မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

I'll Stay in United


Real Madrid သို့ ပြောင်းရွှေ့မယ်လို့ သတင်းများ ဖြစ်ပေါ်နေတဲ့ အသက် ၂၄ နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင်၊ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား Christiano Ronaldo ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ဒုတိယအကျော့ အာဆင်နယ်အသင်းကို ၃ - ၁ ဖြင့် အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ သူဟာ မန်ယူအသင်းမှာပဲ ဆက်နေသွားမှာပါလို့ ပြောခဲ့ပါတယ်။ ရော်နယ်ဒိုက "ကျနော် အကြိမ်ပေါင်းများစွာ ဒီကောလဟာလ တွေကို ဖြေရှင်းပြီးပါပီ။ ကျနော်ဒီအသင်းမှာ ပျော်ပါတယ် ကျနော့် သူငယ်ချင်းအများစုကလည်း ဒီမှာပါ ကျနော်ဘယ်မှ ပြောင်းရွှေ့သွားမှာ မဟုတ်ပါဘူး" လို့ ပြောခဲ့ပါတယ်။


ရော်နယ်လ်ဒိုဟာ မန်ယူအသင်းကို ချန်ပီယံလိဂ် ဖိုင်နယ်ဖြစ်တဲ့ ရောမ ဆီသို့ ခေါ်ယူသွားခဲ့ ပြီဖြစ်ပါတယ်။ ရောမမှာ ဖလားသိမ်းနိုင်ခဲ့ရင်တော့ သူဟာ ကမ္ဘာ့ အကောင်းဆုံး ပလေယာဆိုတဲ့ သူ့ဆု ကို ပိုမို ၀ံ့ကြွားစေမှာ ဖြစ်ပါတယ်။ အာဆင်နယ်ကို နိုင်ခဲ့တဲ့ ပွဲအပြီးမှာ "ကျနော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ ဒီလို အသင်းကြီး တသင်းကို အနိုင်ယူဖို့ဆိုတာ တကယ်ခက်ခဲပါတယ်။ ဒီပွဲမှာ ကျနော်ဂိုးသွင်းနိုင်ခဲ့ပီး ကျနော်တို့ ဖိုင်နယ် ရောက်ခဲ့ပီဆိုတော့ တကယ်ပဲ ပျော်ပါတယ်" လို့ ပြောခဲ့ပါတယ်။ ဒိအပြင် ဖာဂီက "ကျနော်တို့ ဒီရာသီမှာ သူရဲ့အကောင်းဆုံး ပုံစံကို ရရှိခဲ့ပါတယ်" လို့ ပြောခဲ့ပါတယ်။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply