မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Interview with Ronaldo


ဒီနေရာမှာ ကမ္ဘာ့အကောင်းဆုံးဘောလုံး သမားဆုရရှိခဲ့သူ ရော်နယ်ဒို ရဲ့ အကြောင်းလေး အနည်းငယ် ပြန်လည် တင်ပြချင်ပါတယ်..။

အသက် ၂၃ နှစ်သာရှိသေးတဲ့ ပေါ်တူဂီနဲ့ မန်ချက်စတာယူနိုက်တတ်တို့ရဲ့ ကြယ်ပွင့်ဖြစ်တဲ့ သူ့ရဲ့ခြေထောက်တွေအောက်မှာ အခုဆို တစ်ကမ္ဘာလုံးက ပျော်ဝင်စီးဆင်းနေခဲ့ပြီဖြစ်ပါတယ်။ အဲ့လို တောက်ပနေတဲ့ ရော်နယ်ဒိုရဲ့ ထူးချွန်တဲ့ ခြေစွမ်းတွေဟာ မနေ့က ချယ်လ်ဆီးကို ၃းဝ နဲ့နိုင်ခဲ့တဲ့ပွဲမှာ အောင်ပွဲနဲ့အတူ ပရိတ်သတ်ရဲ့ နုလုံးသားထဲကို ပြန်လည် ၀င်ရောက်လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။

ဂိုးပေါင်း ၄၂ ဂိုးသွင်းယူခဲ့တဲ့ ၂၀၀၇/၀၈ ရာသီဟာ ရော်နယ်ဒိုအတွက် တကယ့်ကို အကောင်းဆုံး ရလဒ်တွေနဲ့ ပြောင်မြောက်တဲ့ ခြေရေခြေသွေးကို ပြသနိုင်ခဲ့ပြီး ပြည်တွင်းနဲ့ ဥရောပတလွှားမှာ သူ့ကို ဂုဏ်ပြုရေးသားခဲ့တဲ့ ခေါင်းကြီးပိုင်း ဆောင်းပါးတွေနဲ့ ပြည့်နှက်စေခဲ့ပါတယ်..။


ဒီလိုအချိန်မျိုးမှာပင် နောက်ထပ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲနှင့်အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ရော်နယ်ဒိုဟာ ဥရောပ ရွှေဖိနပ်ဆုကို ထပ်မံချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
နောက်ထပ်လည်း ဖီဖာ ရဲ့တနှစ်တာ အကောင်းဆုံး ရွေဘော်လုံးဆု ကိုလဲ ထပ်မံ ချီးမြှင့်ခြင်း ခံခဲ့ ရပါတယ်..။

မည်သို့ပင်ဖြစ်ပါစေ ရော်နယ်ဒိုရဲ့လက်ထဲမှာတော့ ယခုအချိန်မှာ ထိုက်တန်တဲ့ ဂုဏ်ပြုမှုတစ်ခုကို ပိုင်ဆိုင်ထားပြီးနိုင်ခဲ့ပြီဖြစ်ပြီး ဖီဖာမှပေး ချီးမြှင့်တဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုဟာ သူမှတစ်ခြား အခြားပေးစရာမရှိနိုင်တော့ဘူးဆိုတာကို မီးမောင်းထိုးပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။



သူ fifa.com မှာ ဖြေထားခဲ့တဲ့ Interview တစ်ခုထဲမှာတော့ အခုလိုပြောခဲ့ပါတယ် " ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ယောက် အဖြစ်ဂုဏ်ပြုခံရခြင်းဟာ တကယ့်ကိုကြီးမားဂုဏ်ယူဖို့ကောင်းတဲ့ ဆုလဒ်တစ်ခုပါပဲ။ အားလုံးသော ဘောလုံးသမားများရဲ့ အိပ်မက်ဟာလဲ ဒီဆုကို ဆွတ်ခူးရရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ ငယ်ရွယ်တဲ့ အသက်နဲ့ စာရင် ဒီနေရာ (Gala) ကို ဒုတိယအကြိမ်မြောက်ရောက်ရှိနိုင်ခဲ့ခြင်းဟာတကယ့်ကိုထူးဆန်းအံ့သြစရာကောင်းလှတာ အမှန်ပါပဲ"

"ကျွန်တော့်အမြင်အရပဲ ဖြစ်ဖြစ်၊ အားလုံးရဲ့ အမြင်မှာပဲ ဖြစ်ဖြစ် ၂၀၀၈ ဟာ တကယ့်ကို အရေးကြီးတဲ့ နှစ်တစ်ခုပါပဲ။ ကျွန်တော်တို့ Premier League နဲ့ ကမ္ဘာ့ ကလပ်များ ပြိုင်ပွဲတွေမှာ Champion ဆုဆွတ်ခူးအောင် ကြိုးစားနိုင်ခဲ့ကြတယ်။ ကျွန်တော်ကိုယ်တိုင်လဲ အင်မတန်လှပတဲ့ ဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ်..။

အထူးသဖြင့် ကျွန်တော့်ရင်ထဲမှာ အမှတ်တရ ကျန်ရှိခဲ့တဲ့ ဂိုးကတော့ Portsmouth, Roma, West hame နဲ့ Bolton တို့နဲ့ ကစားခဲ့တဲ့ ပွဲတွေပဲဖြစ်ပါတယ်။

မနှစ်က ဘရာဇီးကစားသမား ကာကာရဲ့ အနောက်မှာ ဒုတိယဖြင့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားကို ရရှိခဲ့တဲ့ ရော်နယ်ဒိုဟာ ဒီနှစ်မှာလည်း ဒီဆုကို ရရှိဖို့အတွက် ရာသီအစပိုင်းအချိန်များကို ခက်ခဲစွာ ဖြတ်သန်းခဲ့ရပါတယ်။

"ကျွန်တော့် ရည်ရွယ်ချက်တွေကို ဆက်လက်ထားရှိပြီး ကြိုးစားသွားဦးမှာ ဖြစ်ပါတယ်" " ဒီဆုကိုထပ်မံရရှိဖို့အတွက် ဘယ်လောက်ခက်ခဲတယ်ဆ
ိုတာကို ကျွန်တော်သိပါတယ် ဒါပေမယ့်ကျွန်တော် နောင်နှစ်တွေမှာလဲ ဒီ့ထက်ပိုကောင်းသည်ထက် ကောင်းအောင် ဆက်လက်ကြိုးစားသွားဦးမှာ ဖြစ်ပါတယ်။
ကျွန်တော်ကတော့ ရည်မှန်းချက် ကြီးပါတယ် ဟု ယခုနှစ် ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆု ရရှိသွားတဲ့ ရော်နယ်ဒိုမှ ပြောကြားသွားပါတယ်။

မူရင်း.. ဖီဖာသတင်း ဘာသာပြန်ဆို... ပြည့်ဦးအောင်

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

1 comment

Trackback URL | Comments RSS Feed

  1. မိုးသောက်ယံ says:

    ခုလို မန်ယူပလေယာတယောက်တည်းက ကဘာ့ ဘောလုံးသမား အကုန်လိုချင်တဲ့ ဆုတွေ အကုန် သိမ်းယူ နိုင်ခဲ့တာ ဂုဏ်ယူစရာပါ .. ဒိုလေးနဲ့အတူ ပျော်ရွှင်မိပါကြောင်း glory glory manchester united ..

     

Leave a Reply