မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ရီရိုဖာဒီနန် ဒဏ်ရာကြောင့် တစ်လနား

[caption id="attachment_1285" align="alignleft" width="300" caption="ဖာဒီ တစ်လနား"]ဖာဒီ တစ်လနား[/caption]

ဘန်လီ ကိုရှုံးတဲ့ ပွဲ ဒဏ်ရာမကျက်သေးခင် အနာထဲ ဆားထည့်ခံရ သလိုနောက်ထပ် သတင်းက ရီရို ဖာဒီနန်ပေါင် ဒဏ်ရာကြောင့်နောက်ထပ် ၃ ပတ်ကနေ ၄ ပတ်အထိ နားရမယ်ဆိုတာပါပဲ။ ဘာမင်ပာမ် ပွဲ မတိုင်ခင် ဒရိန်နင်ဆင်းရင်း ရတဲ့ဒဏ်ရာက ပိုလို ဆိုးလာတာဖြစ်ပါတယ်။ ၂ ပတ်လောက်နဲ့သက်သာလာမလားစောင့်ရင်က အခုဆိုရင် မနက်ဖြန် ဝီဂန်ပွဲသာမက လာမဲ့အာဆင်နယ်ပွဲ ကိုလွဲရန်သေချနေပါပြီ။ အင်္ဂလန်ချစ်ကြည်ရေး ပွဲ အပြင် ကမ္ဘာ့ဖလားခြေစမ်းပွဲကိုလည်း လွဲလိမ့်မယ်ဆိုပြီးလည်း ခန်မှန်းနေကြပါတယ်။ အသက် ၃၁ ရှိပြီဖြစ်တဲ့ ဖာဒီရဲ့ ကြံ ခိုင်မှု့ ကို စိုးရိမ်စပြုလာပြီလို့ မီဒီယာတွေကဆိုပါတယ်။ ယခင်နှစ်ကလည်း ခါးနာကြောင့် အချိန်အတော်အတန် နားနေခဲ့ရပါတယ်။

ကောင်းသတင်းတစ်ခုကတော့ ဖာဒီရဲ့ ကစားဖော် ဗစ်ဒစ်ခ်ျ တစ်ယောက် မနက်ဖြန်ပွဲကို ပြန်ပါရန်သေချာနေတာပါပဲ။နောက်တန်းကိုအားပြန်ဖြည့်ပြီး ဝီဂန်ကို အနိုင်ယူဖို ပရိတ်သတ်တွေလည်းမျှော်လင့်နေပါတယ်။


Forum

ဖိုရမ်ထဲဝင်ဆွေးနွေးချင်ရင်ဒီပုံကိုနှိပ်ပြီး ရီဂျစ်စတာလုပ်ပြီး ဆွေးနွေးနိုင်ပါသည်

Filed Under: , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply