မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

အိုးထရက်ဖိုဒ့်ကွင်းမှ သရဲနီတို့ရဲ့ ခြသေ့င်္သတ်ပွဲ

ဒီကနေ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အိုးထရက်ဖိုဒ့် ကွင်းကြီးမှာ သရဲနီတွေဟာ ခြင်္သေ့သတ်ပွဲ ကြီး ကျင်းပခဲ့ကြပါတယ်..။

ဒီပွဲဟာ နှစ်ဘက် အသင်းနှစ်သင်း လုံးအတွက် ချန်ပီယံသို့သွားရာလမ်းမှာ အရေးကြီးတဲ့ ပွဲတစ်ပွဲလဲ ဖြစ်တဲ့ အတွက် အတော်လေး အားထည့်ပြီးကစားသွားခဲ့ကြ သလို လက်ရှိချန်ပီယံ မန်ယူကလဲ ချန်ပီယံဆိုတာ ဘာလဲ လို့ အစွမ်းအစပြလိုက်နိုင်တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်..။

ပထမပိုင်း ၄၅ မိနစ်မှာ နှစ်ဖက် အသင်းဟာ အကြိတ်အနယ် ယှဉ်ပြိုင်ကစား ခဲ့ကြပြီး ဂိုးမရရှိခဲ့ကြပါဘူး..။

မန်ယူအတွက် ဂိုးသွင်း ခွင့်တွေလဲ အများကြီး ရရှိခဲ့ပေမယ့် ဂိုးရအောင်တော့ မသွင်းနိုင်ခဲ့ကြပါဘူး..။

ပွဲပြီးခါနီး နောက်ဆုံး ဒဏ်ရာရ အချိန်ပို ကိုရောက်မှ ဒေါင့်ကန်ဘောမှ တဆင့် ဗီဒစ်က ပထမဆုံး မန်ယူအတွက် အဖွင့်ဂိုးကို ခေါင်းတိုက် သွင်းယူခဲ့ပြီး ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်..။

ဒုတိယပိုင်း မှာ မန်ယူအသင်းဟာ တိုက်စစ် ကိုအရှိန်မြှင့်တင်ခဲ့ပြီး ဂိုးသွင်းခွင့် တွေပိုရရှိလာခဲ့ ပါတယ်.။

အဲဒီနောက်တော့ ဒုတိယပိုင်း ၆၃ မိနစ်မှာရိုနယ်ဒိုနဲ့ အီဗရာ တို့အပေးအယူလုပ်ပြီး ထောင်ပေးလိုက်တာကို မှတစ်ဆင့် ဘာဘာတော့ဗ် ကခေါင်းတိုက် ချပေးတာကို ဝိန်းရူနီကကန်သွင်းပြီး မန်ယူအတွက် ဒုတိယ အနိုင်ဂိုးကို သွင်းယူခဲ့ ပါတယ်..။

၈၂ မိနစ်မှာ ရိုနယ်ဒို သွင်းတဲ့ဂိုးကို လူကျွံဘောပြထားလို့ တတိယ ဂိုးရမယ့်အရေး ဆုံးရှုံးခဲ့ရပါတယ်..။

တဆက်ထဲဆိုသလို ၈၃ မိနစ်မှာ လူကျွံ ပြစ်ဒဏ်ဘောက ကျွံထွက်လာတဲ့ ဘောကို ရိုနယ်ဒို တရှိန်ထိုးကန် လိုက်ပေမယ့် ဘေးထွက်ဘော ဖြစ်သွားခဲ့ပါတယ်..။

၈၇ မိနစ်မှာ ပြစ်ဒဏ်ဘောကို ရိုနယ်ဒို ထောင်ပေးလိုက်တာ ကို ဘာဘာတော့ဗ် က တတိယမြောက် အနိုင်ဂိုးကို ကန်သွင်းယူခဲ့ပါတယ်..။

ဘာပဲဖြစ်ဖြစ် ဒီနေ့ပွဲမှာ မန်ယူ ဟာ ရှေ့လည်နောက် အားလုံး ကောင်းခဲ့ပြီး ချန်ပီယံ ခြေစွမ်း ကို ပြနိုင်ခဲ့ပါကြောင်း..။





ကဲ ဒီမှာ သရဲနီတွေရဲ့ ဂိုးသွင်းပုံလေးတွေ့ကြည့်နိုင်ပါတယ်

ဗီဒစ် ၄၅ မိနစ်


ဝိန်းရူနီ ၆၄ မိနစ်


ဘာဘာတော့ဗ် ၈၇ မိနစ်

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

2 comments

Trackback URL | Comments RSS Feed

  1. မောင်မျိုး says:

    ဒါမှာ ဒို့မန်ယူကွ

    Man-U Never Die ;)

     
  2. yinkha says:

    ချန်ပီယံဆိုတာ ဒါဘဲလို့ပြလိုက်တာ

     

Leave a Reply