မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

2008 FIFA World Player award ဆုရှင်သရဲနီ ဒိုလေး

Cristiano Ronaldo သည် သူ၏ ပထမဦးဆုံး FIFA World Player (ကမ္ဘာ့ အမျိုးသား ဘောလုံး ကစားနိုင်သူ)ဆုကို ဆွတ်ခူးခဲ့ပြီး၊ သူနှင့် အတူ Marta မှလည်း တတိယကြိမ်မြောက် FIFA Women's World Player (ကမ္ဘာ့ အမျိုးသမီး ဘောလုံး ကစားနိုင်သူ) အဖြစ် ဆုရရှိခဲ့ကြသည်။ ထိုဆုပေးပွဲကြီးကို တနင်္ဂလာနေ့ ညနေပိုင်းတွင် ဆွစ်ဇာလန် ၊ ဇူးရစ်မြို့ရှိ ၁၈ကြိမ်မြောက် FIFA World Player ဆုပေးပွဲခန်းမကြီးတွင် ကျင်းပခဲ့သည်။

ရိုနာလ်ဒို အတွက် ၂၀၀၈ ခုနှစ်သည် အထူးအံ့သြဖွယ်ကောင်းသော ခုနှစ်ဖြစ်ခဲ့ပြီး၊ Manchester United အသင်းကြီးအတွက် ၃၁ ဂိုးတိုင်အောင် Premier League တွင် ဂိုးသွင်းပေးခဲ့သူအဖြစ် အောင်ပွဲခံခဲ့သူဖြစ်သည်။ ထို့ကြောင့် Manchaster United သည် အခြားအောင်ပွဲများသို့ ဆက်လှမ်းနိုင်ယုံသာမက UEFA Champions League သရဖူကိုလည်း ရယူနိုင်ခဲ့ပေသည်။

သူသည် နိုင်ငံတကာ ပွဲစဉ်များဖြစ်သည့် UEFA EURO 2008 တွင် လှပစွာ ကစားခဲ့သူဖြစ်ပြီး၊ ပေါ်တူဂီအသင်းကို ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ရောက်အောင် စွမ်းဆောင်ပေးခဲ့သူလည်းဖြစ်သည်။

ဆုပေးပွဲတွင် နိုင်ငံပေါင်း ၁၅၅ ခုမှ အသင်းခေါင်းဆောင်များ၊ ဘောလုံးအသင်း နည်းပြများ က ကမ္ဘာအကောင်းဆုံးဘောလုံးသမား ကို မဲပေးခဲ့ကြရာ စာရင်းပေးခံထားကြရသူ အမြောက်အများထဲတွင် ရိုနာလ်ဒိုသည် (၉၃၅) မှတ်ဖြစ် အောင်ပွဲရရှိခဲ့သည်။
အာဂျင်တီနားအသင်းမှ Lionel Messi က အမှတ် (၆၇၈) မှတ်ဖြစ် ဒုတိယဆု ဆွတ်ခူးခဲ့ပြီး၊
စပိန်အသင်းမှ Fernando Torres (၂၀၃) မှတ်၊
ဘရာဇီးအသင်းမှ Kaká က (၁၈၃) မှတ်နှင့်
စပိန်အသင်းမှ Xavi က (၁၅၅) မှတ်အဆင့်ဆင့်ဆုရရှိခဲ့ကြသည်။




မူရင်း-ဖီဖာသတင်း ဘာသာပြန်..ထိုက်မင်း

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

1 comment

Trackback URL | Comments RSS Feed

  1. ရှင်ရဲထွတ် says:

    အပြတ်သတ်ကို နိုင်တာပဲ။

     

Leave a Reply