မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ရော်နယ်ဒိုအစားထိုးဖို့  ရော်နယ်ဒင်ညို လက်သစ်

လစ်လပ်နေတဲ့ နံပါတ် ၇ နေရာအတွက် အစားထိုးဖို့ အပူအပြင်းလိုက်ရှာနေဆဲ မှာ ယူနိုက်တက် ရဲ့ ရေဒါထဲမှာ စွဲဆောင်မှု့ အကောင်းဆုံး ဖြစ်တဲ့ လူငယ်ကစားသမားကို ဖော်ပြပေးပါရစေ။

နာမည်ကတော့ Costa Douglas လို့ အမည်တွင်ပါတယ်။ သူ့ နိုင်ငံ ဘရာဇီးကလပ်ဖြစ်တဲ့ Gremio ကသူတွေကတော့ The New Ronaldinho ရော်နယ်ဒင်ညို လက်သစ်ရယ်လို့  ခိုင်းနှိုင်းခေါ်ဆိုကြပါတယ်။ ၁၈ နှစ်အရွယ်သာရှိပေမဲ့ သူ့ ရဲ့ဘောလုံး ကျွမ်းကျင်မှု့ က ရော်နယ်ဒင်ညိုကို ယှဉ်လို့ ရတယ်လို့ ပြောနေကြပါတယ်။ ဘယ်ခြေသန်တဲ့ ဒေါ့ကလပ်စ် ပာာ ဖရီးကစ် ကန်ရာမှာလည်း ကျွမ်းကျင်လို့ ရီရဲကို ထွက်ခွာတော့ မဲ့ ရော်နယ်ဒိုနေရာမှာ ထပ်တူကျမဲ့အစားထိုးမှု့ လို့ ဆိုပါတယ်။ ဒါပေမဲ့ တန်ဖိုးကတော့ မသေးလှပါဘူး။ယူရို ၂၁ သန်းပေါက်ဈေးရှိတယ်လို့ ဆိုထားပြီး လက်ရှိ ကလပ်စာချူပ်က ၂၀၁၃ အထိဆိုတော့ အတော်လေး ပေးဝယ်ရလိမ့်မယ်လို ယူဆနိုင်ပါတယ်ခင်ဗျ။



ယူနိုက်တက်က အင်္ဂလန်မှာ အစမ်းကစားပြီးဈေးဖြတ်ဖို့ (Trial) တောင်းဆိုပေမဲ့လည်း သူ့ ရဲ့ကလပ်က ဒါမျိုးလုပ်ဖို့ ထက်သူ့ အရည်အသွေးက သက်သေပြပြီးဖြစ်တယ်လို့ ပြောဆိုငြင်းဆန်လိုက်ပါတယ်။ ဒေါ့ကလပ်စ် ရဲ့ ကိုယ်စားပြု (Agent) ကလည်း ယူနိုက်တက်က ပေးနိုင်တဲ့ ပမာဏထက် ၂ ဆ တန်ဖိုးရှိတယ်လို့ အမွှန်းတင်ထားပြီး။ မန်ယူနိုက်တက် သူ့ ရဲ့တန်ဖိုးပေးနိုင်လိမ့်မယ်လို့ မထင်ဘူးလို့ ဝေဖန်ထားတဲ့အတွက် စိတ်အားမရစရာ မှတ်ချမျိုးပါပဲ။ ယူနိုက်တက်အဖို့ ပေါက်ဈေးကို ခေါ်ဖို့ ရန်သာရှိပြီး အချိန်ဆွဲလို့ မရတာကတော့ တခြား ဥရောပကလပ်ကြီးတွေဖြစ်တဲ့ လီဗာပူး၊ အင်တာ နဲ့ ရီရဲ တို့ ကလည်း စိတ်ဝင်စားမှု့ တွေပြနေတွက် အကြောင့်ပါ။



လက်ရှိကလပ်အတွက် ပွဲပေါင်း ၂၀ သာကစားပေးထားတဲ့ ဒေါ့ကလပ်စ်ကို ဖာဂီ မဝင့်မရဲ ဖြစ်နေသလို ကျွန်တော်တို့ လို ယူနိုက်တက် ပရိတ်သက်လည်း ဇဝေဇဝါ ဖြစ်မှာမလွဲပါဘူး။ ဘာလို့ ဒီလောက်အမွှန်းတင်နေသလဲဆိုတာတော့ ဒီလင့်ကို သွားပြီး လေ့လာကြည့်ကြအောင်ဗျာ။



[caption id="attachment_1182" align="alignleft" width="217" caption="ရော်နယ်ဒင်ညို လက်သစ်"]ရော်နယ်ဒင်ညို လက်သစ်[/caption]

လစ်လပ်နေတဲ့ နံပါတ် ၇ နေရာအတွက် အစားထိုးဖို့ အပူအပြင်းလိုက်ရှာနေဆဲ မှာ ယူနိုက်တက် ရဲ့ ရေဒါထဲမှာ စွဲဆောင်မှု့  အကောင်းဆုံး ဖြစ်တဲ့ လူငယ်ကစားသမားကို ဖော်ပြပေးပါရစေ။ နာမည်ကတော့ Costa Douglas လို့ အမည်တွင်ပါတယ်။ သူ့ နိုင်ငံ ဘရာဇီးကလပ်ဖြစ်တဲ့ Gremio ကသူတွေကတော့ The New Ronaldinho ရော်နယ်ဒင်ညို လက်သစ်ရယ်လို့  ခိုင်းနှိုင်းခေါ်ဆိုကြပါတယ်။

၁၈ နှစ်အရွယ်သာရှိပေမဲ့ သူ့ ရဲ့ဘောလုံး ကျွမ်းကျင်မှု့ က ရော်နယ်ဒင်ညိုကို ယှဉ်လို့  ရတယ်လို့ ပြောနေကြပါတယ်။ ဘယ်ခြေသန်တဲ့ ဒေါ့ကလပ်စ် ပာာ ဖရီးကစ် ကန်ရာမှာလည်း ကျွမ်းကျင်လို့ ရီရဲကို ထွက်ခွာတော့ မဲ့ ရော်နယ်ဒိုနေရာမှာ ထပ်တူကျမဲ့အစားထိုးမှု့ လို့ ဆိုပါတယ်။ ဒါပေမဲ့ တန်ဖိုးကတော့ မသေးလှပါဘူး။ယူရို ၂၁ သန်းပေါက်ဈေးရှိတယ်လို့ ဆိုထားပြီး လက်ရှိ ကလပ်စာချူပ်က ၂၀၁၃ အထိဆိုတော့ အတော်လေး ပေးဝယ်ရလိမ့်မယ်လို ယူဆနိုင်ပါတယ်ခင်ဗျ။

ယူနိုက်တက်က အင်္ဂလန်မှာ အစမ်းကစားပြီးဈေးဖြတ်ဖို့ (Trial) တောင်းဆိုပေမဲ့လည်း သူ့ ရဲ့ကလပ်က ဒါမျိုးလုပ်ဖို့ ထက်သူ့ အရည်အသွေးက သက်သေပြပြီးဖြစ်တယ်လို့ ပြောဆိုငြင်းဆန်လိုက်ပါတယ်။ ဒေါ့ကလပ်စ် ရဲ့ ကိုယ်စားပြု (Agent) ကလည်း ယူနိုက်တက်က ပေးနိုင်တဲ့ ပမာဏထက် ၂ ဆ တန်ဖိုးရှိတယ်လို့ အမွှန်းတင်ထားပြီး။ မန်ယူနိုက်တက် သူ့ ရဲ့တန်ဖိုးပေးနိုင်လိမ့်မယ်လို့ မထင်ဘူးလို့ ဝေဖန်ထားတဲ့အတွက် စိတ်အားမရစရာ မှတ်ချမျိုးပါပဲ။ ယူနိုက်တက်အဖို့ ပေါက်ဈေးကို ခေါ်ဖို့ ရန်သာရှိပြီး အချိန်ဆွဲလို့ မရတာကတော့ တခြား ဥရောပကလပ်ကြီးတွေဖြစ်တဲ့ လီဗာပူး၊ အင်တာ နဲ့ ရီရဲ တို့ ကလည်း စိတ်ဝင်စားမှု့ တွေပြနေတွက် အကြောင့်ပါ။


လက်ရှိကလပ်အတွက် ပွဲပေါင်း ၂၀ သာကစားပေးထားတဲ့ ဒေါ့ကလပ်စ်ကို ဖာဂီ မဝင့်မရဲ ဖြစ်နေသလို ကျွန်တော်တို့ လို ယူနိုက်တက် ပရိတ်သက်လည်း ဇဝေဇဝါ ဖြစ်မှာမလွဲပါဘူး။ ဘာလို ဒီလောက်အမွှန်းတင်နေသလဲဆိုတာတော့ ဒီလင့်ကို သွားပြီး လေ့လာကြည့်ကြအောင်ဗျာ။

နောင် ၃ နှစ်အကြာမှာ ရော်နယ်ဒို လို ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်မလားဆိုတာ လူကြီးမင်းတို့ ကိုယ်တိုင် ဝေဖန် သုံးသပ်ကြပါတော့။

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply