မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

စိတ်ထဲမှတော့ တနုံ့နုံ့ပေါ့ဗျာ...


မကျေနပ်ဘူးဗျာ။ ဒီပွဲကို နိုင်မယ်လို့ တွက်ထားပေမဲ့ မလွယ်မှန်းသိပါတယ်။ တကယ်ကစားတော့လည်း ချက်စိကွင်းဆိုတော့ ချက်စိတာပါတယ်။ မန်ယူက ပထပိုင်းအစနဲ့ ဒုတိယပိုင်းအစမှာ ကောင်းခဲ့ပါတယ်။ ဗန်ဒါးဆားမနာခဲ့ရင် ပွဲဟာ မန်ယူ နိုင်သွားနိုင်ပါတယ်။ လမ်းပတ်တယောက် ခြေစွမ်းမပြနိုင်တာလည်း ကျေးဇူးတင်ရမှာပါ။ အဆိုးဆုံးကတော့ ကျွန်တော်တို့ ဘာဘာတော့ပ် ခြေစွမ်းမပြနိုင်တာပါဘဲ။ အချိန်တော့ ပေးရမှာပေါ့လေ. ဗန်ဒါးဆား မနာခဲ့ရင် ဘာဘာတော့ပ်ကို နာနီနဲ့ လဲခဲ့ရင် မျှော်လင့်နိုင်ခဲ့ပါလိမ့်မယ် အနိုင်ဂိုးကိုပေါ့။ ရွန်နီကိုတော့ အပြစ်ပြောစရာမရှိဘူးဗျာ ဒီနေ့ပွဲမှာ သူတကယ်ကို ကြိုးစားသွားပါတယ်။ အဝါကတ်ကိုတော့ ပြန်တောင်ရောင်းစားရင် သူကြွယ်ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်တို့မန်ယူတသင်းလုံးနီးပါးကို ဝါတာဗျာ… စိတ်လေတယ်။
ကာလူးသွင်းသွားတဲ့ အလုံးဟာ ဘာဘာတော့ပ်ကြောင့်လို့ ပြောနိုင်သလို အီဗန်ကြောင့်လည်း ဟုတ်တာပါဘဲ။ လုံးဝမကပ်ဘူးဗျာ။ အလွတ်ကြီး။ ဂိုးရနိုင်တဲ့ အလုံးတိုင်းသာဝင်ခဲ့ရင်တော့ ကမန်တော်တို့မန်ယူ နိုင်ခဲ့မှာပါ။ ကဲ ချက်စိနဲ့ ပွဲတော့ ပီးသွားပီ။ အာကြီးကို အဝေးကွင်းမှာ သွားကန်ရင် နိုင်ခဲ့ပါစေလို့ဘဲ ဆုတောင်းပါတယ်။ ကိုယ့်ကွင်းကျရင်တော့ လုံးဝအနိုင်ကန်ရမှာပါ… ခုတော့ ၆မှတ်ပြတ်နေပါပီ။ ၁ပွဲရော့ပေါ့။ ဒိနေ့ပွဲမှာ အကောင်းဆုံးကစားသွားတဲ့ ရွန်နီကိုတော့ ကျေးဇူးတင်ပါတယ်။

နောက်ပွဲတွေမှာတော့ လုံးဝရှးုံလို့ မရတော့ဘူးဗျာ။ ဒါပေမဲ့ အများဆုံး ၃ပွဲတော့ မန်ယူရှုံးမယ်လို့ မျော်လင့်ထားပါတယ်။ ၉မှတ်ကတော့ ပလုံပေါ့ဗျာ။ ကဲဗျာ ကျန်တဲ့ ရာသီပွဲတွေတော့ နောက်မှဘဲ ရေးတော့မယ်။ အားလုံးလည်း ကျေနပ်ကြမှာပါ… ဒီနေ့သရေပွဲကို … we will definitely hear that *manchester united is champions again* in the last season...

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply