မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Newcastle vs Manchester United

ကျနော်တို့ မန်ယူအသင်းဟာ ပွဲစဉ် ၂၈ အဖြစ် နယူးကာဆယ် အသင်းကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ဒီပွဲဟာ မန်ယူအတွက် အရေးပါလှတဲ့ ပွဲစဉ်တရပ် ဖြစ်တာနဲ့ အညီ အထူးပြင်ဆင်ပီး လူစုံထုတ်ကစားခဲ့တာကို တွေ့ရပါတယ်။ ဘာလို့ အရေးပါတဲ့ ပွဲစဉ် တပွဲ အဖြစ် ပြောရလဲ ဆိုရင် နယူးကာဆယ် ပွဲစဉ်ဟာ မှားလို့ မရတဲ့ ပွဲစဉ် တရပ်ဖြစ်နေလို့ပါပဲ။ ကာဆယ်ကို ကျော်နိုင်ခဲ့ရင် မန်ယူအသင်းအတွက် နောက်ပိုင်း ပွဲစဉ်တွေဟာ လွယ်ကူသွားပီး ဖလားရဖို့ နီးစပ်နေလို့ပါပဲ။


ကာဆယ်အသင်းကလည်း မန်ယူကို ဖိအားပေးနေကျ အသင်းပီပီ အိမ်ကွင်းမှာ သရေ ရလဒ်လောက်တော့ မျှော်မှန်းပီး အတော်လေး အားစိုက် ကစားခဲ့တာ တွေ့ရပါတယ်။ ပွဲစလို့ ကိုးမိနစ်မှာပဲ P.Lovenkrands ရဲ့ ဦးဆောင်ဂိုးနဲ့ မန်ယူကို ဦးဆောင်ခဲ့ပါတယ်။ အဲ့နောက်မှာ မန်ယူအသင်းဟာ အချိန်အဆက် မိလာပီး မိနစ် ၂၀ မှာ ခြေပဂိုးကို ရူနီက သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက်ပိုင်း ပွဲဟာ အပြန်အလှန်နဲ့ အတော်ကို ကြည့်ကောင်း ခဲ့ပါတယ်။ မန်ယူအသင်းအတွက် ဒုတိယ အနိုင်ဂိုးကိုတော့ ဘာဘာတော့ဖ်က 54 မိနစ်မှာ သွင်းယူ ပေးခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာလည်း ၂ သင်းလုံးဟာ ကစားအား မချပဲ ဂိုးရရှိဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ် ၇၀ ၀န်းကျင်မှာ မန်ယူအတွက် အပိုင်ဂိုးတွေ ရနိုင်မဲ့ အနေအထား ရှိခဲ့ပေမယ့် အဆုံးသတ် မသေချာမှုကြောင့် မန်ယူအသင်းဟာ ပွဲအပီးမှာ ကာဆယ်ကို ၁ - ၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။



P.S ဒီပွဲစဉ် Preview ကို မအားတာရယ် ကော်နက်ရှင် ကြောင့်ရယ် မတင်ဖြစ်ခဲ့တဲ့အတွက် လာရောက်ဖတ်ရှု သူအားလုံးကို အထူးပဲ တောင်းပန်ပါတယ်လို့ ။

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply