မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

တဲဗက်ဇ် ထွက်ပြီ။

[caption id="attachment_1158" align="aligncenter" width="300" caption="ငြင်းဆိုလိုက်တဲ့ တဲဗက်ဇ်"]TevezDeal1
[/caption]

မန်ယူနိုက်တက်နဲ့ ၂ နှစ်ကြာလက်တွဲပြီး အမှတ်ပေးလိဂ်ဖလား ၂ လုံး၊ ချန်ပီယံလိဂ် ၁ လုံး၊ ကမ္ဘာ့ကလပ်ဖလား ၁ လုံး နဲ့ လိဂ်ဖလား ၁ လုံးတို့ ရယူခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူး ကားလို့ စ် တဲဗက်ဇ် မန်ယူနိုက်တက်နဲ့ လမ်းခွဲပြီလို့ ကလပ်ရဲ့ official website ကနေငြေညာလိုက်ပါတယ်။

သတ်မှတ်ချက်ကာလမတိုင်မှီ ညှိနှိုင်းဆွေးနွေးမှု့ တွေလုပ်နေပေမဲ့လည်း ကားလို့ စ်တဲဗက်ဇ် က ယူနိုက်တက်နဲ့ အတူဆက်လက် လက်တွဲဖို့ ငြင်းဆန်ခဲ့ပြီး လက်မှတ်ထိုးလိမ့်မည်မပာုတ်လို့ ကာလို့ စ်ရဲ့ အကြံပေးဆက်သွယ်ပြောကြားခဲ့ပါတယ်။

မန်ယူနိုက်တက်က တောင်းဆိုထားတဲ့ငွေကြေးပမာန ပေါင် ၂၅.၅ သန်းပေးချေဖို့ ကမ်းလှမ်းပြီးအပြင် ၅ နှစ်စာချူပ်ဖြင့် အများဆုံးလစာဝင်တစ်ယောက်အဖြစ် ကမ်းလှမ်းပေမဲ့လည်း သူကဆက်လက်ကစားပေးလိုစိတ်မရှိဘူးလို့ ဖော်ပြထားပါတယ်။

ကလပ်အနေနဲ့ ကားလို့ စ်တဲဗက်ဇ် ကို သူ့ ရဲ့ ၂ နှစ်တာကာလအတွင်း စွမ်းဆောင်မှု့ ကိုကျေးဇူးတင်ကြောင်းဖော်ပြထားပြီး သူရဲ့အနာဂတ်အတွက်လည်း ဆုမွန်ကောင်းတောင်းပေးထားပါတယ်။

ပွဲပေါင်း ၉၈ ပွဲနဲ့ ဂိုးပေါင်း ၃၄ လုံးသွင်းယူပေးတဲ့ အာဂျင်တိုင်းသား တဲဗက်ဇ် ကို နှုတ်ဆက်လိုက်ပါတယ်။ ဒီ့ထက်ကောင်းတဲ့နေရာ မရှိဘူးဆိုတာ ကိုယ်တွေ့ ကြုံမှ သိမဲ့ တဲဗက်ဇ် အဆင်ပြေပါစေလို့ ။

Manchester United Official Announcement

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply