မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ကံကောင်းလို့

ချဲလ်ဆီးပရိတ်သတ်တွေကြားထဲမှာ ကိုယ့်အသင်းကို ကြိုက်လို့သာအားပေး ရတာ၊ အားမရတာတော့အမှန်ပဲဗျာ။ အထူးသဖြင့် ရှေ့တန်းတိုက်စစ်မှုး ဘာဘာတော့ ပေါ့။ ဘာဘာတော့ ရေ…….. မန်ယူတော့ ဈေးဝယ်မှားသွား ပြီလား ? ။ ကစားကွက် အံမ၀င်သေးတာလားတော့ မပြောတတ်ဘူး။ အ ဝေးကွင်းသရေ (၁)မှတ်အတွက် ကျေနပ်မိပေမယ့် အ၀ါကဒ်တွေများခဲ့တော့ နောက်ပွဲတွေအတွက် ရင်ပူရပြန်ပြီ။ အဆိုးဆုံးကတော့ ယနေ့အချိန်အထိ ချန်ပီယံခြေစွမ်းမျိုး မတွေ့သေးတာကို အားမရဆုံးပါပဲ။ နဗီးလ် နေရာက တော့ မန်ယူအတွက် အန္တရာယ်အရှိဆုံးလို့ ထင်တယ်။ တစ်ခါဖောက်ရင် တစ်ကြိမ်ရင်ခုန်နေရတယ်။ မန်ယူနောက်တန်း အားနည်းချက်ကိုသိတဲ့ ချဲလ်ဆီးရှေ့တန်းကလည်း ရတဲ့အခွင့်အရေးကို အမိအရယူသွားခဲ့တယ်။ တန်ဘိုးရှိတဲ့ နံပါတ်(၁)ဂိုးသမားလဲ အထိနာခဲ့ရပေမယ့် အနာဂတ်အတွက် အားကိုးရမယ့် ဂိုးသမားလေးရဲ့ လက်စွမ်းကိုတော့ အားရမိပါရဲ့။ ဒီနေ့အ တွက် အားအရဆုံး ကစားသမားကတော့ ရွန်းနီပါပဲ။ အသင်းအပေါ် မိသားစုစိတ်ဓာတ်အပြည့်အ၀နဲ့ ကစားသွားခဲ့တယ်။ အနိုင်ရလိုစိတ်ပြင်းပြင်း ထန်ထန်နဲ့ တစ်ကိုယ်ကောင်းမဆန်စွာ အင်တိုက်အားတိုက် ကစားခဲ့သူပါ။ ဟားဂရေ့ ကလည်း ကြံ့ခိုင်မှုပြည့်ဝစွာ ကစားသွားပုံမရဘူး။ ပရိတ်သတ် တွေ မျှော်လင့်ချက်ကြီးစွာထားခဲ့ရတဲ့ စီရော်နယ်ဒို ကလဲ ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့ဘူး။ အရှုံးကနေ သရေဖြစ်သွားစေခဲ့တဲ့ ကိုးရီးယားသား လေးကိုတော့ ကျေးဇူးတင်မိပါရဲ့။ ယနေ့ မန်ယူအတွက်တော့ ဆုံးရှုံးမှု တွေများခဲ့တာပါပဲ။ ပွဲပန်းနေလို့လား? ဒဏ်ရာရ ကစားသမားတွေပဲ များနေလို့လား? ဘာပဲဖြစ်ဖြစ် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဘို့အတွက် ဒီခြေစွမ်းနဲ့တော့ မရနိုင်သေးဘူး မန်ယူရေ…။ ။

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

1 comment

Trackback URL | Comments RSS Feed

  1. Anonymous says:

    မန်ယူမှာ ပြဿနာတစ်ခုရှိတယ်. အဆင်ပြေပြီးသားလူကို ၀ယ်ရင် အံမ၀င်ဖြစ်တတ်တာကိုပါ။.
    ဟားဂရ်ေဖ်က တိုက်စစ်နည်းနည်းသန်တယ်. အဲဒါကို ခံစစ်ကစားခိုင်းလို့ပါ သူမလိုက်တတ်ဖြစ်နေတာ.
    နောက် နဗီး.. သူက ဘောလုံးကို နောက်ပြန်လိုက်လိုက်နေတာ ကျွန်တော်က မကြိုက်ဘူး.
    ဖျက်စရာရှိတာကို ဖျက်ရမယ်. ဒါပေမယ့် အဝေးကွင်းနှစ်ကွင်းမှာ ဒီရလဒ်ကတော့ မဆိုးဘူး လို့တော့ စိတ်ဖြေထားပါတယ်

     

Leave a Reply