မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Manchester United vs Manchester City

မန်ယူအသင်းဟာ ဒီတပတ် တနင်္ဂနွေမှာတော့ မြန်မာစံတော်ချိန် ၇း၀၀ မှာ မန်ချက်ဒါဘီကို မန်ယူအသင်းရဲ့ အိုးထရဒ်ဖို့မှာ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်ပြီးဖို့ သိပ်မလိုတော့တာနဲ့ အတူ မန်ယူအသင်းအတွက် ဖလားသိမ်းယူနိုင်မဲ့ အခွင့်အရေးမှာ ဒီပွဲစဉ်ဟာလည်း အရေးပါတဲ့ ပွဲစဉ်တရပ် ဖြစ်ပါတယ်။ ဒီပွဲပြီးတာနဲ့ နောက်အပတ်မှာ အာဆင်နယ်နဲ့ ကစားရမှာ ဖြစ်တာကြောင့် မန်ယူအသင်းအတွက် ပွဲကျပ် ပွဲပမ်း နိုင်တာကို သတိထားရမှာ ဖြစ်ပါတယ်။


မန်ချက်ဒါဘီဟာ အစဉ်အမြဲ မန်ယူအသင်းကို အခက်တွေ့စေလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း မန်ယူအိမ်ကွင်းပွဲစဉ်တွေမှာ မန်ယူက ၂ပွဲနိုင် ၂ပွဲ သရေနဲ့ ၁ပွဲ ရှုံးနိမ့်ထားတာကို တွေ့ရပါတယ်။ မန်စီးတီးအနေနဲ့ အဆင့်ရှစ် နေရာရာမှာ ရပ်တည်နေပီး အဝေးကွင်းမှာ ၂ပွဲနိုင် ၅ပွဲ သရေ ၁၀ ပွဲရှုံး ထားပါတယ် မန်စီးတီးအနေနဲ့ အဝေးကွင်းရလဒ် မကောင်းတာကို တွေ့ရပါတယ်။ ဒိအပြင် မန်စီးတီးမှာ ဒဏ်ရာရ ကစားသမားများနဲ့ ပွဲမစည်နိုင် ဖြစ်နေပါတယ်။


မန်ယူအသင်းအတွက်ကတော့ ချန်ပီယံလိဂ်နဲ့ ပွဲကျပ်တွေ ဆက်နေလို့ ပွဲပမ်းနိုင်ပေမဲ့ လူအင်အား တောင့်တင်းတာကြောင့် သိပ်အခက်အခဲ ရှိမယ့်ပုံ မရပါဘူး။ နောက် အိမ်ကွင်းဖြစ်နေတာကလည်း တချက် အားသာမှုပါ။ မန်ယူဖလားသိမ်းဖို့အတွက် ဒီဒါဘီပွဲဟာလည်း အရေးပါတာမို့ မန်ယူအသင်း အနိုင်ကစားသွားပါလိ့မ်မယ်။ ကံမကောင်းမှသာ သရေပါ။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply