မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

မန်ယူနိုက်တက် vs မန်စီးတီး (အဝေး)


၁၀ နိုင်ဝင်ဘာ ၂၀၁၀၊ ည ၈ နာရီ၊ စီးတီးအော့ဖ်မန်ချက်စတာ
အများမျှော်လင့်တောင့်တနေတဲ့ ဒါဘီပွဲကိုရောက်လို့ လာပါပြီ။ မန်ချက်စတာဒါဘီပွဲဖြစ်တဲ့ အတွက်ကမ္ဘာကျော် မီလန်ဒါဘီပွဲလိုမျိုး မဒ်ဒရစ် ဒါဘီပွဲလိုမျိုးထက် ထူးကဲတဲ့ ရသနဲ့ စိတ်လှုပ်ရှားမှု့ ပေးမဲ့ ဒါဘီပွဲမျိုးပါ။ ပိုရင်တောင်ပိုမယ် မလိုလောက်ပါဘူး။ ညွှန်းရတာကလည်း ဒီလို နှစ် ၃၀ ကျော် ဘေးအိမ် အိုးထရပ်ဖို့ ဒ်ရဲ့ လွှမ်းမိုးမှု့ တွေနဲ့ အောင်မြင်မှု့ မှတ်ကျောက် ဖလားတွေနဲ့ ဝေးနေရတဲ့ စီးတီးတို့ စိတ်ထဲ ဒီတစ်ခါရယ်တော့ဖြင့် ငါတို့ အစွမ်းပြရချည်သေးရဲ့ဆိုပြီး ဖြစ်နေချိန်ပေါ့ခင်ဗျာ။ ဒီလို လက်ခမောင်းခတ် အမောက်တွေထောင်ပြ သွားတွေဖြီးပြနဲ့ (တကယ့်တကယ်တော့ လူကောင်းတွေဝယ်ပြီး ကြွားတာပါ) လုပ်လာတာ အသစ်အဆန်းတော့မပာုတ်ဘူးဗျ။
“ကမ္ဘာကျော် မီလန်ဒါဘီပွဲလိုမျိုး မဒ်ဒရစ် ဒါဘီပွဲလိုမျိုးထက် ထူးကဲတဲ့ ရသနဲ့ စိတ်လှုပ်ရှားမှု့ ပေးမဲ့ ဒါဘီပွဲမျိုးပါ။ ”

ပြီးခဲ့တဲ့ ၂ ရာသီ အာရတ် ကုလား သူဌေး တို့ လက်ထဲ ရောက်ကတည်းကဆိုပါတော့။ ဖြစ်ချင်တော့ မနှစ်က မန်ယူကို အဝေးအိမ် ပွဲသိမ်းလေးကပ်ပြီး အသဲခွဲခံတဲ့အပြင် ကားလင်းဆီးမီးမှာ ၂ ပွဲပေါင်းရလဒ်နဲ့ ထွက်ခဲ့ရပြန်တဲ့အတွက် ထင်တိုင်းမဖြစ်တော့ ပိုဒေါသတွေထွက် မာန်တွေတက်ပြီး ဒီနှစ် အိမ်ကွင်းတော့ ဖြင့်နိုင်ပါရစေဦးတော့ဆိုပြီး နွေကနေ ထပ်ပြီးစုဆောင်းထားတဲ့ မေလ်နာ၊ ဘာလိုတယ်လီ၊ ရာယာတိုရေ၊ နဲ့ ဆေးဗား တို့ နဲ့ တဖန်ပြန်လည်ပုံဖော်ပြီး အနိုင်ယူဖို့ အားခဲနေပြန်ပြီပေါ့။


မန်ချက်စတာယူနိုက်တက်ကိုကြည့်ရင်လည်း (သမ္ဘာရင့်အန်တီမန်ယူတို့ လေသံဖြင့်) ရွန်နီကိုယ်ရေးကိုယ်တာနဲ့ ခြေစွမ်းမပြနိုင်တာ အရှုံးပေါ်တာနဲ့ ချွတ်ခြုံကြပြီး ကုန်းကောက်စရာကမရှိ။ လူကောင်းတွေလည်းမဝယ်နိုင်ရွန်နီကလည်း စာချုပ်မချုပ်ချင်နဲ့ အစစအရာရာ အနုတ်လက္ခဏာပြနေပြီ အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ဆာအဲလပ်စ်ရဲ့ ပြီးဆုံးချိန်နီးပြီလို့ အမြော်အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်ထူးတို့ ဝေဖန်သုံးသပ်ပေးထားတာကလည်း ရှိနေပြန်တော့ ရင်လေးစရာပေါ့ဗျာ။
“ မန်ချက်စတာစီးတီးက မန်ယူနိုက်တက်အထက် ခုကစပြီး ကြိုက်တဲ့အချိန် အသာရနိုင်ပါတယ် ”
မန်စီနီ (လက်ရှိ စီးတီးမန်နေဂျာ ၂၀၁၀ ဒါဘီအကြို)
ယူကေနိုင်ငံ ပင်စင်ယူနိုင်တဲ့ အသက် ၆၅ နှစ်ကိုကျော်နေတဲ့ ဆာအဲလပ်စ် မန်နေဂျာဘဝ ပြီးခံနီးပြီလို့ သူများမသိတာကို သိအောင် နှိုက်နှိုက်ချွတ်ချွတ်ခွဲခြားသုံးသပ်တတ်တဲ့ ဆရာသမားတွေကို တော့ မလေးစားပဲမနေနိုင်။ အံ့ဖွယ်ညဏ်မို့  ပူဇော်ထိုက်ပါရဲ့။
အဲ့လို အနေအထားနဲ့ အမှတ်ပေးဇယား၂ မှတ်နဲ့ ဒုတိယနေရာ ရှုံးပွဲမရှိ စံချိန်သစ်နဲ့ ချန်ပီယံလိဂ်အုပ်စုဗိုလ်အဖြစ် ကာလင်းအက်အေဖလားတွေဆက်လက် ယှဉ်ပြိုင်ဆဲမို့ ဆိုတော့ ဆြာကီးတို့ အလိုအရ မြေနှိမ့်ရာ လှံစိုက်ခံရမဲ့အချိန်မို့ လား။ဒါဘီပွဲမှာ သူများပြုသမျှနုရမယ်နဲ့ တူပါတယ်။ လှဲရာသူခိုးထောင်း နှုရာဝဲစွဲ အဆိုးပေါ်အဆိုးဆင့်ပြီးဖြစ်ချင်တော့ ဒဏ်ရာမကင်းတာနဲ့ အဖျားရောဂါဝင်ရတာနဲ့ လူတောင်မှ ဘယ်သူဝင်ကန်နိုင်မလဲ ဖာဂီတောင် မသိသေးဘူတဲ့။ ဆိုးပါ့ဗျာ။ ဒီကြားထဲအဲဗရာက လေကကျယ်သေးဆိုတော့ တေပြီဆရာ! သူပြောတာလည်းပာုတ်တာပဲ ချန်ပီယံလိဂ်ဖိုင်နယ်မှာ တွေ့ ပြီး နိုင်တဲ့အနိုင်ဆို စပါယ်ရှယ်ပေါ့ဗျာ။ ခုကအဲ့လိုမှမပာုတ်တာကိုနော်! မန်စီးတီးက မန်စီးနီးပြောတဲ့ “ စီးတီးက မန်ယူထက် အချိန်မရွေးသာနိုင်ပါတယ် ” ဆိုတာကြတော့ ကောပာင်?

ဖြစ်နိုင်ချေလိုင်းအပ်

သေချာပေါက် မပါမဲ့သူတွေထဲမှာ ပာားဂရေ့ ဖ် ၅ ပတ်နဲ့ အိုဝင်၊ ရွန်နီ ၊ ဗလန်စီယာတို့ အပြင် လွဲလိမ့်လို့ သတင်းထွက်နေခဲ့တဲ့ နာနီလည်းပါဝင်နိုင်ပါတယ်။ ဝုဖ်နဲ့ ပွဲ သေချာပေါက်ဒဏ်ရာမကင်းသေးလို့ ပွဲနားထားတဲ့ ဂစ်နဲ့ ဗိုင်းရပ်စ်ထိထားတဲ့ ဗာဘာတော့ တို့ ပြန်ပါဝင်လာဖို့ မျှော်လင့်ရလိမ့်မယ်။ အလယ်က စကိုးလ် ဖလပ်ချာနဲ့ လတ်တလော ခြေစွာနေတဲ့ပတ်ကျိဆန် ကို ဂစ် ဒါမှမပာုတ် အိုဘာတန်တို့ နဲ့ တွဲဖက်ပြီးမြင်နိုင်ပါတယ်။ ရှေ့ မှာ ဗာဘာကို အထိုင်ချကစားပြီးအလယ် ၅ ယောက်အားနဲ့ ပွဲထွက်နိုင်သလို ၄-၄-၂ လိုင်းအပ်ဆိုရင်တော့ ချီချာရီတို ကို ပူးတွဲတိုက်စစ်အဖြစ်မြင်ရမှာပါ။ ကျနော့်ဆန္ဒအရဆိုရင် ချီချာရီတိုက အထိုင်တိုက်စစ်မှူးအနေနဲ့ မလိုက်သလို ဗာဘာတစ်ယောက်ထဲနဲ့ ဆိုရင်လည်း အမြန်နှုန်အားနဲ့ နောက်တန်းကိုဒုက္ခပေးနိုင်တဲ့ တိုက်စစ်ကိုလျော့သွားနိုင်လို့ ၂ ဦးလုံးပွဲထွက်အသင့်ဆုံးလို့ ထင်ပါတယ်။ ပြီးတဲ့ပွဲ မိုက်ကယ်ကဲရစ် လူပေးတဲ့ဘောလုံးဖြန့် ကျက်တာတွေနဲ့ အမြင့်ဘောထိန်းဖို့ သူပါသင့်သလို သေချာပေါက်ပတ်ကျိဆန်လည်း ပါဝင်ကစားသင့်တယ်။ ဒဏ်ရာကပြန်သက်သာလာမဲ့ ဂစ် စမလား အိုဘာတန် စမလား ဝေခွဲရခက်နေတဲ့အနေအထားပါ။ နောက်ကတော့ ထုံးစံအတိုင်း ကပ္ပတိန် ဗစ်ဒစ် ကို ရီရို၊ အဲဗရာ နဲ့ ရာဖာရဲနဲ့ အတူတွေ့ နိုင်ပါမှာ။ ဂိုးကိုတော့သက်တော်ရှည် ဗန်ဒါးဆားပဲဖြစ်ပါလိမ့်မယ်။


မန်ယူသဘက်

စီးတီးသတိထားရမဲ့သူတွေ

စီးတီးက သတိထားသင့်တဲ့သူတွေထဲမှာ လိုသလို ပိုက်ဆံထုတ်ပေးနိုင်တဲ့ အာရတ်သူဌေးကလွဲရင် အဓိကတိုက်စစ်ကိုဦးဆောင်မဲ့ တဲဗက်ဇ် နဲ့ ပြီးခဲ့တဲ့ပွဲတွေ ခြေပြတဲ့ ဒါဆေးဗား ၂ ယောက်ဖြစ်လိ့မ်မယ်။ ဘာလိုတယ်လီ အနီကဒ်နဲ့ ပွဲပယ်ခံရတဲ့အတွက် စီးတီးတို့ တဲဗက်ဇ်ကို အားပြုရမဲ့အခြေအနေပါ။ သူ့ ကိုကောင်းကောင်းကပ်ထားနိုင်ပြီး ဆေးဗားစီက ဘောလုံးမထွက်နိုင်ဘူးဆို သူတို့ တိုက်စစ်ကို ကန့် သတ်နိုင်မဲ့အနေအထားပါ။ သူတို့ အလယ်က ဘယ်ရီ၊ ဒီဂျုန်း နဲ့ ရာယာတိုရေ တို့ အားလုံး ခံစစ်ပိုင်းအားကောင်းကြလို့ ဆေးဗားကသာအဓိကကျနေပါတယ်။ မိုက်ကယ်ဂျွန်ဆင်လည်း သိပ်မသေချာတာမို့ ပါမယ်မထင်ဘူး။

ဒါဘီပွဲတို့ ထုံးစံ

“၂ ဖက်လုံး သရေနဲ့ ကျေနပ်မဲ့ပွဲမျိုး မပာုတ်တဲ့အတွက် ဖွင့်ကစားပြီး သူတပြန်ကိုယ်တပြန်ရှိမဲ့ပွဲမို့  မျှော်လင့်နိုင်ပါတယ်။ ”
လိဂ်ပွဲဆိုပေမဲ့ ဒါဘီဆိုရင် တစ်ပွဲထိုး အနိုင်ကန်ဖို့ များပါတယ်။ ဖလားပွဲ ရှုံးထွက်အဆင့်လိုမျိုးပါ။ ပြီးခဲ့တဲ့မန်ယူနိုင်ခဲ့တဲ့ ပရီမီးယားလိဂ်၂ ပွဲလုံးကို မန်ယူအိမ် ၄-၃ နဲ့ အဝေး ၀-၁ ကို ကြည့်ရင် သိသာပါတယ်။ ပြီးခဲ့တဲ့ပွဲက ရလဒ်တွေနဲ့ နှိုင်းယှဉ်ဖို့ မရသလို လတ်တလောခြေစွမ်းနဲ့ လည်းအကဲဖြတ်ဖို့ မလွယ်ပါဘူး။ ၂ ဖက်လုံး သရေနဲ့ ကျေနပ်မဲ့ပွဲမျိုး မပာုတ်တဲ့အတွက် ဖွင့်ကစားပြီး သူတပြန်ကိုယ်တပြန်ရှိမဲ့ပွဲမို့ မျှော်လင့်နိုင်ပါတယ်။

ခန့် မှန်းရလဒ်

စီးတီးတို့ အိမ်ကွင်းမှာ အိတ်သွန်ဖာမှောက် ရှိသမျှထုတ်သုံမှာ မလွဲလောက်ပါဘူး။ ယူနိုက်တက်အဖို့ ဘောလုံးပိုင်ဆိုင်မှု့ တွေနဲ့ ကန်ချက်တွေတဒိုင်းဒိုင်း ဖြစ်ဖို့ လဲမလွယ်လောက်ပါဘူး။ သို့ ပေမဲ့လည်း ကပ်ပြီးနိုင်တဲ့ဥာဏ် နောက်ဆုံးမိနစ်အထိ ဇွဲမလျော့တဲ့ မန်ယူနိုက်တက်အဖို့ စီးတီးအသဲထပ်ခွဲဖို့ ၂-၁ နဲ့ အနိုင်ယူပြလိမ်မယ်လို့ ခန့် မှန်းပါတယ်။
ရင်ခုန်ကြပါဦးစို့ ..

Filed Under: , , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply