မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

၂၀၁၂ ထိ မြင်တွေ့ခွင့်ရမယ့် ပတ်ခ်




[caption id="attachment_1385" align="aligncenter" width="160" caption="Park"]Park[/caption]

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကစားသမား ကိုးရီးယားသားလေး ပတ်ခ်ဂျီဆန်ဟာ မန်ချက်စတာအသင်းနဲ့ ၂ နှစ်သက်တမ်း ရှိတဲ့ စာချုပ် အသစ်တခုကို ချုပ်ဆိုခဲ့ပါတယ်။ ဒီစာချုပ်ကြောင့် ပတ်ခ်ကို ကျနော်တို့ ၂၀၁၂ ထိ မန်ယူအသင်းနဲ့ အတူ ဆက်လက် မြင်တွေ့ခွင့် ရမှာ ဖြစ်ပါတယ်။


အသက် ၂၈ နှစ်အရွယ် ပတ်ခ်ဟာ လွန်ခဲ့တဲ့ လေးနှစ်က မန်ချက်စတာအသင်းကို စတင်ရောက်ရှိခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကြောင့် မန်ချက်စတာလို အသင်းကြီး တသင်းမျိုးမှာ နေရာတနေရာ ယူထားနိုင်ခဲ့သူပါ။ သူဟာ ကစားခဲ့တဲ့ ပွဲပေါင်း ၁၂၇ ပွဲမှာ ၁၂ ဂိုး သွင်းယူခဲ့ပြီး ဖြစ်ပါတယ်။


ပတ်ခ်က "ကျနော့ကို ခုလို စာချုပ်သက်တမ်းတိုးပြီး ဆက်နေခွင့် ပြုခဲ့တဲ့အတွက် အရမ်းပဲ ပျော်ရွှင်ခဲ့ရပါတယ်။ ဒီစာချုပ် ဖြစ်မြောက်ဖို့အတွက် ဆောင်ရွက်ခဲ့ကြတဲ့ ဖာဂူဆန်နဲ့ ၀န်ထမ်းတွေ အသင်းဖော်တွေ အားလုံးကို အရမ်းပဲ ကျေးဇူးတင်ပါတယ်။ ဒါ့အပြင် ပရိတ်သတ်ကတော့ မဖြစ်မနေ ကျေးဇူးတင်ရမှာပါ သူတို့ဟာ တကယ့်ကို ကျနော့အတွက် အားအင်တခုပါပဲ" လို့ ပြော မန်ယူတီဗီကို ပြောခဲ့ပါတယ်။ "ကျနော်ကစားခဲ့တဲ့ လေးနှစ်တာ အတွင်း ကျနော်တို့တွေ နိုင်ပွဲတွေ ဆုဖလားတွေ အောင်မြင်မှုတွေ ရရှိခဲ့ဖူးပါတယ်။ ထို့အတူပဲ တခြားကမ္ဘာကျော် ဘောလုံးသမားတွေနဲ့ အတူကစား ခဲ့ရတဲ့ အတွက်လည်း ကျနော့်အတွက် အတွေ့အကြုံတွေ ရရှိခဲ့ပါတယ်" လို့ ထပ်လောင်း ပြောခဲ့ပါတယ်။


ဖာဂူဆန်ကတော့ "ဒါဟာ လေးနှစ်တာအတွင်း သူ့ရဲ့ ကြိုးစားမှုအတွက် ဂုဏ်ပြုမှုတခုပဲ ဖြစ်ပါတယ်။ ဒီအတွက်လည်း အားလုံး ကျေနပ် အားရလိမ့်မယ်လို့" ပြောခဲ့ပါတယ်။


Filed Under: , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply