မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

PFA အကောင်းဆုံး ကစားသမား



ကျနော်တို့ သရဲနီအသင်းရဲ့ ၀ါအရင့်ဆုံး ကွင်းလယ် ကစားသမား တဦးဖြစ်တဲ့ ရိုင်ယန်ဂစ်ဟာ ကြေးစား ဘောလုံးသမားများ အဖွဲ့ချုပ်က ချီးမြင့်တဲ့ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူး ပြီးခဲ့တဲ့ တနင်္ဂနွေညက ဆွတ်ခူး ရရှိခဲ့တယ်လို့ သိရှိရပါတယ်။ ဒီဆုဟာ ရိုင်ယန့် အတွက်  ပထမဆုံး အကြိမ် ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ သူဟာ PFA က ချီးမြင့်တဲ့ အကောင်းဆုံး လူငယ်ကစားသမားဆု ကိုတော့ ၂ကြိမ်တိုင် ရရှိခဲ့ပြီး ဖြစ်ပါတယ်။  ရိုင်ယန်ဟာ နောက်ဆုံး စကာတင် ခြောက်ယောက်မှာ အသင်းဖော်များ ဖြစ်တဲ့ ဗီဒစ်၊ စီရော်နယ်ဒို၊ ဖာဒီနန်၊ ဗန်ဒါးဆား၊ လီဗာပူးလ် ကပ္ပတိန် ဂျရတ် တို့နဲ့ အတူ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ လာမဲ့ အာဆင်နယ် အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ မန်ယူအတွက် ကစားပေးခဲ့တဲ့ ပွဲစဉ်ပေါင်း ၈၀၀ ပြည့်မဲ့ ရိုင်ယန့်အတွက် Congratulation ပါ ရိုင်ယန်ရေ။


ဒီဆုပေးခြင်း အစဉ်အလာကို ၁၉၇၃-၇၄ ဘောလုံးရာသီမှ စတင်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီဆုကို အင်္ဂလန်ရှိ ကစားနေတဲ့ ကြေးစားသမား ဘောလုံးသမားများက ရွေးချယ်တာ ဖြစ်ပီး ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့သူကတော့ လိဒ်ကစားသမား နော်မန်ဟန်တာ ဖြစ်တယ်လို့ သိရပါတယ်။ စကာတင် ကစားသမားများကို ဧပြီမှာ ထုတ်ပြန်လေ့ရှိပီး သိပ်မကြာခင် ဆုချီးမြင့်လေ့ ရှိတယ်လို့ သိရပါတယ်။

Filed Under: , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply