မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

" ချန်ပီယံ ရွှေဘ "

စာမူပေးပို့သူ>>> လူလ


အိုး ... ဘာတဲ့ ချန်ပီယံ တဲ့လား- - - - ဘ၀င်ဟပ်သွားလို့ပါ ဒီလိုပဲ ဖြစ်တတ်ပါတယ်၊ သူတို့တတွေလဲ လောကီသားပေမို့ ဆိုသလိုပေါ့..ပုထုဇဉ်ပဲလေ၊ မရောင်ရာ ဆီ လိုက်လူးနေလို့ပါ အားမငယ် စိတ်မပျက်ပါနဲ့၊ ထိပ်က ပြေးနေတဲ့ အသင်းတွေနှင့် (၆) မှတ်ပဲ ဝေးတာလောက်ပဲ၊ အလောင်းကစားအထာဖြင့် ဖွရရင် (၂) ပွဲ စာ ပဲလေ တစ်ပွဲ သုံးမှတ်ဆိုတော့ ဟုတ်တယ်နော်၊ ဘကြီး အဲလစ်က layout ချ နေတာ ပုံစံမကျ ဖြစ်ချင်လဲ ဖြစ်နေမှာပေါ့ ပညာရှိ သတိဖြစ်ခဲ ဆိုတဲ့ စကားပုံလဲ ရှိသေးတယ်လေ၊ ဘောလုံးပြိုင်ပွဲက စစ်ပွဲနှင့်မတူတဲ့ တစ်ချက်က စစ်ပွဲက စစ်မျက်နှာ တစ်ခု အနည်းဆုံး နှစ်ခုပေါ့၊ ဘော်လုံးပွဲက ပြိုင်ဘက်အားလုံးကို ထည့်သွင်း စဉ်းစား ပုံစံချရတာပါ လိုတိုး ပိုလျှော့ဆိုတာကလဲ ကိုယ်ဖက်က ပိုင်မှပဲ လုပ်ရတယ်လေ။

ပြိုင်ဘက် အသင်း (၂၀) ရှိရင် ဒီအသင်းအားလုံးအတွက် စဉ်းစားပြီး ပွဲစဉ်တိုင်းကို ပုံသေချပြီး ကစားရမဲ့ ပုံစံကွက်တခုတော့ လုပ်ရတယ်၊နောက်ပြီး ဘယ်လို ယှဉ်ပြိုင် တိုက်ခိုက်ရမယ်လို့ နည်းဗျူဟာအပိုင်းကို အရှင်ကစားးရတယ်။ တိုက်စစ်ရဲ့ ထိုးဖောက်မှု၊ အလယ်တန်း အစွမ်းနှင့် ခံစစ်နောက်တမ်းရဲ့  ကြံ့ခိုင်မှု အားလုံးကို သုံးသပ်ပြီး ပုံစံတခုကို မူသေချပြီး ယှဉ်ပြိုင်ရတယ်ဆိုတော့ ရာသီအစမှာ နည်းနည်းတော့ ဂဂျိုးဂဂျောင်တွေ ဖြစ်နိုင်တယ်။ တိုက်စစ်အားကောင်းပြီး ခံစစ် ချွတ်ယွင်း အလယ်တန်း ယိမ်းယိုင်နေရင်လဲ ဂုဏ်ပုဒ်ကို လက်ကမ်း ဆောင်ကြဉ်းနိုင်မှာ မဟုတ်ဘူးလေ၊ တိုက်စစ်အားနည်းပြီး တခြားဟာတွေ ကောင်းနေသော်လည်း မဖြစ်ပြန်.. အင်း တော်တော် စဉ်းစားရတဲ့ အလုပ်ပဲ။

ရာသီအစဆိုတော့ ကစားသမား နည်းပြ ပိုင်ရှင် အပြောင်းအလဲက ဗျူဟာကျကျ စဉ်းစားရမဲ့အချက်တွေပါ၊ ဒါတွေနဲ့ ဘကြီးအဲလစ် အုန်း(ဦးနှောက်) စားနေမှာတော့ သေချာတယ်၊ သူရဲနီတွေမှာ အားသာတဲ့အချက်က တောဘုရင် ခြင်္သေ့က သားကောင်တွေကို လိုက်သလို သဲသဲ မဲမဲ လှုပ်ရှားတတ်ပါတယ်။ ကိုယ်ထက် တန်းနိမ့်တဲ့အသင်းတွေကိုတောင် သားကောင်ကို လွတ်မပေးချင်တဲ့စိတ်နဲ့ လိုက်နေတဲ့ ဆာလောင်နေသော ကျားသစ်လို တူတယ်။

ဒီနေရာမှာ တစ်ခု စစ်ပွဲနှင့် တူသွားတာက အသင်းတစ်သင်း ကောင်းမွန်ဖို့အတွက် သူရဲကောင်းက သေခြာ လိုအပ်ပါတယ်၊ တချို့ချို့သော လူတွေ ထောက်ပြနေတာက မန်ယူက ဒိုလေး မရှိရင် ဖြစ်တယ်လို့ ပြောကြတယ်။ မှားတယ် မှန်တယ်ဆိုတာကိုလဲ ကျွန်နော် သုံးသပ်မတတ်ဘူးဗျ၊ ဘော်လုံးလောကကို မှတ်တမ်းတခုဖြင့် ပြန်သုံးသပ်ရရင်တော့ ဘော်လုံးသူရဲကောင်းတွေ ရှိတဲ့ အသင်း၊ ကြေးစားဖြစ်ဖြစ် နိုင်ငံကိုယ်စားပြုတဲ့ အသင်းများက ဆုဖလားတွေ သိမ်းပိုက်သွားတာ များတယ်။ သေချာတာက ဒိုလေးက ပြီးခဲ့တဲ့ ဘော်လုံး ရာသီမှာ လူတိုင်းလက်ခံနိုင်ရတဲ့ သူရဲကောင်းတစ် ဖြစ်နေလို့ပဲလေ။ ထားလိုက်ပါတော့ စစ်ပွဲအကြောင်းနှင့် ယှဉ်ပြီး ပြောရရင် တပ်ဖွဲ့တစ်ဖွဲ့က စုပေါင်းညီညာပြီး တဖက်ပြိုင်ဘက်ကို အနိုင်ယူတတ်သလို ရန်သူရဲ့  မထင်မှတ်တဲ့ နေရာများကို လျင်မြန်ဖျတ်လတ်စွာ တန်းဝင် တန်းထွက် ထိုးဖောက် တိုက်ခိုက်မှသာ ကိုယ့်ရည်မှန်းချက် အောင်မြင်မှု ရနိုင်တယ်လေ။ ဒါကြောင့် သူရဲကောင်းဆိုတာ လိုအပ်တာတော့ အမှန်ပဲ။

အခုရာသီမှာ သူရဲနီတို့ရဲ့ အလယ်တန်းက အားမရဘူး။ စကိုးလ်စ် လို တောင့်တင်းရဲရင့်တဲ့ လူငယ်ကစားသမားတယောက် လိုတယ်။ စကိုလ်းလဲ အသက်ကြီးနေပါပြီလေ။ အန်ဒါဆန်(ဘရာဇီး)က ကောင်းတော့ ကောင်းတယ် လူနည်းနည်း ကြောက်သလို ဖြစ်နေတယ်။ နောက်တန်းထောက်ပို့ အလယ်တန်း ကစားသမားတွေ ဖြစ်တဲ့ ဗွီဒီစ်နှင့် ကားရစ်ခ်က လုံလောက်နေပြီ၊ ရှေ့တန်းထောက်ပံ့ ဖြစ်တဲ့ အလယ်တန်းက တကယ်ကို အားနည်းပါတယ်။ အင်္ဂလန်နိုင်ငံသားဖြစ်တဲ့ အလယ်တန်းမှာ ကောင်းကောင်း ကစားတတ်တဲ့ ကစားသမားတစ်ယောက် ရှိသွားရင်တော့ လုံးဝ ပြည့်စုံသွားပြီး ဆုဖလားအတွက် ပူစရာမလိုတော့ဘူးပေါ့။ ဒီလိုသာ ကစားသမားတစ်ယောက် ရရင်ဖြင့် မြေကြီးကို လက်ဖြင့် ခပ်ရင်တောင် လွဲချင်လွဲဦးမယ် ဆုဖလားက တော့ အသေအခြာ ရမယ်လို့ အတပ်ပြောနိုင်ပါ ရဲ့.....

ဘာပဲပြောပြောလေ ငယ်ငယ်တုန်းက ရုပ်ရှင်ထဲကလို့ ရွှေဘတို့ ခေတ်ကပေါ့ ။ ကျွန်နော်တို့ တောနယ်မှာ ရွှေဘပါတဲ့ ဇာတ်လမ်းတွေ ကြည့်ရင် အသဲချဲစက် မိုက်ခ်ကို အရေးပေါ် ပြောမဲ့ လူတယောက် စောင့်နေရတယ်လေ ။ ရွှေဘကို လူကြမ်းတွေက ၀ိုင်းထိုးနေပြီ ဆိုရင် ကြည့်တဲ့ ပရိသာတ်က သိပ်မကြည်ဘူးဗျ၊ မိုက်ခ် ကိုင်ထားတဲ့ လူက ရွှေဘကို ထိုးနေတဲ့အချိန်မှာ ကြားဖြတ်အော်ပေးရတယ်၊ ဘာလဲဆိုတော့... ရွှေဘက မကြာမှီ ပြန်လှည်ထိုးသတ်မည်တဲ့....နိုမို့ရင် မနက်ဖြန် ဆက်ပြရန်အတွက် ပိတ်ကားတော့ အနည်းဆုံး စုတ်ပြတ်သွားတယ်လေ။
သူရဲနီတွေလဲ အခက်အခဲ အမျိုးမျိုးကြောင်း လူကြမ်းတွေ ဆော်နေတဲ့ အချိန်မှာ စိတ်အားမငယ်ကြဖို့ တိုက်တွန်းရင်း ..မင်းသားဖြစ်တဲ့ ရွှေဘက ပြန်လည် ထိုးသတ်မည် ဖြစ်ကြောင်း.....

လူလ
ရွှင်လန်းချမ်းမြေ့ပါစေ...

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

2 comments

Trackback URL | Comments RSS Feed

  1. အညာသား says:

    အားမငယ်ပါဘူးဗျာ...။
    အားရပါးရ မရှိသေးတာ... :)

     
  2. မီးငယ် says:

    စောသေးလို့အကြောပေးထားတာနော်....

     

Leave a Reply