
မန်ယူအသင်းဟာ ယနေ့ပွဲစဉ်ကို လူစုံနီးပါးဖြင့် ထုတ်ကာ ကစားခဲ့တာကို တွေ့ရပါတယ်။ ရှေ့တန်းမှာ တီဗက်စ်နဲ့ ရူနီကို တွဲဖက်ကာ ကစားစေခဲ့ ပါတယ်။ အလယ်မှာတော့ ရော်နယ်လ်ဒို၊ ဖလက်ချာ၊ ဂစ်စ်နဲ့ ကာရစ်တို့ ပွဲထွက်လာကာ နောက်တန်းမှာ ဒဏ်ရာကြောင့် နားနေရတဲ့ ဖာဒီနန် နေရာမှာ အီဗန် ၀င်ကစားခဲ့တာကို တွေ့ရပါတယ်။
၁၂ မိနစ်မှာ ရော်နယ်ဒို ဖြတ်ပို့တဲ့ ဘောလုံးကို ရူနီ ပိတ်ရာမှာ လွဲချော်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာလည်း အဝေးကွင်းဖြစ်ပေမဲ့ တိုက်စစ် ဖွင့်ကစား ခဲ့တာကိုေ တွ့ရပီး အာရှာဗင် ခြေစွမ်း ပြတာကို တွေ့ရပါတယ်။ ၁၇ မိနစ်မှာ Crossing ပို့ပေးတဲ့ ဘောလုံးကို ရူနီ ခေါင်းတိုက်သွင်းရာမှာ လွဲချော်ခဲ့ပါတယ်။ နောက်ပိုင်းတော့ အပြန်အလှန် တိုက်စစ်ဆင် ကစားကြရင်း သေသေချာချာ ဂိုးသွင်းခွင့် မရရှိခဲ့ကြပါဘူး။ ပထမပိုင်း ပြီးခါနီး ရော်နယ်လ်ဒို စည်းစပ်က ဖရီးကစ် ကန်ခွင့်ရပေမဲ့ လွဲချော်ခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်အစမှာတော့ ပထမပိုင်းထက် ပိုအားစိုက် ကစားလာကြတာကို တွေ့ရပါတယ်။ ၅၂ မိနစ်မှာ မန်ယူ ကောင်တာဘော ရခဲ့ပေမဲ့ ဂိုးသမား ဦးသွားခဲ့ပါတယ်။ ၅၈ မိနစ်မှာတော့ အာဆင်နယ်အသင်းမှ Gibbs ၁၈ ကိုက်စည်းထိပ်က လှမ်းကန်ရာမှာ ဘေးချော်ထွက်သွားခဲ့ပါတယ်။ ချက်ချင်းပဲ ဖလက်ချာ ပို့ပေးတဲ့ ဘောလုံးကို တီဗက်စ် ဂိုးရဖို့ ကြိုးစားပေမဲ့ ဂိုးသမား ဦးခဲ့ပါတယ်။ ၆၆ မိနစ်မှာ တီဗက်စ်အစား ပတ်ခ်ဂျီဆန်ကို ထည့်ကစားခဲ့ပါတယ်။ တီဗက်စ်ဟာ ပရိတ်သတ်ရဲ့ အားပေးမှု အပြည့်ရခဲ့တာကိုတော့ အားရစရာ တွေ့ခဲ့ရပါတယ်။ ၆၈ မှာ အာဆင်နယ်ကလည်း အာရှာဗင်အစား ၀ဲကော့ နဲ့ နဆာရီ အစား ဘန့်တနာ တို့ကို လဲကာ ကစားခဲ့ပါတယ်။ ၇၁ မိနစ်မှာ ပတ်ခ်ဂျီဆန်က ရော်နယ်ဒို ပေးတဲ့ဘောလုံးကနေ သွင်းယူခဲ့ပေမဲ့ အော့ဖ်ဆိုဒ် ဖြစ်နေခဲ့ပါတယ် (ကျနော့်အထင်တော့ မကျွံဘူးထင်တာပဲ)။ ၇၈ မိနစ်မှာ ရခဲ့တဲ့ ရော်နယ်လ်ဒိုရဲ့ ဖရီးကစ်ဟာ အနည်းငယ် ကပ်လွဲသွားခဲ့တာဟာ မန်ယူအတွက် နစ်နာလှပါတယ် ဒီဘောလုံးသာ ၀င်သွားရင် တော်တော်လှပမဲ့ ဂိုး ဖြစ်မှာပါ။ ဒီလိုနဲ့ ပွဲအပြီးထိ ဂိုးမသွင်းနိုင်ပဲ ၁ မှတ်စီ သရေကျကာ မန်ယူက ပရီးမီးယားလိဂ် ဖလားကို ထပ်မံသိမ်းယူ ခဲ့ပါတယ်။
...
လင်းထက်
|
16 May, 2009
|
0 comments