မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

နှင်းဆီနှက် တို့ကို ခြွေမဲ့...မနက်ဖြန်ည

အေဘော့နဲ့ ချန်ပီယံလိဒ်ပွဲမကြည့်လိုက်ရဘူးဗျာ။ ဘာဘာတော့လေးဂိုးစရသွားတာ ဂုဏ်မပြုလိုက်ရဘူး။ ပွဲမတိုင်ခင် ပိုစ်မတင်ဖြစ်တော့ ပွဲပြီးရင်တော့ ပိုစ့်တင်မယ်ပေါ့... ဟီး ဒါပေမဲ့ တနေ့လုံး သူငယ်ချင်းတွေနဲ့ ဆန်တိုစာ ဒိုးကြတာ ပြန်ရောက်တော့ ၁၂ရှိနေပီ။ ဒါနဲ့ နှိုးစက်ကို ၂နာခွဲပေးပေါ့။ အိပ်လိုက်တာ...နိုးစက်သံတောင်မကြားဘူး။ မနက်မိုးလင်းမှ နိုးတော့တယ်။ စိတ်နာတယ်ဗျာ ကိုယ့်ကိုယ်ကို ...ဟီး။။။ ကဲ ဒီအပတ်ကတော့ ပရီးမီးယားလိဒ်ပေါ့ကွယ် အဝေးကွင်းကလည်း အဝေးကွင်း ကစ်ရမယ့် အသင်းကြတော့လည်း ဘလက်ဘန်းဆိုတော့ စိုးရိမ်မိပါတယ်။ ဘလက်ဘန်းဆိုတာကလည်း တခြားအသင်းနဲ့တွေကျမှသာ တလွဲတွေ လုပ်တာပါ။ နှင်းဆီတွေက သရဲဆိုရင် မကြောက်ဘူးထင်တယ်။ နှင်းဆီးက နက်နက်ကြီးနော်။ မန်ယူဟေ့ဆိုရင် လာခဲ့။ ဖြဲမယ်ဆိုတာကြီးဘဲ။ ပီးတော့ ရွန်နီမပါဖို့က များတယ်။ ပေါယ်စခိုးကတော့ ၂လတောင် နားရမယ် ဆိုတော့ ဆွေးပီ။ နောက်တန်းကတော့ ထုံးစံအတိုင်း ဘဲလာမှာပါ... ဂစ်ပါရင်တော့ ဂလ်နဗီး မပါလောက်ဘူး။ အလယ်တန်းကတော့ ဘယ်လိုလာမလဲ စဉ်းစားလို့ မရဘူးဗျာ။ ဂျီဆန်လေးတော့ တွေ့ရမှာ သေချာသလောက်ပါဘဲ။ တီဗက်စ်နဲ့ ဘာဘာတော့ တွဲလုံးကို အကဲခတ်ရမှာပါ... ဂိုးတွေအများကြီး သွင်းမယ်လို့ မျော်လင့်ထားပါတယ်။ ခုတလောကျောင်းကလည်းပြန်ဖွင့်တော့ ဘက်ကြေးက ဘယ်လောက်ပေါက်လဲ တောင် သိဘူး ဟီးဟီး ပြောပြကြပါဦး ဟိ။ ဘလက်ဘန်းကို အဝေးကွင်း သွားကန်ရမှာ ဆိုပေမဲ့လည်း အရမ်းစိတ်ပူမနေကြနဲ့ဦးနော...အေးဆေးပေါ့။ နိုင်မှာပါ။ အလယ်တန်း ဆန်တာကို လူထုတ်မှန်ရင် ပူစရာမလိုပါဘူး။ ပီးတော့ ရှုံးလို့လည်း မဖြစ်ဘူးလေ။ ခုတောင် ၆မှတ်ပြတ်နေပီ။ ၆မှတ်ဆိုပေမဲ့ ၃မှတ်ပါဘဲ။ ကန်ရမယ့် လက်ကျန်တပွဲကိုက နိုင်မှာအသေအချာဘဲလေ ဟဲဟဲ။ ကဲ မနက်ဖြန်ကျရင် စလုံး စံတော်ချိန် ညသန်းခေါင် ၁၂ခွဲ ကျရင် စပါပီ။ အားလုံးဘဲ အားပေးလိုက်ကြတာပေါ့။ ဘာဘာတော့ ဂိုးသွင်းမှာတော့ အသေအချာဘဲနော .....

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply