Leave or Stay
လင်းထက်
|
13 January, 2009
|
2 comments
ကဲ သတင်းတွေထွက်လာပါပီ။ ရော်နယ်လ်ဒို ရီးရဲလ်ကို တကယ်ပြောင်းတော့မယ်တဲ့ .. ပြောင်းရွှေ့မယ့် အသင်းကတော့ ဂလက်တီကိုလို့ နစ်ခ်နိမ်းရတဲ့ ကြယ်စင်ကစားသမားများ စုဝေးရာ ရီးရဲလ်မက်ဒရစ်သို့ပါပဲ။ ဒီလို သတင်းမျိုးဟာ ပီးခဲ့တဲ့ နွေရာသီတည်းက ပေါ်ထွက်လာတဲ့ သတင်းတွေပါ။ အဲဒီတုန်းကလည်း မန်နေဂျာ ဖာဂူဆန် ကိုယ်တိုင် ရော်နယ်လ်ဒိုကို မန်ယူမှ မထွက်ခွာဖို့ စည်းရုံးခဲ့ပါတယ်။ ဒါကြောင့်သာ မန်ယူအသင်းမှာ ဒိုလေးဟာ ဆက်ရှိနေတာ ဖြစ်ပါတယ်။
ယခုလည်း ဖြစ်ပေါ်လာတဲ့ သတင်းတွေအပေါ် ရော်နယ်လ်ဒိုက ငြင်းပယ်လိုက်ပေမဲ့ .. ရီးရဲလ်နည်းပြနဲ့ ဥက္ကဌ ဆီကတော့ လာမဲ့ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးကာ ပေါင်ဆယ်သန်းဖြင့် ပြောင်းရွှေ့နိုင်ခွင့် ရှိနေတဲ့ ရော်နယ်လ်ဒိုကို တပတ်လုပ်ခ ပေါင် ၂သိန်း ၂သောင်း ဖြင့် ၁၀၅ သန်းတန် စာချုပ်ဖြင့် လျှို့ဝှက် သဘောတူညီမှု ရရှိထားပီလို့ အတိအကျထုတ်ဖော်ပြောသွားပါတယ်။
ဒါဆို ကျနော်တို့ အသင်းအတွက် စဉ်းစားစရာရှိပါတယ်။ ရော်နယ်လ်ဒိုသာ ထွက်သွားခဲ့ရင် မန်ယူမှာ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ? သေချာပါတယ် အနည်းနဲ့အများတော့ ဒုတ်ခရောက်စရာရှိပါတယ်။ ယခုလက်ရှိ အောင်မြင်မှုတွေဟာ သူ့ရဲ့ပံ့ပိုးမှုတွေနဲ့ မကင်းဘူးဆိုတာ ကျနော်တို့ ဖန်အားလုံးလည်းသိပါတယ်။ ယခု အသင်းမှာ သူ့နေရာက ကစားတဲ့လူ ဆိုတာ ဖလက်ချာ နဲ့နာနီ သို့ အန်ဒါဆင်ပဲ ရှိပါတယ်။ ဒါပေမဲ့ အားလုံး သိတဲ့ အတိုင်း သူတို့တွေဟာ ရော်နယ်ဒိုလ်အတွက် အရံပဲ ရှိတယ်ဆိုတာကို။ အသစ်ဝင်ထားတဲ့ တော့ဆစ်က လည်း ဘယ်တောင်ပံကစားသမားသာ ဖြစ်တဲ့အတွက် သူထွက်သွားတဲ့အခါ ဘယ်လိုများ ဖြည့်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ ရော်နယ်လ်ဒိုဟာ သူ့အောင်မြင်မှုတွေကြောင့် လူချစ်များသလို သူ့ကို မုန်းတဲ့လူတွေလည်း ရှိနေပါတယ်။ အဲဒီတော့ ဒိုလေးကို မန်ယူအသင်းမှာ ရှိစေချင်တဲ့သူ/ မရှိစေချင်တဲ့သူဆိုပီး ဗုတ်လုပ်ကာ ကျနော်တို့ ဖန်တွေရဲ့ စိတ်ထားကို ကြည့်ရအောင် .. ဗုတ် အစီအစဉ်လေးကို ဘေးမှာ ဗုတ်သွားနိုင်ပါတယ်။ ကျနော်ကတော့ မပြောင်းစေချင်ဘူးဗျာ :) ။

Filed Under: Man U News , Player News
လုံးဝ မပြောင်းစေချင်ပါဘူး...
မပြောင်းဖို့လည်း ဗုတ်ခဲ့..တယ်....
ဆောရီးပါ.. အပေါ်က ခေါင်ခေါင်ပါ... ရေးချင်စိတ်များသွားပြီး.. နစ်ကို မပြောင်းမိလိုက်ဘူး... :) မိုင် အပိုလိုဂျီစ်... ဟီး