မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

စနေနေ့က ပွဲကြမ်းခဲ့တဲ့ သရဲ နီတို့ရဲ့  ဂိုးများ


အောက်တိုဘာ ၁၈ ရက်နေ့ စနေနေ့မှာ ကျင်းပသွားတဲ့ Manchester United နဲ့ West Bromwich တို့ ပွဲကို ကျွန်တော် ကြည့်ခဲ့ပါတယ်။ ပထမ ပိုင်းမှာတော့ တသင်းနဲ့ တသင်း အခြေအနေကြည့် ကစားနေကြပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ သရဲနီတို့ဘက်က တိုက်စစ်မှူးကြီး Wayne Rooney က အဖွင့်ဂိုးကို တယောက်တည်း West Bromwich ဘက်သို့ ဆွဲယူသွားပြီး လှလှပပ ကန်သွင်းလိုက်ပါတယ်။ နောက်ဆက်ပြီးတော့ သရဲနီတို့မှ လျင်လျင်မြန်မြန်နဲ့ သွက်လက်တဲ့ ပေါ်တူဂီ နိုင်ငံသား C. Ronaldo ကလည်း West Bromwich ဂိုးပေါက်ထဲကို ပိတ်ကန်လိုက်တာ သရဲနီတို့အတွက် ဒုတိယ ဂိုး ထပ်မံရရှိသွားပါတယ်။ မန်ယူရဲ့  ဘယ်ဘက်ထောင့်ကနေ ကန်တင်လိုက်တဲ့ ဘောလုံးကို D. Berbatov က အသာလေး ခြေထောက် ဆန့်ပြီး သွင်းလိုက်တဲ့ ပုံကလည်း တကယ့်ကို ပြောင်မြောက်လှတဲ့ ဂိုးသွင်းနည်းပါဘဲ။ နောက်ဆုံး မန်ယူရဲ့  ညာဘက်ကနေ တင်ပေးလိုက်တဲ့ ဘောလုံးကို Nani က ဂိုးပေါက်နား ကပ်ပြီး သွင်းသွားပါသေးတယ်။ သရဲနီတို့ရဲ့  ပွဲကြမ်းခဲ့တဲ့ ဂိုးများဟာ အလွန်အင်မတန် ပြောင်မြောက်တာကြောင့် သရဲနီ ပရိသတ်များအနေနဲ့ ကြည့်ရှုနိုင်ရန် အတွက် ဒီနေရာကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ လောလောဆယ် မန်ယူဟာ ၇ ပွဲ ကစားပြီး အဆင့် (၅) နေရာမှာ ရောက်ရှိနေပါတယ်။





ဒီအောက်က ဗွီဒီယိုကတော့ တိုက်စစ်မှူးကြီး Rooney ရဲ့  လှလှပပ သွင်းယူသွားတဲ့ ဂိုးကို ပြသထားတဲ့ ဗွီဒီယို ဖြစ်ပါတယ်။

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply