မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

မန်ချက်စတာယူနိုက်တက် Vs ဝီဂန်

ဒီကနေ့ပွဲမှာ ရှေ့တန်း တိုက်စစ် အနေနဲ့ ရူနီ ဘာဘာတော့ဗ် အတွဲ နဲ့ပွဲထွက်လာခဲ့ ပြီး ရူနီကလဲ ဖာဂူဆန်ရဲ့ မျှော်လင့်ချက် ကိုဖြည့်ဆည်းပေး ခဲ့ပါတယ်..။
နောက်တန်း မှာတော့ ချယ်ဆီးနဲ့ ပွဲမှာ ခြေသလုံးဒဏ်ရာ ရခဲ့တဲ့ အီဗရာ အစား ဂျွန်အိုရှေး က ကစားခဲ့ပြီး နာနေတဲ့ နောက်တန်းခံစစ်မှုး မှုး ဖာဒီနန် လဲ ဒီပွဲမှာ မပါဝင်ခဲ့ နိုင်ခဲ့လို့ ဗီဒစ် ကပဲ ဦးဆောင် ကစားသွားခဲ့ပါတယ်..။

ဒီပွဲမှာ အာရှသား ပက်ဂျီဆွန် ကိုလဲ အနားပေးထားခဲ့ပါတယ်..။

ပွဲစလို့ ၅၁ စက္ကန့်မှာပဲ ညာဖက်က ရော်နယ်ဒို ထောင်ပေးလိုက်တဲ့ဘောလုံး ကို ဝိန်းရူနီ ကပြေးပိတ်ပြီး မန်ယူအတွက် ဦးဆောင် အဖွင့်ဂိုးကို သွင်းယူသွားပါတယ် ခင်ဗျာ..။

ဒါပေမယ့် ပွဲစဂိုးသွင်းပြီး ၆ မိနစ်ကြာတဲ့ အချိန်မှာပဲ ရူနီနဲ့ တိဗက်စ် ကို လဲလိုက်ပါတယ် ..။

ရူနီကို အနားပေးပြီး တိဗက် ကို သွေးပူလေ့ကျင့်ခန်း လုပ်စေချင်တဲ့ သဘော ထင်ပါတယ်..။

၂၄ မိနစ်မှာ တိဗက်စ် ဘောလုံး ကို လွတ်လွတ်ကျွတ်ကျွတ်ရ ပြီး ဂိုးသမားကို ခေါက်ပြီး ကျော်ထွက်လာပေမယ့် ကန်သွင်းတဲ့ အချိန်မှာ နောက်ခံလူနဲ့ထိပြီး ထောင့်ကန်ဘော ဖြစ်သွားပါတယ်..။.

မိနစ် ၃၀ မှာ နာနီတင်ပေးတဲ့ ဘောလုံးကို ရော်နယ်ဒို ခေါင်းတိုက်ဖို့ ကြိုးစားပေမယ့် တစ်ဖက်နောက်ခံလူ ဦးသွားတဲ့ အတွက် ဂိုးရခွင့်နဲ့လွဲချော် ခဲ့ရပါတယ်..။

ဒီ့နောက်ပိုင်းမှာလဲ မန်ယူဟာ တစ်ဖက်သပ် တိုက်စစ်ဆင် ရင်းနဲ့ အဆုံးသတ် မှုအားနည်းတာ တစ်ကြောင်း တစ်ဖက်အသင်း နောက်ခံလူတွေ ခံစစ် အားပြုကစားနေတာ တစ်ကြောင်းကြောင့် ထပ်မံဂိုးမရ ရှိပဲ ပထမပိုင်း ၄၅ မိနစ်ပြီးဆုံးခဲ့ပါတယ်..။

ဒုတိယပိုင်း ပြန်စတဲ့ အချိန်မှာ မန်ယူကပဲ ဆက်လက်ဖိကစား ထားပေမယ့် ဝီဂန် အသင်းကလဲ တစ်ချက် တစ်ချက် ပြန်လည်ထိုးဖောက် မှုတွေ ပြန်လုပ်နိုင်ခဲ့ပါတယ်..။

ဒုတိယပိုင်း ၅၈ မိနစ်မှာ နာနီနဲ့ အန်ဒါဆင် ကိုလူစားလဲလှယ် ခဲ့ပါတယ်

မိနစ် ၆၀ ခန့်ကစပြီး ဝီဂန် အသင်းရဲ့ တိုက်စစ် မှာ ဘောလုံးဟာ မန်ယူ အသင်းရဲ့ ဂိုးပေါက်နားမှာ ဝဲနေခဲ့ပါတယ်..။

၆၆ မိနစ်မှာ ဝီဂန် အသင်းရဲ့ ကစားသမား ကျောနံပတ် ၈ ဂျာစီ ဝတ်ဆင်ထားသူ က အပြင်းကန်သွင်းလိုက်တဲ့ ဘောလုံးကို မန်ယူဂိုးသမား ဗန်ဒါးဆားက ကာကွယ် လိုက်နိုင်ခဲ့ပါသည်..။

၇၃ မိနစ်မှာ ရော်နယ်ဒို ကန်လိုက်တဲ့ ဘောလုံး ကို ဝီဂန် နောက်ခံလူက လက်နဲ့ ကာခဲ့ပေမယ့် ပင်နယ်တီ မပေးပဲ ဒေါင့်ကန်ဘော သာပေးခဲ့ပါတယ်..။

၈၅ မိနစ်မှာ ပေါစကိုးလ် ကို အနားပေးပြီး ဖလက်ရှ်ချာ ဝင်ကစားခဲ့ပါတယ်..။

ဒီကနေ့ပွဲမှာ မန်ယူတိုက်စစ် အတွဲ ဘာဘာတော့ဗ်နဲ့ တိဗက်စ် တို့ ဟာ ထူးထူးခြားခြားခြေစွမ်း မပြနိုင်ပဲ ဝိန်းရူနီ သွင်းပေးခဲ့သော ၁ ဂိုးဖြင့် သာ လက်ရှိချန်ပီယ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ အမှတ်ပေး ဇယားထိပ် ကိုရောက်ဖို့ လှေကား တစ်ထစ် ကို တစ်ဆင့်တက်လှမ်း နိုင်ခဲ့ပါတယ်ခင်ဗျာ..။

Wayne Rooney 51 sec:



Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply