ဝက်စ်ဟမ်း Vs မန်ယူ ကာလင်းဖလား ကွာတားဖိုင်နယ်
rosenet34
|
30 November, 2010
|
1 comment
ကားလင်းဖလား မှတ်တမ်း
စတင်ကျင်းပသည့်နှစ် - ၁၉၆၀
ပါဝင်ယှဥိပြိုင်သည့် အသင်းအရေအတွက် - (၉၂)သင်း
လက်ရှိချန်ပီယံ - မန်ယူ
ဗိုလ်လုပွဲသို့ အကြိမ်အများဆုံးရောက်ရှိသည့်အသင်း - လီဗာပူးလ်(၁၀)ကြိမ်
ချန်ပီယံဆု အများဆုံးရရှိဖူးသည့်ကစားသမား - အီယန်ရပ်ရှ်(လီဗာပူးလ်)(၅)ကြိမ်
ပြိုင်ပွဲတွင် ဂိုးအများဆုံးသွင်းထားသူများ - ဂျော့ခ်ဟတ်စ်၊ အီယန်ရပ်ရှ်(၄၉ဂိုးစီ)
ပြိုင်ပွဲတစ်ခုအတွင်း ဂိုးအများဆုံးသွင်းထားသူ - ကလိုက်ဖ်အယ်လန်(စပါး)(၁၂ဂိုး)
ဂိုးအပြတ်ဆုံးပွဲ - ၀က်စ်ဟမ်း 10:0 ဘူရီ (၁၉၈၃ ဒုတိယအဆင့်ပွဲစဉ်)
လီဗာပူးလ် 10:0 ဖူလ်ဟမ်း (၁၉၈၃ ဒုတိယအဆင့်ပွဲစဉ်)
အအောင်မြင်ဆုံးအသင်းများ
- အသင်း .......ချန်ပီယံ ...... ဒုတိယ........ ဗိုလ်စွဲသည့်ခုနှစ်
- လီဗာပူးလ် ....(၇)ကြိမ် ......... (၃)ကြိမ် .......၁၉၈၁၊ ၁၉၈၂၊ ၁၉၈၃၊ ၁၉၈၄၊ ၁၉၉၅၊ ၂၀၀၁၊ ၂၀၀၃
- ဗီလာ ............(၅)ကြိမ် .........(၃)ကြိမ် ......၁၉၆၁၊ ၁၉၇၅၊ ၁၉၇၇၊ ၁၉၉၄၊ ၁၉၉၆
- မန်ယူ ............(၄)ကြိမ် ....... (၄)ကြိမ် ......၁၉၉၂၊ ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၀
- စပါး ..............(၄)ကြိမ် .........(၃)ကြိမ် ......၁၉၇၁၊ ၁၉၇၃၊ ၁၉၉၉၊ ၂၀၀၈
- ဖောရက်စ် ... (၄)ကြိမ် .........(၂)ကြိမ် ...... ၁၉၇၈၊ ၁၉၇၉၊ ၁၉၈၉၊ ၁၉၉၀
- ချယ်လ်ဆီး ...(၄)ကြိမ် .........(၂)ကြိမ် ....... ၁၉၆၅၊ ၁၉၉၈၊ ၂၀၀၅၊ ၂၀၀၇
ယနေ့ည အင်္ဂါည ဗုဒ္ဒဟူးနေ့နံနက် (၁.၁၂.၂၀၁၀ ) 02:15AM မှာ ကာလင်းဖလား ကွာတားဖိုင်နယ်အဖြင့် ၀က်စ်ဟမ်း အသင်းနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ဟာ ၀က်စ်ဟမ်းရဲ့ အိမ်ကွင်း အပ်တန်ပတ်က် မှာ ယှဉ်ပြိုင် ကစားကြရမှာ ဖြစ်ပါတယ်။ ။
ပရီးမီးယားလိဂ်မှာတော့ ၀က်စ်ဟမ်း အသင်းဟာ ရုန်းကန်နေရပါတယ်။ ဒါပေမဲ့ ၀က်စ်ဟမ်း နည်းပြ အေဗရန်ဂရန့်ဟာ မနှစ်က ပိုစ်မောက်အသင်းကို ပြည်တွင်းဖလားတွေမှာ အောင်မြင်အောင် လုပ်နိုင်ပေးခဲ့တာ သတိပြုရမှာပါ။အဝေးကွင်းဖြစ်တာကြောင့် ကားလင်းဖလားချန်ပီယံ မန်ယူအသင်းဟာ ဒီပွဲမှာ အနိုင်ရဖို့ မလွယ်ကူပဲ ရုန်းကန် ရနိုင်ဖွယ် ရှိပါတယ်။ ။
နည်းပြကြီး ဖာဂူဆန်ကလည်း ကားလင်းဖလားကို အရံလူငယ်တွေနဲ့ အဓိက ပွဲထွက် ကစားစေမယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ ဒါကြောင့် မန်ယူလူငယ်တွေ အနေနဲ့ အစွမ်းပြခွင့်ရတဲ့ အခွင့်အရေးကို အသုံးချပြီး ခြေစွမ်းပြ ကစားနိုင်မယ် ဆိုရင်တော့ အနိုင်ရလဒ်ဟာ ခက်ခဲပေမဲ့ မန်ယူအသင်းအတွက်ပဲ ဖြစ်လာနိုင်ပါတယ်။ ။
ဖြစ်နိုင်ဖွယ် ပွဲထွက် လူစာရင်း ..............
ဝက်စ်ဟမ်းအသင်းဟာ ( ၄-၄-၂ ) ကစားကွက်နဲ့ ပွဲထွက်လာဖွယ် ရှိပြီး
ရှေ့တန်းမှာ - ကာလ်တန်ကိုးလ်၊ အိုဘီနာ
အလယ်တန်း - ပါဘလိုဘာရီရာ၊ ကီယွန်ဒိုင်ယာ၊ ပတ်ကား၊ စတန်နစ်
နောက်တန်း - ဂက်ဘီဒန်၊ အပ်ဆန်၊ ရေ့ဒ်၊ ကိုဗက်
ဂိုးသမား - ရောဘတ်ဂရင်း
အရံ - တွန်မ်ကင်န်၊ စပက်တာ၊ ဘဟာမီ၊အိုလီဗာလီး၊မက်ကာသီ၊ဖရန်ကို
မန်ယူအသင်းဟာလည်း ( ၄-၄-၂ ) ကစားကွက်နဲ့ ပွဲထွက်လာဖွယ် ရှိပြီး
ရှေ့တန်းမှာ - မန်ချီဒါ၊ ဟာနန်ဒက်စ်
အလယ်တန်း - ဘီဘီ၊ အန်ဒါဆန်၊ ဖလက်ချာ၊ အိုဘာတန်
နောက်တန်း - ဘရောင်း၊ စမောလင်း၊ အီဗန်၊ ဖာဘီယို
ဂိုးသမား - ကူးဇက်
အရံ - ဂစ်ဘ်ဆင်၊ မောရစ်ဆင်၊ ပေါစခိုး၊ ရာဖေး၊ ဂစ်၊ ကားရစ်
ဒဏ်ရာရ စာရင်း .......
ဝက်စ်ဟမ်း - ဟစ်ဇ်ပါဂါ ၊ ကော်လီဆင် ၊ နိုဘယ်လ် ။
မန်ယူ - ဟားဂရေ့ဗ်စ် ၊ အိုဝင် ၊ ဗလင်စီယာ ။
ဖြစ်နိုင်ဖွယ်ရလဒ် ............
ဝက်စ်ဟမ်း 0-0 မန်ယူ ၊ ၀က်စ်ဟမ်း 0-1 မန်ယူ
Filed Under: Carling Cup , Featured , Man U News , Match Preview
ပွဲ ၃၀ မြောက်ရှုံးပွဲမရှိ ကိုရှေးရှု့ လျက်..