မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review
  • Highlights
  • Premier League
  • Match Preview
  • Champion League
  • Player News
  • Man U News
  • Transfer News
  • Interview
  • Manchester United Club History
  • Feature
ပထဆုံးအကြိမ် ဝယ်ယူလိုက်တဲ့ အန်တိုနီယို ဗလန်စီယာ
[caption id="attachment_1196" align="alignleft" width="300" caption="အန်တိုနီယို နဲ့ အတူ ဆာအဲလပ်စ် ၊ CEO ဒှေ့ဗစ်ဂဲ"]အန်တိုနီယို နဲ့ အတူ ဆာအဲလပ်စ် ၊ CEO ဒှေ့ဗစ်ဂဲ[/caption]
အန်တိုနီယိုနဲ့ ပတ်သက်ပြီး ဖာဂီက - သူ့ ကိုကျွန်တော်တို့  ဝီဂန် နဲ့ ၂ နှစ်ကြာအတွင်းမျက်စိကျတာ နေတာကြာလှပါပြီ။  ကျွန်တော်အာမခံနိုင်တာကတော့ သူ ရဲ့ လျင်မြန်မှု့ နဲ့ စွမ်းဆောင်အားက လက်ရှိအသင်းကို အများကြီး အထောက်အကူပေးလိမ့်မယ်ဆိုတာပါပဲ။
အန်တိုနီယို ကလည်း ပြောင်းရွှေ့ မှု့ အပေါ် - ယူနိုက်တက်ကို ပြောင်းခွင့်ရတာ အိမ်မက်ကို အကောင်အထည် ဖော်နိုင်တဲ့အတွက် ဝမ်းသာပါတယ်။ ဝီဂန်နဲ့ ကအစစ အရာရာ အဆင်ပြေပေမဲ့လည်း အကောင်းဆုံးအောင်မြင်မှု့ တွေခံစားရဖို့ အတွက် ကြီးမားတဲ့ စိန်ခေါ်မှု့ မျိုးတွေ ရနိုင်မှာမို့ ပိုပြီးတော့ ကြည်နူးမိပါတယ်။ ပရိတ်သတ် ၇ သောင်း ၆ ထောင် ရှေ့ မှာ ဝိန်းယူနီ တို့ ရီယို ဖာဒီနန်တို့ ဂစ် တို့ လို ကစားသမားတွေနဲ့ အတူ ကစားရမှာမို့ စောင့်တောင်မစောင့် ချင်တော့ဘူး -လို့ သူက အားတက်သရောဆိုလိုက်ပါတယ်။
အန်တိုနီယို က အီကွေဒါ (Ecuador) နိုင်ငံသားဖြစ်ပြီး၊ မွေးရက်က ၁၉၈၅ ခုနှစ် သြဂုတ်လ ၄ ဖြစ်တဲ့အတွက် ဒီနှစ်ရာသီ အစမှာ ၂၄ နှစ်ပြည့်မှာပါ။ စပိန်နိုင်ငံ အသင်းဖြစ်တဲ့ ဖီလာရီရဲ  (Villarreal) မှာ လည်းကစားဖူးခဲ့ပြီး၊ နောက်ဆုံးကစားပေးခဲ့တဲ့ Wigan Athletic အသင်းမှာ ၈၃ ပွဲကစားထားပြီး ၇ ဂိုးသွင်းပေးထားပါတယ်။ နိုင်ငံအတွက်တော့ ၃၄ ပွဲမှာ ၄ ဂိုးသွင်းယူပေးထားပါတယ်။
အန်တိုနီယို က သူ့ ရဲ့ယခင်ကလပ်ပောာင်းဖြစ်တဲ့ ဝီဂန်ကို လည်း ကျေးဇူးတင်ကြောင်းအခုလိုဆိုထားပါတယ် - ဝီဂန်ရဲ့ ကျေးဇူးအများကြီးရှိပါတယ်။ ဝီဂန်သာ ကျွန်တော့်ကို အခွင့်အရေးမပေးဘူးဆိုရင် မန်ချက်စတာယူနိုက်တက်ဆိုတာ လည်းဖြစ်လာမှာ မပာုတ်ဘူးလေ။ ဝီဂန်က ကျွန်တော့်အပေါ် အရမ်းကိုကောင်းခဲ့တာပါ။ သူငယ်ချင်းတွေနဲ့ အမှတ်တရအချို့ ကို စွန့် လွှတ်လမ်းခွဲခဲ့ရတဲ့အတွက် တကယ်ပဲဝမ်းနည်းမိပါတယ်။ တဖက်ကလည်း ကမ္ဘာ့အကောင်းဆုံးကလပ်ကို ပြောင်းခွင့်ရတဲ့အတွက် အတိုင်းအထပ်အလွန် ဝမ်းမြောက်ပါတယ်။ ဝီဂန်ရဲ့ ကျေးဇူးကြောင့်မို့ ပေါ့ဗျာ။ - ဆိုပြီး ဖော်ပြထားပါတယ်။
ကျွန်တော်တို့ အားလုံးမျှော်လင့်နေတဲ့ ပထမဆုံး လူဝယ်တာကို ယူနိုက်တက်က စတင်လိုက်ပါပြီ။ စံချိန်ချိုးလိုက်တဲ့ ရော်နယ်ဒိုရဲ့ ပြောင်းရွှေ့ မှုအ ပြီးသတ်လိုက်တဲ့ တနေ့ ထဲမှာပဲ ဝီဂန်အက်သလန်တစ်(Wigan Athletic)က အလယ်တန်းလူ အန်တိုနီယို  ဗလန်စီရာ(Luis Antonio Valencia) ကို ၄ နှစ်စာချုပ် ချုပ်ဆိုပြီး ခေါ်ယူလိုက်တာပဲဇြစ်ပါတယ်။ ဈေးနှုန်းအတိအကျကို  တရားဝင်ဖော်ပြထားခြင်းမရှိပေမဲ့လည်း ပေါင်သန်းပေါင်း ၁၆ သန်း ရှိလိမ့်မယ်လို့ ခန့် မှန်းသိရှိရပါတယ်။ နောက်ထပ် ဝယ်ယူမှု့  တွေဆက်တိုက်ရှိလိမ့်မယ်လို့ ယူနိုက်တက် ပရိတ်သတ်က မျှော်လင့်လျက်ရှိပြီး အန်တိုနီယိုက ၄ ကြိမ်ဆက် ပရီမီးယားလိဂ်  ဖလားရယူဖို့ အတွက် အဓိကအားထားရလိမ့်မယ်လို့ ဖာဂီက ဆိုပါတယ်။
အန်တိုနီယိုနဲ့ ပတ်သက်ပြီး ဖာဂီက - သူ့ ကိုကျွန်တော်တို့  ဝီဂန် နဲ့ ၂ နှစ်ကြာအတွင်းမျက်စိကျတာ နေတာကြာလှပါပြီ။  ကျွန်တော်အာမခံနိုင်တာကတော့ သူ ရဲ့ လျင်မြန်မှု့ နဲ့ စွမ်းဆောင်အားက လက်ရှိအသင်းကို အများကြီး အထောက်အကူပေးလိမ့်မယ်ဆိုတာပါပဲ။
အန်တိုနီယို ကလည်း ပြောင်းရွှေ့ မှု့ အပေါ် - ယူနိုက်တက်ကို ပြောင်းခွင့်ရတာ အိမ်မက်ကို အကောင်အထည် ဖော်နိုင်တဲ့အတွက် ဝမ်းသာပါတယ်။ ဝီဂန်နဲ့ ကအစစ အရာရာ အဆင်ပြေပေမဲ့လည်း အကောင်းဆုံးအောင်မြင်မှု့ တွေခံစားရဖို့ အတွက် ကြီးမားတဲ့ စိန်ခေါ်မှု့ မျိုးတွေ ရနိုင်မှာမို့ ပိုပြီးတော့ ကြည်နူးမိပါတယ်။ ပရိတ်သတ် ၇ သောင်း ၆ ထောင် ရှေ့ မှာ ဝိန်းယူနီ တို့ ရီယို ဖာဒီနန်တို့ ဂစ် တို့ လို ကစားသမားတွေနဲ့ အတူ ကစားရမှာမို့ စောင့်တောင်မစောင့် ချင်တော့ဘူး -လို့ သူက အားတက်သရောဆိုလိုက်ပါတယ်။
အန်တိုနီယို က အီကွေဒါ (Ecuador) နိုင်ငံသားဖြစ်ပြီး၊ မွေးရက်က ၁၉၈၅ ခုနှစ် သြဂုတ်လ ၄ ဖြစ်တဲ့အတွက် ဒီနှစ်ရာသီ အစမှာ ၂၄ နှစ်ပြည့်မှာပါ။ စပိန်နိုင်ငံ အသင်းဖြစ်တဲ့ ဖီလာရီရဲ  (Villarreal) မှာ လည်းကစားဖူးခဲ့ပြီး၊ နောက်ဆုံးကစားပေးခဲ့တဲ့ Wigan Athletic အသင်းမှာ ၈၃ ပွဲကစားထားပြီး ၇ ဂိုးသွင်းပေးထားပါတယ်။ နိုင်ငံအတွက်တော့ ၃၄ ပွဲမှာ ၄ ဂိုးသွင်းယူပေးထားပါတယ်။
အန်တိုနီယို က သူ့ ရဲ့ယခင်ကလပ်ပောာင်းဖြစ်တဲ့ ဝီဂန်ကို လည်း ကျေးဇူးတင်ကြောင်းအခုလိုဆိုထားပါတယ် - ဝီဂန်ရဲ့ ကျေးဇူးအများကြီးရှိပါတယ်။ ဝီဂန်သာ ကျွန်တော့်ကို အခွင့်အရေးမပေးဘူးဆိုရင် မန်ချက်စတာယူနိုက်တက်ဆိုတာ လည်းဖြစ်လာမှာ မပာုတ်ဘူးလေ။ ဝီဂန်က ကျွန်တော့်အပေါ် အရမ်းကိုကောင်းခဲ့တာပါ။ သူငယ်ချင်းတွေနဲ့ အမှတ်တရအချို့ ကို စွန့် လွှတ်လမ်းခွဲခဲ့ရတဲ့အတွက် တကယ်ပဲဝမ်းနည်းမိပါတယ်။ တဖက်ကလည်း ကမ္ဘာ့အကောင်းဆုံးကလပ်ကို ပြောင်းခွင့်ရတဲ့အတွက် အတိုင်းအထပ်အလွန် ဝမ်းမြောက်ပါတယ်။ ဝီဂန်ရဲ့ ကျေးဇူးကြောင့်မို့ ပေါ့ဗျာ။ - ဆိုပြီး ဖော်ပြထားပါတယ်။
ယခင်ဆက်နွယ်သတင်း -ကီနိုခြေရာနင်းဖို ယူနိုက်တက်ခေါ်မဲ့ ဗလန်စီယာ
Filed Under:
About the Author
မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.
Leave a Reply