မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Fulham vs Manchester United

ကျနော်တို့ မန်ယူအသင်းဟာ ခု အပတ် စနေနေ့ မြန်မာစံတော်ချိန် ၁၁း၄၅ အချိန်မှာ ဖူလ်ဟမ် အသင်းနဲ့ အဝေးကွင်းမှာ FA Cup Qutar Final အဖြစ် သွားရောက် ယှဉ်ပြိုင်ကစား ရမှာ ဖြစ်ပါတယ်။ အစဉ်အလာတွေနဲ့ အောင်မြင်မှု အထွတ်အထိပ် ရောက်နေတဲ့ မန်ယူအသင်းအတွက် ဒီနေ့ ပွဲဟာလည်း အောင်ပွဲတခုလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်


အက်ဖ်အေ သမိုင်းတလျှောက် မန်ယူ နဲ့ ဖူလ်ဟမ် တွေ့သမျှ ပွဲစဉ်တွေမှာ မန်ယူအသင်းက အသာရ ကစားခဲ့ပေမဲ့ ပွဲစဉ်တိုင်းဟာ ခက်ခက်ခဲခဲ ကစားရလေ့ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လတ်တလောမှာ ဖူလ်ဟမ်အသင်းဟာ ပရီးမီးယားလိဂ်မှာလည်း ခြေစွာနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အိမ်ကွင်းမှာ သွင်းဂိုး ၂၁ ဂိုး ပေးဂိုး ၉ ဂိုးသာ ရှိတဲ့ ဖူလ်ဟမ် နောက်တန်းကို မန်ယူ အသင်း အနေနဲ့ ထိုးဖောက်ရတာ အမှန်ပဲ ခက်ခဲမှာပါ။ မန်ယူအသင်း အနေနဲ့ကတော့ လူငယ်တွေနဲ့ ၀ါရင့်ကစားသမားတွေ တွဲဖက်မှုက အချိတ်အဆက်မိနေသလို ဂိုးသွင်းမှုကလည်း လျော့ကျခြင်း မရှိသေးပါဘူး။ တချက်အနေနဲ့ ဖူလ်ဟမ်ကွင်းမှာ ကစားတဲ့အခါ အခက်အခဲ တွေ့ရတတ်တဲ့ အစဉ်အလာလေးကို သတိထားရမှာပါ။ ဒီပွဲဟာ မန်ယူအသင်းအတွက် ဖလား နောက်တလုံးကို ယူဆောင်ပေးနိုင်မဲ့ ပွဲလေလားဆိုတာကိုတော့ ဒီည စောင့်ကြည့်ရမှာပါ။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply