မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ဝက်စ်ဟမ်း Vs မန်ယူ ကာလင်းဖလား ကွာတားဖိုင်နယ်









ကားလင်းဖလား မှတ်တမ်း


စတင်ကျင်းပသည့်နှစ် - ၁၉၆၀
ပါဝင်ယှဥိပြိုင်သည့် အသင်းအရေအတွက် - (၉၂)သင်း
လက်ရှိချန်ပီယံ - မန်ယူ
ဗိုလ်လုပွဲသို့ အကြိမ်အများဆုံးရောက်ရှိသည့်အသင်း - လီဗာပူးလ်(၁၀)ကြိမ်
ချန်ပီယံဆု အများဆုံးရရှိဖူးသည့်ကစားသမား - အီယန်ရပ်ရှ်(လီဗာပူးလ်)(၅)ကြိမ်
ပြိုင်ပွဲတွင် ဂိုးအများဆုံးသွင်းထားသူများ - ဂျော့ခ်ဟတ်စ်၊ အီယန်ရပ်ရှ်(၄၉ဂိုးစီ)
ပြိုင်ပွဲတစ်ခုအတွင်း ဂိုးအများဆုံးသွင်းထားသူ - ကလိုက်ဖ်အယ်လန်(စပါး)(၁၂ဂိုး)
ဂိုးအပြတ်ဆုံးပွဲ - ၀က်စ်ဟမ်း 10:0 ဘူရီ (၁၉၈၃ ဒုတိယအဆင့်ပွဲစဉ်)
လီဗာပူးလ် 10:0 ဖူလ်ဟမ်း (၁၉၈၃ ဒုတိယအဆင့်ပွဲစဉ်)




အအောင်မြင်ဆုံးအသင်းများ
  • အသင်း .......ချန်ပီယံ ...... ဒုတိယ........ ဗိုလ်စွဲသည့်ခုနှစ်
  • လီဗာပူးလ် ....(၇)ကြိမ် ......... (၃)ကြိမ် .......၁၉၈၁၊ ၁၉၈၂၊ ၁၉၈၃၊ ၁၉၈၄၊ ၁၉၉၅၊ ၂၀၀၁၊ ၂၀၀၃
  • ဗီလာ ............(၅)ကြိမ် .........(၃)ကြိမ် ......၁၉၆၁၊ ၁၉၇၅၊ ၁၉၇၇၊ ၁၉၉၄၊ ၁၉၉၆
  • မန်ယူ ............(၄)ကြိမ် ....... (၄)ကြိမ် ......၁၉၉၂၊ ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၀
  • စပါး ..............(၄)ကြိမ် .........(၃)ကြိမ် ......၁၉၇၁၊ ၁၉၇၃၊ ၁၉၉၉၊ ၂၀၀၈
  • ဖောရက်စ် ... (၄)ကြိမ် .........(၂)ကြိမ် ...... ၁၉၇၈၊ ၁၉၇၉၊ ၁၉၈၉၊ ၁၉၉၀
  • ချယ်လ်ဆီး ...(၄)ကြိမ် .........(၂)ကြိမ် ....... ၁၉၆၅၊ ၁၉၉၈၊ ၂၀၀၅၊ ၂၀၀၇


ယနေ့ည အင်္ဂါည ဗုဒ္ဒဟူးနေ့နံနက် (၁.၁၂.၂၀၁၀ ) 02:15AM မှာ ကာလင်းဖလား ကွာတားဖိုင်နယ်အဖြင့် ၀က်စ်ဟမ်း အသင်းနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ဟာ ၀က်စ်ဟမ်းရဲ့ အိမ်ကွင်း အပ်တန်ပတ်က် မှာ ယှဉ်ပြိုင် ကစားကြရမှာ ဖြစ်ပါတယ်။ ။

ပရီးမီးယားလိဂ်မှာတော့ ၀က်စ်ဟမ်း အသင်းဟာ ရုန်းကန်နေရပါတယ်။ ဒါပေမဲ့ ၀က်စ်ဟမ်း နည်းပြ အေဗရန်ဂရန့်ဟာ မနှစ်က ပိုစ်မောက်အသင်းကို ပြည်တွင်းဖလားတွေမှာ အောင်မြင်အောင် လုပ်နိုင်ပေးခဲ့တာ သတိပြုရမှာပါ။အဝေးကွင်းဖြစ်တာကြောင့် ကားလင်းဖလားချန်ပီယံ မန်ယူအသင်းဟာ ဒီပွဲမှာ အနိုင်ရဖို့ မလွယ်ကူပဲ ရုန်းကန် ရနိုင်ဖွယ် ရှိပါတယ်။ ။

နည်းပြကြီး ဖာဂူဆန်ကလည်း ကားလင်းဖလားကို အရံလူငယ်တွေနဲ့ အဓိက ပွဲထွက် ကစားစေမယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ ဒါကြောင့် မန်ယူလူငယ်တွေ အနေနဲ့ အစွမ်းပြခွင့်ရတဲ့ အခွင့်အရေးကို အသုံးချပြီး ခြေစွမ်းပြ ကစားနိုင်မယ် ဆိုရင်တော့ အနိုင်ရလဒ်ဟာ ခက်ခဲပေမဲ့ မန်ယူအသင်းအတွက်ပဲ ဖြစ်လာနိုင်ပါတယ်။ ။




ဖြစ်နိုင်ဖွယ် ပွဲထွက် လူစာရင်း ..............
ဝက်စ်ဟမ်းအသင်းဟာ ( ၄-၄-၂ ) ကစားကွက်နဲ့ ပွဲထွက်လာဖွယ် ရှိပြီး
ရှေ့တန်းမှာ - ကာလ်တန်ကိုးလ်၊ အိုဘီနာ
အလယ်တန်း - ပါဘလိုဘာရီရာ၊ ကီယွန်ဒိုင်ယာ၊ ပတ်ကား၊ စတန်နစ်
နောက်တန်း - ဂက်ဘီဒန်၊ အပ်ဆန်၊ ရေ့ဒ်၊ ကိုဗက်
ဂိုးသမား - ရောဘတ်ဂရင်း
အရံ - တွန်မ်ကင်န်၊ စပက်တာ၊ ဘဟာမီ၊အိုလီဗာလီး၊မက်ကာသီ၊ဖရန်ကို


မန်ယူအသင်းဟာလည်း ( ၄-၄-၂ ) ကစားကွက်နဲ့ ပွဲထွက်လာဖွယ် ရှိပြီး
ရှေ့တန်းမှာ - မန်ချီဒါ၊ ဟာနန်ဒက်စ်
အလယ်တန်း - ဘီဘီ၊ အန်ဒါဆန်၊ ဖလက်ချာ၊ အိုဘာတန်
နောက်တန်း - ဘရောင်း၊ စမောလင်း၊ အီဗန်၊ ဖာဘီယို
ဂိုးသမား - ကူးဇက်
အရံ - ဂစ်ဘ်ဆင်၊ မောရစ်ဆင်၊ ပေါစခိုး၊ ရာဖေး၊ ဂစ်၊ ကားရစ်


ဒဏ်ရာရ စာရင်း .......
ဝက်စ်ဟမ်း - ဟစ်ဇ်ပါဂါ ၊ ကော်လီဆင် ၊ နိုဘယ်လ် ။
မန်ယူ - ဟားဂရေ့ဗ်စ် ၊ အိုဝင် ၊ ဗလင်စီယာ ။



ဖြစ်နိုင်ဖွယ်ရလဒ် ............
ဝက်စ်ဟမ်း 0-0 မန်ယူ ၊ ၀က်စ်ဟမ်း 0-1 မန်ယူ




Filed Under: , , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

1 comment

Trackback URL | Comments RSS Feed


  1. ပွဲ ၃၀ မြောက်ရှုံးပွဲမရှိ ကိုရှေးရှု့ လျက်..

     

Leave a Reply