ဆာဘော်ဘီ ရဲ့ အင်တာဗျူး
လင်းထက်
|
19 June, 2009
|
0 comments
[caption id="attachment_1149" align="aligncenter" width="300" caption="ဆာဘော်ဘီ နဲ့ ဆာအဲလပ်စ်"]
ဆာဘော်ဘီချာတန် က ရော်နယ်ဒို နေရာအစားထိုးဖို့ အတွက် ဆာအဲလပ်စ်ဖာဂူဆန်အပေါ် ယုံကြည်မှု့ အပြည့်အဝရှိတယ်လို့ နောက်ဆုံးအင်တာဗျူးမှာထုတ်ဖော်ပြောကြားသွားပါတယ်။ ဆာအဲလပ်စ်အပေါ်သူ့ ရဲ့မှုရင်းပြောကြားမှု့ ကဒီလို ပါ - သူ (ဖာဂူဆန်) ပာာ လူကဲခတ်တဲ့နေရာမှာ တော်တဲ့လူပါ။ ဆုံးဖြတ်တဲ့နေရာမှာ ရဲဝင့်ပြီး၊ ထိရောက်မှု့ ရှိတဲ့အတွက် အမြဲတန်းလိုလို အောင်မြင်လေ့ရှိပါတယ်။ ဒါကြောင့် ဘယ်သူ့ ကို အစားထို့ မလဲဆိုတာ ဆာအဲလပ်စ်ကိုယ်တိုင်ပဲ ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။
လို့ ဆာဘော်ဘီ ကဆိုပါတယ်။
[caption id="attachment_1150" align="alignright" width="258" caption="ဆာဘော်ဘီ နဲ့ ရော်နယ်ဒို Ballon d'Or ဆုလက်ခံတုန်းက"]

ရော်နယ်ဒိုနဲ့ ပတ်သက်ပြီးတော့လဲ- ရော်နယ်ဒိုပာာ တကယ်ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ကျွန်တော်တို့ ကလပ်နဲ့ ၅ နှစ် ၆ နှစ်အတွင်း သူ့ ရဲ့တိုးတက်မှု့ ကအံ့မခန်းပါပဲ။ဆုတွေ တပွေ့ တပိုက်ကြီးနဲ့ အသိအမှတ်ပြုခံရတာတွေထက်ကို ပိုပါတယ်။ အချိန်တန်လို့ သူ့ ဖြတ်သန်းလာရတဲ့ ဘဝဖြစ်စဉ်ကို သူပြန်ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ နဲ့ နေခဲ့တဲ့ ကာလကသာ သူ့ ဘောလုံးလောကဘဝမှာ အကောင်းဆုံးဆိုတာ သူ တွေးမိလိမ့်မယ်လို့ ထင်ပါတယ်။
ကျွန်တော်တို့ တတ်နိုင်သလောက် ပြီးခဲ့တဲ့ တစ်နှစ်နေအောင် ဖြောင်းဖျထားပြီးသားဆိုတော့ ဒီတခါကတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလေ။ ဆိုတော့ ကိုယ့်လမ်းကို လျောက်ရတာပေါ့ဗျာ။ ငယ်စဉ် ကလေးဘဝက အိပ်မက်အကောင်အထည်ဖော်ဖို့ ဆို တော့ ကျွန်တော်တို့ ဘက်ကတော့ သူ့ အတွက် အကောင်းဆုံးကို ဆုတောင်းပေးပါတယ်။ သန်း ၈၀ ကတော့အတော်လေးများတဲ့ ငွေပါ။ မှန်ကန်တဲ့ဆုံးဖြတ်မှု့ လားဆိုတာတော့ နောင်နှစ်ရာသီက အဆုံးအဖြတ်ပေးပါလိမ့်မယ်။ သေချာတာကတော့ ကလပ်အတွက် ထိရောက်တဲ့ အသုံးချမှု့ မျိုးမှာ ထည့်ဝင်မှာမို့ လို့ ကလပ်အတွက် အကောင်းဆုံးဖြစ်မှာပါ။
ဆာဘော်ဘီက တရုတ်ပြည် သတင်းစာ ကွန်းဖရန့် မှာ ဆိုသွားတာပါ။ သူပာာ Aigo Electronic Ltd နဲ့ ၅ နှစ်စာ စီးပွားရေး ပူးတွဲစာချူပ် လက်မှတ်ရေးထိုးဖို ရန် ဒါရိုက်တာအနေနဲ့ ဘေကျင်းကို ရောက်ရှိနေတုန်းမှာ ခုလို ပြောကြားသွားတာပါ။ ယူနိုကတက်ရဲ့ တရားဝင် camera တို့  multimedia player တို့  storage device အစရှိတဲ့ အလက်ထရောနစ်ပစ္စည်းတွေကို စပွန်ဆာလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Filed Under: Interview
0 comments
Trackback URL | Comments RSS Feed