မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ဆန်းဒါးလန်းနဲ့ ပွဲ သုံးသပ်ချက်

ဆန်းဒါးလန်းနဲ့ ပွဲ။ ဘယ်ကနေစရမလဲတောင် မသိဘူး။ (ပိာုက်လိုက်လင့်ခ်)

လူရွေးချယ်မှု့ ကစားကွက် ကြိုးစားအားထုတ်မှု့ အစကနေအဆုံး ထင်ပာပ်စေတဲ့ ရလဒ် ဆိုး။ ၂ မှတ်နစ်နာလို့ သာ ရလဒ်ဆိုးလို့ သာဆိုရတယ် တကယ့်တကယ်တမ်း အမှန်တိုင်းဆို ဆန်းဒါးလန်းက ကစားပေါက်နဲ့ အသက်ဝင်ကစားသွားတာကြောင့် အမှတ်ပြည့်ဆို သူတို့ နဲ့ သာထိုက်တန်ဆုံး။ ပွဲအရရော ဖာဂီအဆိုအရ ဝေခွဲပေးရတဲ့ ၁ မှတ်က ကျနော်တို့ အတွက် အပေါင်းလက္ခဏာရလဒ်လေလား။

ဒါဆို ဘယ်နေရာကနေမှားသွားသလဲ ?

လူရွေးချယ်မှု့ - ဗလန်စီယာပွဲမတိုင်ခင် ကျနော်ပြောခဲ့ဖူးတဲ့ စကားလိုပဲ မန်ယူအနိုင်အတွက် ဆို ရီရိုနောက်တန်းပြန်ပါဖို့ လိုသလို အိုရှေးမပါဖို့ ကောလိုနေပြန်တယ်။ ပာုတ်ကဲ့ တိုက်ဆိုင်မှု့ နောက်တခေါက်ပေးပဲလား အိုရှေး ဘယ်နောက်တန်းမှာကစားသွားတယ်။ ဒီတခါ ရလဒ်မကောင်းပြန်ပါ။ ဖာဂီအဆိုအရ နောက်တန်းမှာအဝေးမြောက်ဘောတွေ ရှင်းလင်းဖို့ အရပ်အမောင်းကောင်းဖို့ လူလိုပါတယ်တဲ့။ မှန်ပါတယ်။အိုရှေး ဝင်ဖျက်ထုတ်နိုင်တဲ့ အမြှောက်ဘောတွေ ရှိပါတယ်။ ဒါပေမဲ့ ပွဲအနိုင်အတွက် လုံ့ လောက်တဲ့ ထောက်ပံ့မှု့ မျိုး ဘယ်ဝန်းအတွက် အဲဗရာလုပ်နိုင်သလိုမျိုး မလုပ်နိုင်ခဲ့ပါဘူး။ အမှားလဲ မလုပ်ခဲ့ပြန်ပါဘူး။ အမှားမလုပ်တိုင်းလည်း ပွဲကိုနိုင်လောက်တော့ ကူညီမှု့ မျိုး မရတာ ရင်းနှီးမှု့ ကောင်းလား? ကျနော့်အတွက် တော့မပာုတ်တာသေချာပါတယ်။ ဒီပွဲအပြီး နိုင်ငံတကာပွဲတွေကြောင့်တပတ်အနားရပါလိမ့်မယ်။ ပြင်သစ်အသင်းရဲ့ ပွဲပယ်ခံထားရတဲ့အဲဗရာအဖို့ အိတ်သွန်ဖာမှောက်ကစားပြီးတောင် တပတ်လောက်အနားရမဲ့ပွဲမျိုး စွမ်းစွမ်းကုန်သူမပါသင့်ပေဘူးလား?

နောက်တန်းအိုရှေး ရွေးချယ်မှု့ အတိုင်း အလယ်ကိုပြန်ကြည့်ပါ။ အန်ဒါဆန် စကိုး ဖလပ်ချာ နာနီ။ ဒီပွဲမှာနာနီက ညာမှာအထိုင်ချကစားပေးပေမဲ့ ဘယ်မှာ ရံဖန်ရံခါ ပြန်ဆင်းကစားတဲ့ မက်ခေါဒါ ကလွဲပြီး အထိုင်ကစားသူမရှိဘူး။ သူ့ လိုပဲ အန်ဒါဆန် ရံဖန်ရံခါ ဝန်းကိုထွက်ပြီးကစားပေမဲ့လည်း အထိုင်ချကစားတာမပာုတ်။ အလယ်မှာ စကိုး ဖလပ်ချာနဲ့ အန်ဒါဆင်တို့ ၃ ယောက်ပေါင်း နေရာကျပ်လို့ လူများပြီး ပွဲမစည်။ အမြှောက်ဘောတွေ မန်ယူနောက်တန်းက ဗစ်ဒစ်နဲ့ ရီရို တို့ ရှင်းသမျှ ၃ ယောက်မန်ယူအလယ်တန်း မဦးနိုင်ခဲ့ဘူး။ ဘာဖြစ်လို့ လဲ ? စကိုးလ် က မန်ယူကွင်းဖက်မှာ နောက်ကျန်လွန်းနေပြီး ဆန်းဒါးလန်းရဲ့ မာလ်ဘရန့် ခ် ရဲ့လူကပ်တာကို မန်ယူဘောလုံးရတိုင်းခံနေရတယ်။ ဘယ်ဝန်းအတည်အကျ မရှိတဲ့အတွက် နောက်တန်းက တိုက်စစ်ပိုင်းအားနည်းတဲ့ အိုရှေးနဲ့ ပေါင်းလိုက်တော့ ဘယ်ဘက်က သုံးမရလောက်အောင်ပျောက်နေရော။ ဒီ့အပြင် ဖလပ်ချာနဲ့ အန်ဒါဆန်တို့ ရဲ့ ဖန်တီးမှု့ အပိုင်းက ဂိုးရဖို့ ဘာမှမလုပ်ပေးနိုင်သလို ပထမပိုင်းတခုလုံး လိုက်ဖျက်နေယုံသက်သက်ဖြစ်နေခဲ့တယ်။

ရှေ့ တန်းကော မက်ခေါဒါနဲ့ အိုဝင်။ မဆိုးပါဘူးလို့ ထင်ရပါပေမဲ့။ ဘယ်ဝန်းနဲ့ ရှေ့ ကိုတာဝန်ဝေခွဲယူနေရတဲ့ အတွေ့ အကြုံနည်းတဲ့ မက်ခေါဒါးနဲ့ တွဲနေရတဲ့အိုဝင်လည်း ဆန်းဒါးလန်းနောက်တန်း လူကောင်ကြီးတွေကြားမှာ အမြှောက်ဘောတွေနဲ့ ကြုံနေရလို့ ဘောလုံးကိုလုံးဝမထိနိုင်ပဲ ဒုတိယပိုင်းလူလဲ ခံလိုက်ရတာပေါ့။ ဘာဗာနဲ့ မက်ခေါဒါးအစားဝင်လာတဲ့ ချီချာရီတိုဝင်လာမှ တိုက်စစ်မှူး ၂ ယောက် အတူတကွ ဖန်တီးနိုင်ပြီး ကန်သွင်းချက်တချို့ ရခဲ့တယ်။ ဒါပေမဲ့ အလယ်တန်း မရှိတဲ့အတွက် လုံလောက်တဲ့ အနိုင်ဂိုးကို သူတို့ လဲ မစွမ်းဆောင်နိုင်ခဲ့ပြန်ဘူး။

ကစားကွက်ကြည့်ရင် မန်ယူရဲ့ လုံးဝအထိုင်မကျတဲ့ ကစားကွက်နဲ့ အတိုင်အဖောက်မညီအောင် ဆိုးရွားလွန်းလို့ ဆန်းဒါးလန်းလိုအသင်းမျိုးတောင် ဘာစီလိုနားနဲ့ ထောင်ယောင်ထင်မှားဖြစ်လောက်အောင်ကို ချာလွန်းပါတယ်။ စကိုးကို အထိုင်အဖျက် အထိုင်ပံ့ပိုးဖို့ နောက်တန်း ၄ ယောက် ရှေ့ နေရာချထားပေမဲ့ လူကပ်ခံရတာနဲ့ အမြန်နှုန်းအဖျက်တွေကြောင့် ထင်တဲ့အတိုင်းဖြစ်မလာပြန်ဘူး။ ဒုတိယပိုင်း ဖလပ်ချာ သူ့ နေရာဝင်ဖျက်ပြီး စကိုး ကိုလွတ်လပ်ခွင့်ပေးတော့မှ ကစားကွက် နဲနဲ သွက်လာတာတွေ့ ရတယ်။ ဒါပေမဲ့ ဘယ်ဝန်း လုံးဝ မရှိတဲ့အတွက် ဂိုးရဖို့  အခွင့်အရေးကသာမန်ထက်နဲပြန်ရော။ အန်ဒါဆန်က ဘောလုံးကိုင်ထား အလယ်ကိုဆွဲဝင်နိုင်ပေမဲ့ အမြန်နှုန်းနဲ့ အတင်းဝင်တဲ့ ဆန်းဒါးလန်း အလယ်က ကက်တာမိုးနဲ့ မလ်ဘရန့် ခ် တို့ ကြောင့် ပျက်တာများသလို သူ့ ကြည့်ရတာ ပုံမှန် အရင်နှစ်မတိုင်ခင် ဥရောပပွဲတွေတုန်းက ခြေစွမ်းပြန်ရဖို့ ပွဲအရေအတွက် လိုနေသေးပုံပဲ။

မိနစ် ၈၀လောက်မှ ဘီဘီ အန်ဒါဆန်နဲ့ အစားထိုးဝင်လာပြီး နာနီက ဘယ် ဘီဘီက ညာဝန်းကို ထားမှ တိုက်စစ်ပိုအားရောက်ပေမဲလည်း အချိန်အရ မလုံလောက်တော့။ လူနာတာနဲ့ အချက်ကျကျ အချိန်ကိုက် လူလဲတဲ့ ဆန်းဒါးလန်း ရဲ့ လူစားလဲတာတွေနဲ့ မထိရောက်တော့ပဲ။ သရေနဲ့ ဇာတ်သိမ်းရတယ်မပာုတ်လား။

ကောင်းကွက် ရှာပါဆိုရင်

ဒီနှစ် အိမ်ကွင်း မှာ ပုံမှန်ခြေစွမ်းပြနေတဲ့ ဆန်းဒါးလန်းလို အသင်းမျိုးနဲ့ ပွဲ စောစောစီးစီး ပြီးသွားတာကောင်းတဲ့တချက်ဖြစ်သလို။ဘီဘီ ကိုပထမဆုံး ပရီမီးယားလိဂ် မိတ်ဆက်အနေနဲ့ မြင်ခဲ့ရသလို တခြားလူငယ်တွေဖြစ်တဲ့ ချီချာရီတို ရာဖဲနဲ့ မန်ခေါဒါ(ကီကို)တို့ ပွဲအတွေ့ အကြုံပိုများလာတာကတချက်။ ဗာဘာနဲ့ ချီချာရီတိုတို့ အတွဲရဲ့ နားလည်မှု့ ပိုင်းပိုမြင်ရသလို။ အင်ဂျူရီကြောင့်အကြာကြီးနားရာကပြန်ပါလာတဲ့ အန်ဒါဆင်(အန်ဒို)အဖို့ ပုံမှန်ပြန်ဖြစ်ဖို့ ပွဲတပွဲ ကစားခွင့်ရလိုက်တာပါပဲ။ ပြန်ပါလာမဲ့ နောက်အင်ဂျူရီသမား ပာားဂရော့ဖ်ပေါင်းရင် မန်ယူရဲ့ အားအနည်းဆုံးဖြစ်နေတဲ့ အလယ်တန်း အဖို့ အားတခုပါ။ ရှုံးပွဲမရှိ ရလဒ်ကိုဆက်ထိန်းထားနိုင်ပြီး ဇယားထိပ်ကချဲဆီးနဲ့ ကွာတဲ့ ၅ မှတ်ဆိုတာ ကိုယ်ကိုတိုင်ပြောင်းလဲနိုင်တဲ့ အခွင့်အရေးအတွင်းမှာပဲရှိတဲ့ ကွာခြားချက်ပဲရှိသလို။ လူနေရာပြောင်းလဲမှု့ အချိန်ပိုင်းကာလတခုမို့ သည်းခံရမဲ့အချိန် ရေရှည်ကိုမျှော်ကြည့်တတ်ဖို့ လိုနေတဲ့အချိန်ပိုင်းလို့ ပြောရလိမ့်မယ်။

အဆုံးသတ်အတွက်

့ဒီပွဲရလဒ် က မန်ယူအဖို့ အဆုံးသတ် ကမ္ဘာပျက်တဲ့နေ့ တနေ့ မပာုတ်ပါ။ ဒီလိုပဲ ၂၀၀၄ ကနေ ၂၀၀၆ တုန်းကမျိုးဆက်သစ်ပြောင်းလဲချိန်က အလန်စမစ်ခြေကျိုးတာကအစ တိုက်ဆိုင်မှု့ တွေဒီနှစ်မှာ ဗလန်စီယာခြေကျိုးတာတွေနဲ့ အားမလိုအားမရကစားကွက်တွေ ကြုံနေတာကို ဝန်ခံပါတယ်။ အဲ့ဒီနှစ်နောက်ပိုင်း ဘာဆက်ဖြစ်လဲ မန်ယူညီအစ်ကိုတို့ အသိဆုံးပါ။ ကမ္ဘာ့အကောင်းဆုံးဖလားကို မန်ယူမြှောက်နိုင်ခဲ့တာကို ကျနော်တို့ တွေ မျက်မြင်ကြုံခွင့်ရခဲ့တယ်မလား။ စကားကြုံလို့ ဆက်ထောက်ပြတာပါ ဒီပိုင်ရှင်လက်ထပ်မှာပါပဲ။

သွေးမပျက်ပါနဲ့ ။ ကျနော်တို့ နည်းပြက မနှစ်တနှစ်က မွေးပြီး ဘဝကိုလွယ်လွယ်နဲ့ ကျော်ဖြတ်လာတဲ့လူတန်းစားထဲကမပာုတ်ပါဘူးနော်။ ကြုံဖူးပြီးသားဖြေရှင်းခဲ့ပြီးသားမို့ ။ ကျနော်တို့ ဖက်ကလိုတာ စိတ်ရှည်ဖို့ နဲ့ ယုံကြည်ဖို့ ပါပဲ။ ဆက်လက်ရင်ခုန်ကြပါဦးစို့ ဗျာ..

ပိာုက်လိုက်ကြည့်ဖို့ ဒီကိုနှိပ် ပါ။

(မှတ်ချက်။ ။ Weekend မှာ မိသားစုတာဝန်တွေနဲ့ ပွဲကြည့်ဖို့ လောက်သာအချိန်ပိုင်းအအားရလို့ ချက်ခြင်းမတင်နိုင်တာကို နားလည်ပေးဖို့ မျှော်လင့်ပါတယ်)

Filed Under: , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply