တီဗက်စ်အတွက် အီဗရာ စိတ်မကောင်း ဖြစ်ခဲ့ရ
ယှဉ်ပြိုင်ပွဲ အပြီးမှာတော့ သူဟာ ကျနော်တို့ မန်ယူမှာ အတူကစားခဲ့စဉ်က ကျနော့အတွက် သူငယ်ချင်းကောင်း တယောက်ပါပဲ ဒါကြောင့် ပွဲတ၀က်နားတဲ့အချိန်မှာ သူဟာ ကျနော်နဲ့ အတူရှိနေခဲ့တာပါ။ ဒါပေမဲ့ ပရိတ်သတ်တွေရဲ့ လှောင်ပြောင်မှုကြောင့် စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။
မန်ချက်ဒါဘီ ပွဲစဉ်အပြီးမှာ မန်ချက်စတာ ယူနိုက်တက် ကစားသမား နောက်ခံလူ ပက်ထရစ် အီဗရာက တီဗက်စ်ဟာ ကျနော့ရဲ့ သူငယ်ချင်း တယောက်ပါ ခုလို သူနဲ့ ဆန့်ကျင်ဘက်အနေနဲ့ ယှဉ်ပြိုင်ကစားရတာ တကယ့်ကို ခက်ခဲတဲ့ အနေအထားပါပဲလို့ မန်ယူတီဗီကို ၀န်ခံ ခဲ့ပါတယ်။
မန်ယူကစားသမားဟောင်း တီဗက်စ်ဟာ မန်ယူအသင်းမှာ ပုံမှန် နေရာမရမှုကြောင့် မန်စီးတီးအသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ တီဗက်စ် နဲ့ အီဗရာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အတူတွဲကစားစဉ်က အလွန်ရင်းနှီးတဲ့ သူငယ်ချင်းများ ဖြစ်ခဲ့ကြပါတယ်။
"ခုလို ယှဉ်ပြိုင်ကစားရတာ အနည်းငယ်တော့ အခက်အခဲ တွေ့စေပါတယ်။ ဘာကြောင့်လဲဆိုတော့ တီဗက်စ်ဟာ သူငယ်ချင်းကောင်း တယောက် ဖြစ်ခဲ့လိုပါပဲ။ ကျနော် ဒီပွဲမကစားခင်မှာ သူ့ဆီ ဖုန်းခေါ်ခဲ့ပါတယ် ကျနော်တို့ ဘယ်လောက်ရင်းနှီးပါစေ သူ အိုးထရတ်ဒ်ဖို့ကို လာတဲ့အခါမှာ ကျနော် မေ့ထားမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ယှဉ်ပြိုင်ပွဲမှာ သူငယ်ချင်းဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ပွဲပြီးတဲ့အခါမှာတော့ သူဟာ ကျနော်ရဲ့ သူငယ်ချင်းပါပဲ ဒါကြောင့်လဲ ကျနော်တို့ ပွဲတ၀က် နားတဲ့အချိန်မှာ အတူရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကို ပရိတ်သတ်တွေက လှောင်ပြောင် ကြတဲ့အခါ စိတ်မကောင်းဖြစ်ရပါတယ်။ တချိန်က သူက ဒီအသင်းက ကစားသမားဟောင်း တယောက်ဖြစ်ခဲ့လို့ပါပဲ" လို့ မန်ယူတီဗီကို အီဗရာက ပြောခဲ့ပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် တီဗက်စ်ကတော့ တချိန်က ကစားဖော်တွေ အတူဖြစ်ခဲ့ကြတဲ့ သံယောဇဉ်ကို ပွဲတ၀က်နားချိန်မှာ ပြသခဲ့ပါတယ်။
Filed Under: Man U News , Player News
0 comments
Trackback URL | Comments RSS Feed