မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Everton 1 - 1 Man UTD

ဒီနေ့ ပွဲစဉ်မှာ မန်ယူ အသင်းဟာ ထုံးစံအတိုင်း ၄-၄-၂ ပုံစံဖြင့်သာ ကစားကွက် ခင်းကျင်းခဲ့တာကို တွေ့ရှိရပါတယ်။ ရှေ့တန်းမှာ ရာပြည့်ဂိုး သွင်းယူမဲ့ ရူနီ နှင့် တွဲဖက် ဘာဘာတော့ဖ် တို့ကို ကစားစေခဲ့ပါတယ်။ တီဗက်စ်ကတော့ ခုထိ အရံကစားသမား အဖြစ်သာ မြင်တွေ့ခဲ့ရပါတယ်။ အဲဗာတန် အသင်းဟာ အိမ်ရှင်ပီပီ ပွဲစတာနဲ့ မန်ယူအသင်းကို ဖိကစား နိုင်ခဲ့ပါတယ်။ ပွဲစစချင်း အထနှေးတတ်တဲ့ မန်ယူရဲ့ အထာကို ကောင်းကောင်း ကျေညက်နေတဲ့ သဘောပဲ ဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ စုစုပေါင်း ပေးဂိုး ၁၈ ဂိုးအထိ ရှိခဲ့တယ်လို့ သိရပီး ပရီးမီယားလိဂ်မှာ ဒီရလဒ်ဟာ ပေးဂိုး အများဆုံးအသင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပွဲစလို့ ၂၁ မိနစ် အကြာမှာ မန်ယူ အသင်းဟာ ရိုင်ယန်ဂစ်စ် ထိုးပေးတာကနေ မှ တဆင့် ဖလက်ချာရဲ့ ဂိုးကနေ ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ မန်ယူဟာ အဲဗာတန်အသင်းကို ထိန်းကစား နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စတာနဲ့ အဲဗာတန်အသင်းဟာ ချေပဂိုး ရရှိဖို့ အတွက် တိုက်စစ်ကို အသားကုန် မြှင့်တင် ကစားကာ မန်ယူနောက်တန်းကို အလုပ်ပေးခဲ့ပါတယ်။ ၆၄ မိနစ်မှာ ဖီးလ်နဗီးရဲ့ ဖြတ်တင်ဘောကနေ ဖယ်လိုင်နင်က ခေါင်းတိုက်သွင်းကာ အဲဗာတန်ကို ချေပဂိုး ရရှိစေခဲ့ပါတယ်။ သိပ်မကြာခင် အချိန်တွင်းမှာပဲ ဖာဒီနန်ရဲ့ အမှားကနေ ရာကူဘူ ဟာ ဂိုးထပ်မံသွင်းဖို့ ကြိုးစားခဲ့ပေမဲ့ တိုင်ထိကာ မန်ယူအသင်း ကံကောင်းခဲ့ရပါတယ်။ ရော်နယ်ဒိုလ် ဟာ ဒီပွဲမှာ ခြေစွမ်း ပြနိုင်ခြင်းမရှိခဲ့တာကို တွေ့ရပါတယ်။ (ဒီလို ဖြစ်ရတာ ဟာ မကောင်းဘူးလို့ ယူဆပါတယ်။ မန်ယူဟာ ရိုနယ်ဒိုလ်ပေါ်မှာ ရပ်တည်နေတာလား ဆိုတာ စဉ်းစားစရာပါ။ တကယ်လို့ ရိုနယ်ဒိုလ်သာ တခြားအသင်း တခုခုကို ပြောင်း သွားခဲ့သည်ရှိသော် ... ဖာဂီ backup ထားသင့်ပါတယ်။) ဒီပွဲမှာ မန်ယူ သရေကျ ခဲ့တာကြောင့် ချဲလ်ဆီးနဲ့ လီဗာပူး တသင်းသင်းကသာ နိုင်ခဲ့ရင် ရှစ်မှတ်အကွာထိ ပြတ်သွား နိုင်ပါတယ်။


ဒီနေ့ပွဲအတွက် လူစားလဲ စာရင်း -

Everton FC
'88 J. Vaughan - Yakubu
'90 V. Anichebe - L. Saha

Manchester United FC
'67 Anderson - J.S. Park
'71 Nani - W. Rooney
'78 C. Tévez - D. Fletcher

ပြစ်ဒဏ်ရ စာရင်း

အဲဗာတန်

52' P. Jagielka (အ၀ါကဒ်)
57' P. Neville (အ၀ါကဒ်)
90' M. Fellaini (အ၀ါကဒ်)

မန်ချက်စတာယူနိုက်တက်

30' N. Vidic (အ၀ါကဒ်)
69' W. Rooney (အ၀ါကဒ်)
85' W. Brown (အ၀ါကဒ်)

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply