မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

မန်ယူအတွက် ပထမဆုံး ဖလား လား ?

ကျနော်တို့ မန်ယူအသင်းဟာ ဒီတပတ် ဆန်းဒေး မြန်မာစံတော်ချိန်ည  ၉း၃၀ မှာ ကားလင်းဖလား ဖိုင်နယ်ပွဲစဉ် အနေနဲ့ စပါး အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံ စပါးအသင်းကို ကျနော်တို့ ယှဉ်ပြိုင်ဖို့ အနည်းငယ် ခက်ခဲလိမ့်မယ်လို့ ကျနော် မြင်ပါတယ်။ စပါးအသင်းဟာ ပရီးမီးယားလိဂ်မှာ ဘယ်လို အခြေအနေပဲ ရှိရှိ ကားလင်းကပ်မှာ ခြေစွာခဲ့တာကို သမိုင်းတလျှောက် တွေ့ရပါတယ်။ ၄ ကြိမ်တိုင် ကားလင်းဖလား ကို ပိုင်ဆိုင်ထားတဲ့ စပါးအသင်းကို ၂ကြိမ်သာ ရရှိထားတဲ့ မန်ယူအသင်းအတွက် အနည်းငယ်တော့ အခက်တွေ့စေမှာ အမှန်ပါပဲ။



လက်ရှိ မန်ယူအသင်းမှာ ဒဏ်ရာရ လူတချို့ကြောင့် ပွဲစဉ်တွေကို တော်တော်ခက်ခက်ခဲခဲ လူရွေးကစားနေရပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာလည်း နောက်တန်းတော်တော်များများ ကစားနိုင်ခဲ့လို့ အိုရှေးကို ညာနောက်ဖက်ပို့ကာ ကစားစေခဲ့ရပါတယ်။ ဒီလို လူရွေးကစားရတာဟာ မန်ယူအသင်းအတွက် အခက်အခဲတခုပါပဲ .. ဒီလိုအခြေအနေမှာ အသင့်သုံးနိုင်ဖို့ နောက်ခံ လူအား ထပ်ဖြည့်သင့်တယ်လို့ မြင်ပါတယ် အရံပေါ့။ ဂိုးသွင်းအား အနေနဲ့ စပါးအသင်းဟာ စိတ်ကျေနပ်လောက်စရာ ရလဒ်မျိုး မရှိပါဘူး။ မန်ယူအသင်းကတော့ ရွန်နီ၊ ဘာဘာတော့ဖ်အတွဲ ထွက်လာဖွယ်ရှိပီး ရော်နယ်လ်ဒို၊ နာနီ (သို့) ပတ်ခ်ဂျီဆန်တို့ ရဲ့ ကွင်းလယ်အတွဲ ထွက်လာဖွယ်ရှိပါတယ်။ မန်ယူအသင်း ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖွယ် ရှိပီး ခြေစွမ်းအရ မန်ယူပဲ ဗိုလ်ဆွဲသွားပါလိမ့်မယ်။

Filed Under: ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply