ပထမဆုံးဆုဖလားများလေလား?
လင်းထက်
|
27 February, 2009
|
0 comments
ဒီတစ်ပတ် တနင်္ဂနွေမှာတော့ မန်ယူရဲ့ ပထမ
ဆုံးဆုဖလားအတွက် နောက်ဆုံးတိုက်ပွဲလို့
ခေါ်ဆိုရမဲ့ မန်ယူနဲ့တော့တင်ဟမ်ဟော့စပါး
တို့ ကာလင်းဖိုင်နယ်ပွဲကို ကန်ရပါလိမ့်မယ်။
ဖလား ၄ လုံးလမ်းကြောင်းပေါ်က မန်ယူအ
သင်းကတော့ ရယူနိုင်ဖို့ လက်တစ်ကမ်း အ
လိုက ဒီပထမဆုံးဖလားကိုတော့ အလွယ်တ
ကူ လက်လွတ်ခံမှာ မဟုတ်ပါဘူး။ ပရီမီးယား
လိဂ်မှာ အခြေအနေမကောင်းတဲ့ စပါး အသင်း
အနေနဲ့လည်း ဒီဖလားကို အာရုံစိုက်ဖို့ရှိပါ
တယ်။ ပြီးတော့ ရှုံးထွက်ပွဲတွေဆိုရင် ဖာဂူဆန်
ကို အနိုင်ယူပြလေ့ရှိတဲ့ နည်းပြ ဟယ်ရီရက်နက်
ကြောင့်လည်း ဒီကာလင်းဖိုင်နယ်ဟာ စိတ်ဝင်
စားစရာပါ။ ကျွန်တော့လက်ထက်အသင်းလူစာ
ရင်းတွေထဲမှာ ဒီနှစ်လူစာရင်းကတော့ အတောင့်
တင်းဆုံးပါလို့ဆိုထားတဲ့ ဖာဂူဆန်ရဲ့ ပွဲထွက်လူ
စာရင်းကတော့ စပါးထက်အသာရနေမှာ အသေ
အချာပါပဲ။ အင်တာနဲ့ချန်ပီယံလိဂ်ပွဲမှာ ထုတ်မသုံး
ခဲ့တဲ့ ကွင်းလယ်က ပေါစခိုးနဲ့ တိုက်စစ်မှူး ၀ိန်းရူနေ
တို့ကတော့ ဒီပွဲရဲ့ အမာခံကစားသမားတွေ ဖြစ်လာ
ပါ့မယ်။ တောင်ပံမှာ တော့ ရော်နယ်ဒိုကို နာနီနဲ့ဖြစ်
စေ ရိုင်ယန်ဂစ်နဲ့ဖြစ်စေ တွဲကစားကြပါလိမ့်မယ်။
စပါးတိုက်စစ်ဟာ ထိပ်တန်းအဆင့်ရှိနေတဲ့အတွက်
ဖာဂူဆန်အနေနဲ့ နောက်တန်းကိုတော့ လူစုံကစား
စေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်စေ မန်ယူရဲ့ ပထမဆုံး
ဆုဖလားဟာ ခက်ခဲလာနိုင်ပေမဲ့ စိတ်ဓါတ် အင်အား
အမြင့်ဆုံးမှာရှိနေတဲ့ မန်ယူတို့ ကာလင်းဖလားကို
ကိုင်မြှောက်သွားနိုင်မှာကတော့ အသေချာဆုံး
ရလာဒ်တစ်ခုပါပဲ။
ဖြစ်နိုင်ဖွယ်လူစာရင်းကတော့
ကုဇက်
အိုရှေး၊ ဖာဒီနန်၊ ဗီဒစ်၊ အီဗရာ
ရော်နယ်ဒို၊ ပေါစခိုးလ်၊ ကားရစ်၊ နာနီ
တိဗက်ဇ်၊ ၀ိန်းရူနီ
Filed Under: Match Preview
0 comments
Trackback URL | Comments RSS Feed