မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ဝိန်းရူနီ၏ကြုံးဝါးသံ


ချယ်လ်ဆီးအသင်းအား ဂိုးပြတ်ဖြင့် အနိုင်ရရှိ ပြီးနောက် မန်ယူအသင်း တိုက်စစ်မှူး ရွန်နီက မိမိတို့ အနေဖြင့် ဗုဒ္ဓဟူးနေ့တွင် ၀ီဂန်၊ စနေနေ့ တွင် ဘော်လ်တန် အသင်းတို့အား အနိုင်ယူပြီး လီဗာပူးလ် အထက် အမှတ်ပေး ဇယား ထိပ်တွင် ရှိစေရမည်ဟု ပြောကြားခဲ့သည်။

လက်ကျန်ပွဲ ၂ပွဲ ကစားရန် ကျန်ရှိနေသေးပြီး လီဗာပူးပ်နှင့် ရမှတ် ၅မှတ် အကွာတွင် ရှိနေတာကြောင့် တနင်္လာတွင် မှ အဲဗာတန်နှင့် ကစား ရမည့် လီဗာပူးလ်ပွဲ မတိုင်ခင် ၎င်းတို့က အမှတ်ပေး ဇယားကို ဦးဆောင်ခွင့် ရရှိနိုင်မည် ဖြစ်သည်။

မန်ယူအတွက် ဒုတိယ အနိုင်ဂိုး သွင်းယူပေးခဲ့သူ ရွန်နီက တကယ့် ပြီးပြည့်စုံ နိုင်ပွဲပါဟု ပြောကြားခဲ့ပြီး စနေနေ့က လီဗာပူးလ် အသင်း သရေကျ တာကလည်း သူတို့ လိုအပ်နေတဲ့ အဖြေ ဖြစ်ခဲ့ ပါတယ်ဟု ဖွင့်ဟခဲ့သည်။

“အခု အခြေအနေ အားလုံးက ကျွန်တော်တို့ လက်ထဲမှာ ပြန်ရောက်နေပါပြီ၊ လီဗာပူးလ် မကစားခင် ဘော်လ်တန်၊ ၀ီဂန်တို့ကို အနိုင်ကစားပြီး အမှတ်ပေးဇယား ထိပ်မှာ ရပ်တည်နေနိုင်အောင် ကြိုးစားသွားမှာပါ” ဟု ပြောကြားခဲ့သည်။

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

1 comment

Trackback URL | Comments RSS Feed

  1. မိုးသောက်ယံ says:

    ရူနီနဲ့အတူ ကြုံးဝါးပါရစေ .. ကျနော်တို့ဟာ အရင်နှစ်တွေ ကလိုပဲ ချန်ပီယံဖလားသိမ်းနိုင်မဲ့ လက်တကမ်း အလို ရောက်နေပါပီ .. \m/

     

Leave a Reply