မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

နွေရာသီတွင် အာရှသို့ ခရီးထွက်ဦးမည့် မန်ယူ


မန်ချက်စတာယူနိုက်တက်အသင်းမှာ လာမည့်နွေရာသီတွင် အာရှသို့ နောက်တကြိမ်လာရောက်ပြီး ပွဲစဉ်လေးပွဲကစားရန်စီစဉ်ထားကြောင်း မန်ချက်စတာအေပီသတင်း၌ ဖော်ပြသွားသည်။ သရဲနီများ၏ အာရှခရီးစဉ်မှာ ၁၉၉၅ခုနှစ်ကစပြီး ယခုတခေါက်အပါဝင် ခုနစ်ကြိမ်မြောက်ဖြစ်သည်။ တရုတ်၊ တောင်ကိုးရီးယား နှင့် မလေးရှားနိုင်ငံများသို့ ယခင်ခရီးစဉ်များက ရောက်ရှိခဲ့ဖူးပြီး ယခုအကြိမ်တွင် အင်ဒိုနီးရှားသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။ မန်ယူအသင်း အမှုဆောင်အရာရှိ ဒေးဗစ်ဂီးလ်က "ကျွန်တော်တို့ ရဲ့ အာရှခရီးစဉ်ဟာ အမြဲတမ်း ထူးခြားကောင်းမွန်မှု ရှိပါတယ်။ ပရိတ်သတ်တွေရဲ့ ကြိုဆိုအားပေးမှုတွေဟာ အံ့သြစရာကောင်းလှပါတယ်။ ကလပ်အနေနဲ့လည်း ဒေသတခွင်က ဒီလိုပြိုင်စံရှားအားပေးထောက်ခံမှုတွေကို ရရှိလို့ အထူးဂုဏ်ယူကျေနပ်ရတဲ့အပြင်၊ ပရိတ်သတ်တွေကို သူတို့ရဲ့ ဟီးရိုးတွေ သူတို့နိုင်ငံမှာ လာရောက်ကစားတာကို မျက်ဝါးထင်ထင်မြင်တွေ့ခွင့်ပေးနိုင်တဲ့အတွက်လည်း ပီတိဖြစ်ရပါတယ်။"ဟု လာမည့်အာရှခရီးစဉ်နှင့် ပတ်သက်၍ ဗုဒ္ဓဟူးနေ့က ပြောကြားသွားခဲ့သည်။

မန်ယူအသင်းမှာ ဇူလိုင်လ(၁၆)ရက်နေ့တွင် တရုတ်နိုင်ငံသို့ စတင်ထွက်ခွာမည်ဖြစ်ပြီး(တရုတ်တွင်ကစားမည့်ပွဲစဉ်အတွက် အသေးစိတ်ဆွေးနွေးမှု မရှိသေးချေ။)၊ ထိုမှတဖန် တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့သို့ သွားရောက်ပြီး ကမ္ဘာ့ဖလားအားကစားကွင်းကြီး၌ ဖူလိုင် (၂၀)ရက်တွင် ပွဲတစ်ပွဲကစားသွားမည်ဖြစ်သည်။ ထို့နောက် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်သို့သွားရောက်ပြီး ဇူလိုင်လ(၂၄)ရက်နေ့တွင် အင်ဒိုနီးရှားစူပါလိဂ်လက်ရွေးစင်များအသင်းနှင့် ဂီလိုရာဘန်ကာနိုကစားကွင်း၌ ချစ်ကြည်ရေးပွဲကစားဦးမည်ဖြစ်သည်။ ခရီးစဉ်၏ နောက်ဆုံးပွဲစဉ်ကို မလေးရှားလက်ရွေးစင်အသင်းတစ်သင်းနှင့် ဇူလိုင်လ(၂၆)ရက်နေ့တွင် ရှာ့အလမ်းကစားကွင်းသို့မဟုတ် ဖူးခစ်ဂျလဲလ်ကစားကွင်း၌ ကစားသွားမည်ဟု သိရသည်။ မန်ယူအသင်းအားပေးသူ ပရိတ်သတ်ပေါင်း ၃၃၃သန်းအထဲတွင် အာရှဒေသမှ ၅၀%အထက် ပါဝင်ကြောင်းလည်း ကလပ်မှ ပြောကြားသွားခဲ့သည်။ "ဒီခရီးစဉ်မှာ နယ်မြေသစ်အချို့သို့ ကျွန်တော်တို့ ရောက်ရှိနိုင်ပါလိမ့်မယ်။ ၂၀၀၁ခုနှစ်ကနေ မရောက်သေးတဲ့ မလေးရှားမှာ တစ်ပွဲကစားသွားမယ်။ ပြီးတော့ အင်ဒိုနီးရှားမှာ တစ်ပွဲကစားဦးမယ်။ ကျွန်တော်တို့ အတွေ့အကြုံအသစ်တွေ အများကြီးရလာဖို့ သေချာတယ်။"ဟု ဒေးဗစ်ဂီးလ်က ဆက်လက်ပြောကြားသွားခဲ့သည်။

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply