မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

အရေးယူခံ ရမဲ့ ဖာဂီ


မန်ချက်စတာယူနိုက်တက် အသင်း မန်နေဂျာ ဖာဂူဆန်ဟာ အထွေထွေ ဒိုင်အဖွဲ့ချုပ်ဒိုင်(Proffesional Game Match Officials Board - PGMO) ကိတ်ဟက် အား အခြေမဲ့ အပြစ်တင် စွဲချက် တင်မှု ကြောင့် အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် အက်ဖ်အေ က အရေးယူခံ ရတော့မဲ့ အရေးနှင့် ရင်ဆိုင်နေရပါတယ်။



ချဲလ်ဆီး အသင်းနောက်ခံလူ အသင်းခေါင်းဆောင် ဂျွန်တယ်ရီဟာ ပြီးခဲ့တဲ့ အပတ် ချဲလ်ဆီးနဲ့ မန်ချက်စတာစီးတီး အသင်း ယှဉ်ပြိုင် ကစားစဉ် မန်စီးတီး အသင်းသား ဂျိုးကို စွဲလှဲမှု ဖြင့် တိုက်ရိုက် အနီကဒ် ထိကာ အထုတ်ခံခဲ့ရမှုကို ဒိုင်၏ မှားယွင်း မှုအဖြစ် အယူခံဝင်ခဲ့ရာ ပြန်လည်စုံစမ်း စစ်ဆေးရာမှာ ဆွဲလှဲမှူ မှာ တယ်ရီဟာ နောက်ဆုံး လူမဟုတ်သေးပဲ သူ့နောက်မှာ နောက်ခံလူ ကာဗယ်ဟို ရှိသေးတာကြောင့် Last Defender မဟုတ်သေးတာမို့ ၄င်း၏ အနီကဒ် အပြစ်ဒဏ် ကို ပယ်ဖျက်ပေးခဲ့ပါတယ်။ ထိုသို့ ပယ်ဖျက်ပေးမှု ကို မန်ယူ အသင်း မန်နေဂျာ ဖာဂူဆန်က မကျေနပ်နိုင်ပဲ ၄င်း အမှုကိတ်စတွင် မန်ယူအသင်း၏ အသင်းသား တယောက်သာ ဖြစ်ခဲ့ပါက ထိုကဲ့သို့ ပယ်ဖျက် ပေးမည် မထင်ကြောင်း ဒိုင်အဖွဲ့ချုပ် ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ထိုသို့ ဝေဖန်မှုကြောင့် ယခုအချိန်မှာ ဖာဂီကို အရေးယူ နိုင်ရန် စီစဉ်လျှက် ရှိပါတယ်။ တယ်ရီဟာ သုံးပွဲ ပယ် ပြစ်ဒဏ်မှ လွတ်မြောက်ခဲ့တာကြောင့် လာမဲ့ ဆန်းဒေးမှာ ကစားမဲ့ မန်ယူနဲ့ပွဲမှာ ပြန်လည် ပါဝင် နိုင်တော့မှာ ဖြစ်ပါတယ်။ မန်ယူ အသင်းမှ အသင်းသား နီဂျာမန် ဗီဒစ်ဟာတော့ လီဗာပူးနဲ့ ကစားခဲ့တဲ့ ပွဲမှာ အနီကတ်ပြစ်ဒဏ်ကြောင့် သုံးပွဲပယ်ခံရပီး ချဲဆီးပွဲမှာလည်း လွဲဦးမှာ ဖြစ်ပါတယ် ။

Source : Soccer Way

Filed Under:

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply