ ထွက်ခွါသွားတဲ့ ပြင်သစ်သားဘယ်နောက်ခံကစားသမား ဆီဗစ်စတြာရဲ့နေရာကို အစားထိုးခေါ်ယူထားတဲ့ ပြင်သစ်သား တယောက်ပါပဲ။ ဟိုတလောက မဂ`ဇင်းတစ်ခု ကနေ ရွေးချယ်တဲ့ ပရီးမီးယားလိဂ်ထာဝရ အကောင်းဆုံး ၁၁ယောက်ထဲမှာ ပါဝင်ထားတဲ့ နောက်ခံလူ တစ်ယောက်ပါ။ သူဟာအင်္ဂလန်လက်ရွေးစင် ဘယ်နောက်ခံလူ အက်ရှလေကိုးလ်ကိုကျော်ဖြတ်ပီး အရွေးခံရတာပါ။ အတက်အဆင်းနဲ့ တိုက်စစ်ပါလိုက်ကူကစားနိုင်တဲ့ နောက်တန်းကစားသမားပါ။ သူ့ကိုကျနော် သဘောမကျတာ တစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ တိုက်စစ်ကိုကူတဲ့အခါ ဖြတ်တင်ဘော မပို့တတ်တာပါပဲ။ နောက်တန်းသမားတယောက်အတွက် မလိုအပ်ဘူးလို့ ထင်ရပေမယ့် ဖြတ်တင်ဘောတွေ တိတိကျကျ ပို့တတ်မယ်ဆိုရင် ပိုပြည့်စုံသွားမယ်လို့ထင်ပါတယ်။ အခုအချိန်မှာ အီဗရာဟာ မန်ယူအတွက် မရှိမဖြစ်ဘယ်နောက်ခံကစားသမားတစ်ယောက်ပါ။
နောက်ခံကစားသမားတွေဖြစ်တဲ့ ဒီနှစ်မှ ဖူဟမ်အသင်းကနေ ၀ယ်ယူထားတဲ့ ခရစ္စမောလင်း၊ ရားဖေးလ်ရဲ့ညီ ဘယ်နောက်ခံလူ ဆေးလ်ဗား သူတို့အကြောင်းကိုတော့ မရေးတော့ပါဘူး။အဲဒီ၂ယောက်က ပွဲကစားရတာလဲ နည်းနေသေးလို့ပါ။ နောက် ပိုစ့်လဲ ရှည်သွားလို့ပါ။
မန်ယူနောက်တန်း ကစားကွက်ကို ဘယ်လိုကစားစေမလဲ
အခုကျနော် တင်ပြချင်တာကမန်ယူနောက်တန်းရဲ့ ကစားကွက်ပါ။ ဒါကလဲ ကျနော့်ရဲ့ ထင်မြင်တဲ့ ယူဆချက်တမျိုးထဲကိုပဲ တင်ပြပါရစေ.။ ပရိသတ်တွေအနေနဲ့ အကြံပြုတဲ့ မန်ယူနောက်တန်းကစားတဲ့ ပုံစံကို ကွန်မန့်ကနေ အကြံ့ပုပေးကြပါအုံးလို့ တောင်းဆိုပါရစေ။
ကျနော်ကတော့ မန်ယူနောက်တန်း ညာဝန်းမှာ ရာဖေးကို ထားချင်ပါတယ်။ ဂယ်ရီက အတွေ့အကြုံ ရှိပေမယ့် ကစားအားကျသွားပီလို့ ထင်လို့ပါ။ ရာဖေးက အတက်အဆင်းလဲကောင်း သက်လုံလဲကောင်းလို့ ရွေးလိုက်တာပါ။ အလယ်နောက်ခံလူ ၂ဦးကတော့ ဖာဒီနန်နဲ့ ဗီဒစ်ပဲ တွဲပီးထုပ်ချင်ပါတယ်။ သူတို့က တစ်ဦးအထာတစ်ဦးက သိနေကြပါတယ်။ တကယ်လို့ အနားပေးချင်တယ်ဆိုရင် ဖာဒီနန်နေရာမှာ အိုရှေး၊ဗီဒစ်နေရာမှာ အီဗန် ဒီ၂ဦးကို လူစားလဲစေချင်ပါတယ်။ နောက်တန်းညာအစွန်လူကတော့ အီဗရာပေါ့ဗျာ။ တကယ်လို့ လူစားမယ်ဆိုရင်တော့ ဆေးလ်ဗားလေးကို လဲချင်ပါတယ်။ ဒါက ကျနော် ဖြစ်စေချင်တဲ့ မန်ယူရဲ့ နောက်တန်း အထိုင်လေးပါ။ နောက်တန်းအကြောင်းပြောတာလဲ ရှည်သွားပီဗျာ။ သီးခံဖတ်ပေးတာ ကျေးဇူးအထူးတင်ပါတယ်။ ဝေဖန်အကြံလဲ ပြုပေးပါလို့ တောင်းဆိုချင်ပါတယ်။
နောက်ထပ် မန်ယူရဲ့ အလယ်တန်း အကြောင်းလဲ ကျိုးစားတင်ဆက်သွားပါအုံးမယ်။

Filed Under: , , , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

1 comment

Trackback URL | Comments RSS Feed


  1. ကောင်းတယ်ဗျာ တစ်ယောက်ချင်း ရေးပေးထားတာ.. မန်ယူနောက်တန်း ပွဲထွက် ၄ ယောက်တော့ ရာဖေး ရီရို ဗစ်ဒစ်နဲ့ အဲဗရာဖြစ်စေချင်တယ်.. ရီရို ရဲ့ Interception ကောင်းတာနဲ့ ဗလန်စီယာပွဲလို နောက်တန်း ဘယ်သူဘယ်နေရာနေဆိုပြီး command ပေးတာမျိုးလိုတယ်.. ရာဖေးဆို ပြီးခဲ့တဲ့နှစ်အေစီနဲ့ ပွဲ ဘိုင်ယန်နဲ့ ပွဲကောင်းသလို အခုဗလန်စီယာနဲ့ လည်း စိတ်ချရလို့ ပွဲထွက်ဖြစ်သင့်နေပြီ.. ဖာဘီရိုလိုအဝေးကြီးမပာုတ်ပါဘူး.. ကွန်မြူနတီပွဲတုန်းက ကာလူးကို ကပ်ထားတာလှုပ်တောင်မလှုပ်နိုင်ဘူး.. တိုင်စစ်ပိုင်းလဲစိတ်ချရပြီး သူ့ ဆီက ကရော့စ်ဘောတွေ ကောင်းတယ်.. ဘရာဇီးလူငယ်အသင်းမှာ ဘယ်ဝန်းကနေ ကစားလို့ မန်ယူမှာလည်း မြင်ရဖို့ အဲ့နေရာမှာ ကစားပေးနိုင်လိမ့်မယ်..အီဗန်လည်း ကိုလွမ်းဆိုသလို ရီရိုလို ပွဲထိန်းကောင်းတဲ့သူနဲ့ အများကြီးပိုကောင်းပါလိမ့်မယ်..သူလည်းငယ်သေးတဲ့အပြင်တခါမှားမိရင် စိတ်မငြိမ်တတ်လို့ နဲ့ တူရဲ့..

    စမော်လင်းကို တွေ့ စ..အင်္ဂလန်ပွဲ နဲ့ မန်ယူအရံပွဲမှာ ရီရိုစတိုင်လ်နဲ့ တူတတ်တယ်..ဘောလုံးကို ကိုင်ထားရဲပြီး အလယ်တောင်ရံဖန်ရံခါဝင်ဖောက်တာတွေ့ ဖူးတယ်..၂ နှစ်လောက်နဲ့ လိဂ် ၃ ခုလောက်ကျော်ဖြတ်ပြီး မန်ယူကိုရောက်လာကတည်းက အရည်အသွေးပိုင်းတော့ ကောင်းလိမ့်မယ်..သူလည်းအတွေ့ အကြုံရှိလာတာနဲ့ စိတ်ချရမှာပါ..အသက်၂၀ ပေမဲ့ ဘောဒီကတော့ ရီရိုထက် တောင်ကြီးသလားလို့ ..

    နောက်ထပ်ဆိုရင် ညီအီဗန်နဲ့ စီအီးအိုသား ဂေလ် လည်း ဆိုးရှားလ်အရံအသင်းမှာ ပုံမှန်ပွဲထွက်ကစားပေးနေတာပဲ..နောက်တယောက်က ဒီလတ်...ဘယ်ညာ အဖျက်မာတဲ့ အင်္ဂလန်ကစားသမားမျိုး ဂယ်ရီတို့ ဖီးလစ်နဗယ်တို့ ပုံအငယ်စားမျိုး..ပိုသွက်တယ်

    နောက်တန်းအကုန်ပေါင်းကြည့်ရင် ရာဖဲ ရီရို ဗစ်ဒစ် အဲဗရာ (၄) ယောက်နဲ့ ဂယ်ရီ ဘရောင်း စမောလင်း အီဗန် အိုရှေး ဖာဘီရို ဒီလတ် (၇) ယောက်ပေါင်း (၁၁) ယောက်တောင်.. စင်တာဘက် (CB) ကြီးပဲက ၅ ယောက်ရှိပြီး ဂယ်ရီနဲ့ အိုရှေးလည်း CB အနေနဲ့ အတော်ကစားဖူးလို့ .. အခုအခြေအနေက ပွဲကျပ်များပြီး ပွဲပန်းတဲ့ကာလမျိုးမှာ သူများအသင်းတွေထက် အားသာချက်လို့ ပြောချင်ပါတယ်..

     

Leave a Reply