မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ဘန်လီ ၁-၀ မန်ယူနိုက်တက် (အဝေးကွင်း)

နှစ်ပေါင်း ၃၃ နှစ်အတွင်း ပရီမီးယားလိဂ်ကို ပထမဆုံးအကြိမ်တက်လာတဲ့ အသင်း ဘန်လီ လက်ရှိ ချန်ပီယံ မန်ယူနိုက်တက်ကို ၁-၀ နိုင်လိုက်ပြီဆိုတဲ့ သတင်း သွားလေရာမှာ ကြားနေရသလိုပဲ။ :(( ပွဲအစအဆုံး မကြည့်လိုက်မိတာကကို ကံကောင်းတယ်လို့ ပဲ ဆိုရလေမလား?

အသွင်းခံလိုက်ရတဲ့ ဘလိပ် ရဲ့ ၁၉ မိနစ် ဂိုး က ဘယ်ဂိုးသမားမှဖမ်းဖို့ မလွယ်ပါဘူး။ တကယ်ကို ဒုံးကျည်ကစ် ပါ။ ဗန်ဖောစတာ ကို အပြစ်ပုံလို့ မရဘူးပေါ့။ ဒါဆို ဘယ်သူ့ မှာ တာဝန်ရှိလဲ?

ကျွန်တော့်အမြင်က တော့ အချက်သုံးချက်ရှိပါတယ်။ :SK

ပထမဆုံး နောက်တန်း - ဘန်လီ ပြစ်ဒဏ်ဘောစယူ(အိုဝင်ရဲ့) ကတည်းက လူကပ်တာမမြန်တဲ့ အတွက် အရင်ဆုံး တိုက်စစ် ဆင်ခွင့် ကိုရသွားပြီး တဆက်တည်းလိုပဲ ဒီဂိုးကို ပေးလိုက်ရတာပါ။

ဒုတိယ - မိုက်ကယ်ကဲရစ် နဲ့ အန်ဒါဆန် - ဒီဂိုးဖြစ်ဖို့ အစောပိုင်းမှာ ၂ ယောက်လုံး ပင်နယ်တီဧရိယာအတွင်း ခံစစ်ကစားပေမဲ့ ဘောလုံး ထွက်ထွက်ခြင်း (အဲဗရာ ခေါင်းလုတိုက်ချိန်) တဖက်လူ ဘယ်မှာရှိနေတယ်ဆိုတာ ကို တုန့် ပြန်ဖို့ နှေးတဲ့အတွက် အပိုင်ဂိုး အနီးကပ်သွင်းခံလိုက်ရတာပဲ။

တတိယ - ကျွန်တော်တို့ ရဲ့ ဆရာကြီး ဆာအဲလပ်စ်ကို ဘလိမ်း(Blame)လုပ်ပါတယ်။ ဒီနေ့ လိုင်းအပ်မှာ လိုအပ်တာတွေရှိနေလို့ ပါ။ :O

နံပါတ် ၁ ကတော့ ဘရောင်းနဲ့ အီဗန် အတွဲကြောင့်ပါ။ ဘရောင်းနဲ့ အီဗန် က ပွဲကြီးတွဲကစားဖူးတာ မရှိပါဘူး။ သူတို့ ၂ ယောက်နားလည်းမှု့ ပိုင်းလိုအပ်သလို ဘယ်သူက နေရာယူတာတို့ လူကပ်တာတို့ ကွပ်ကဲမလဲ (In Charge)ဆိုတဲ့နေရာမှာ မရှိသလောက်ပါ။ အရင်ပွဲက အိုရှေး အလယ်မှာ လုပ်နိုင်ခဲ့ပေမဲ့။ ဒီနေ့ လုပ်မဲ့လူမရှိခဲ့ပါဘူး။

နံပါတ် ၂ ကတော့ ဂစ်နဲ့ အန်ဒါဆန် အတွဲ။ ဒီနေ့ ဘယ်ဝန်းမှာ အန်ဒါဆန် အချိန်တော်များများ ကစားပေပြီး ဂစ်က အလယ်မှာ နေရာယူပါတယ်။ ဂစ်အတွက် အဆင်ပြေပေမဲ့။ အန်ဒါဆန်အဖို့ သူ့ နေရာမပာုတ်လို့ အရမ်းကိုအားထုတ်ရပေမဲ့ ထိရောက်မှု့ က အားနည်းပါတယ်။ အရင်ပွဲက စကိုး ကောင်းခဲ့ပေမဲ့ ဒီပွဲဘာလို့ ထည့်မသုံးလည်း စဉ်းစားလို့ မရပါဘူး။

နံပါတ် ၃ က ပင်နယ်တီကို ကဲရစ်ကို ကန်ခိုင်းလို့ ပါ။ ပြီးခဲ့တဲ့ ရာသီတိုင်းမှာ ရော်နယ်ဒိုပြီးရင် ယူနီ ပါ။ ဘာလို့ ဒီနှစ် ယူနီမဖြစ်ရသလဲ? ပြီးတော့ အိုဝင်ကို ဂိုးသွင်းစေချင်ရင် ဘာလို့ ပေးမကန်ခိုင်းသလဲ??

နံပါတ် ၄ တခြားနည်းလမ်း(Plan B)မရှိလို့ ပါ။ Plan B မရှိတာ အခုမှမပာုတ်ပါဘူုး..လွန်ခဲတဲ့ ၂ နှစ်ကတည်းကပါ။ ဒါပေမဲ့ Plan A ကအလုပ်ဖြစ်တော့ B မလိုသလောက်ပါပဲ။ ပြီးခဲ့တဲ့နှစ်က B အတွက် ဘာဘတော့ ကိုဝယ်ယူခဲ့ပေမဲ့ လူကြီးမင်းတို့ သိတဲ့အတိုင်းပါပဲ။ ဒီနေ့ အဖို့ A ဖြစ်တဲ့ အိုဝင်နဲ့ ယူနီ မရလို့ B ဖြစ်တဲ့ ရူနီ နဲ့ ဘာဘတော့ တို့ ပြောင်းထည့်ပေမဲ့  ထင်သလိုမဖြစ်ခဲ့တာလဲ အမြင်ပါပဲ။

တစ်ပွဲ ရှုံးယုံနဲ့ သွေးပျက်စရာမလိုဘူးဆိုပေမဲ့ သွင်းခံလိုက်ရတာ ၁၉ မိနစ်ကတည်း ဆိုတော့ ယူနိုက်တက်လို ချန်ပီယံအနေနဲ့ အချိန်တွေအများကြီးရပါတယ်။ တနည်းမပာုတ်တနည်း အနည်းဆုံး ၁လုံး ပြန်ကို သွင်းယူသင့်ပါတယ်။ ပင်နယ်တီမှမပာုတ်ပါဘူး။ အသင်းလိုက် ကစားပွဲဖြစ်ပေမဲ့ အခုပွဲမှာ ရော်နယ်ဒို လို တစ်ယောက်ကောင်း ကလိုနေပါတယ်။ အခုအသင်းမှာ အကောင်းဆုံး ကစားသမား ယူနီကို ၂ ယောက် ၃ ယောက် ဝိုင်းကပ်ထားတော့ အားကိုးမဲ့လူမရှိသလို အရင်ကလို စိတ်လှုပ်ရှားမှု့ ပေးမဲ့လူ မဲ့နေပါတယ်။ ဖာဂီအဖို့ အခုအရှုံးကို သတိပေးခေါင်းလောင်းအနေနဲ့ (Alarm Bell) ယူပြီး ထိရောက်တဲ့ လူဝယ်မှု့ ကို ဈေးကွက်မပိတ်မှီ (သြဂုတ်လကုန်) လုပ်ဖို့ သာ မျှော်လင့်ပါတယ်။ :pray



Forum

ဖိုရမ်ထဲဝင်ဆွေးနွေးချင်ရင်ဒီပုံကိုနှိပ်ပြီး ရီဂျစ်စတာလုပ်ပြီး ဆွေးနွေးနိုင်ပါသည်

Filed Under: , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply