မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Arsenal vs Manchester United

ဒီတကျော့မှာတော့ မန်ယူအသင်းဟာ ချန်ပီယံလိဂ် ဒုတိယအကျော့ အနေနဲ့ Emirate မှာ သွားယှဉ်ပြိုင် ရမှာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပထမအကျော့မှာ အိုးထရဒ်ဖို့ဒ်မှာ ၁ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။ Oshea ရဲ့ အနိုင်ဂိုးနဲ့ အနိုင်ရထားတဲ့ ပထမအကျော့ဟာ အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့တာကြောင့် မန်ယူအနေနဲ့ အခွင့်အရေးများ သိပ်မရခဲ့ပါဘူး။


ဒီနေ့မှာတော့ အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ပြိုင်ဘက် အပြင်းထန်ဆုံး အသင်း ၂သင်းဖြစ်ပါတယ်။ ဟိုးအရင်ကတော့ ရွိုင်ကိန်းနဲ့ ဗီအဲယားတို့ရဲ့ ယှဉ်ပြိုင်မှု ဖြစ်ပီး ဒီနေ့ ဒီအခါမှာတော့ ရော်နယ်ဒို နဲ့ ဖာဘရီဂတ်စတို့ရဲ့ ပြိုင်ပွဲ ဖြစ်လာခဲ့ပါပီ။ ချန်ပီယံလိဂ် သမိုင်းတလျှောက် မန်ယူအသင်းက ဆီးမီးဖိုင်နယ် အဆင့်သို့ ၁၁ ကြိမ် တက်ရောက်ခဲ့ပီး နောက်ဆုံး ဆယ်ကြိမ်မှာ ၇ ကြိမ် ရှုံးနိမ့်ခဲ့ပီး ဖိုင်နယ်သို့ တက်ရောက်ခဲ့သည် ၃ ကြိမ်မှာ ၃ ကြိမ်စလုံး ချန်ပီယံ ဖြစ်ခဲ့တာ တွေ့ရပါတယ်။ အာဆင်နယ် အသင်းအနေနဲ့ကတော့ ၂ကြိမ် တက်ရောက်ခဲ့ပီး ဖြစ်ပါတယ်။


မန်ယူအသင်း နောက်တန်း ကစားမား ဖာဒီနန်ဟာ ဒီပွဲမှာ နံရိုးဒဏ်ရာကြောင့် ပါဝင်နိုင်ဖွယ် မရှိဖူးလို့ သိရတာကြောင့် မန်ယူနောက်တန်းအတွက် အနည်းငယ် စိုးရိမ်ရပါတယ်။ အာဆင်နယ် အသင်းအနေနဲ့ကလည်း ဂါးလက်စ်တို့ ကလစ်ချီတို့အပြင် ဆီဗက်စတားကပါ ဒဏ်ရာကြောင့် ပါဝင်နိုင်ဖို့ မသေချာလှပါဘူး။


မန်ယူအသင်းအနေနဲ့ ကွင်းလယ်ရော အရှေ့တန်းပါ လူအင်အားအရ အာဆင်နယ်ထက် သာပါတယ်။ ပထမအကျော့ကလည်း နိုင်ထားတာကြောင့် အာဆင်နယ်အနေနဲ့ နောက်တဆင့် တက်ဖို့ဆိုတာ ၂ - ၀ နဲ့ အနိုင်ရရှိမှ ဖြစ်မှာပါ။ မန်ယူပဲ ဖိုင်နယ်အဆင့် တက်သွားမလား အာဆင်နယ်က မထင်မှတ်တဲ့ ရလဒ်တွေနဲ့ တက်သွားမလားဆိုတာတော့ သိပ်မကြာခင် တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply