မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

မန်ယူအသင်းအတွက် နတ်ဘုရားတို့ ဖန်ဆင်းပေးလိုက်တဲ့ ဂိုးသွင်းစက် နဂါးနီကြီး ပြန်လည်နိုးထလာခြင်း။ ။




27.11.2010 ( စနေနေ့ ) ည 9:30 မှာ ကစားခဲ့တဲ့ မန်ယူနဲ့ ဘလက်ဘန်းပွဲဟာ 7-1 နဲ့ မန်ယူအသင်း အနိုင်ရခဲ့ပြီး ဘာဘာတော့ ထိုညက သူရဲကောင်းဖြစ်ခဲ့ရပါတယ်။ တစ်ပွဲထဲ (၅) ဂိုးသွင်းနိုင်ခဲ့ပြီးပရီးမီးယားလိဂ် စတင်တဲ့ (၁၉၉၂) ခုနှစ်ထဲက တစ်ပွဲထဲ(၅)ဂိုသွင်းနိုင်တဲ့ ကစားသမားများဖြစ်တဲ့ အန်ဒီကိုးလ်၊ အလန်ရှီးယား၊ ဒီဖိုး တို့နှင့်အတူ သမိုင်းမှတ်တမ်းကောင်း ရရှိခဲ့ပါတယ်။ ။

မန်ယူအသင်းအတွက်တော့ အန်ဒီကိုးလ်က 1995 ခုနှစ် အစ်ဝစ်ခ်ျ နဲ့ကစားခဲ့တဲ့ ပွဲမှာ (၅)ဂိုးသွင်းနိုင်ခဲ့ပြီးနောက် (၁၅)နှစ်အကြာ အခုမှ ဘာဘာတော့က တစ်ပွဲထဲ (၅)ဂိုး ပြန်သွင်းနိုင်ခဲ့တာပါ။ဒီဂိုးကတော့ ဘာဘာတော့အတွက် တစ်ကယ့်ကို ထူးခြားတဲ့ အောင်မြင်မှူ့ကြီးပါပဲ။ ပရီးမီးယားမှာလည်း သွင်းဂိုး(၁၁) ဂိုးနဲ့ တီးဗက်စ်ရဲ့ အထက် (၂)ဂိုးအသာနဲ့ ပရီးမီးယား ဂိုးသွင်းအများဆုံး ကစားသမားအဖြင့် ရပ်တည်နေပါတယ်။ ။




မန်ယူနည်းပြကြီး ဖာဂူဆန်နဲ့ ဘလက်ဘန်းနည်းပြ ဆမ်အလာဒိုက်တို့က ဘာဘာတော့နဲ့ ပတ်သက်ပြီး ပွဲအပြီး ဒီလို ဖွင့်ဟ ချီးကြူးခဲ့ကြပါတယ်။ ။

ဖာဂူဆန်။ ။ ဘလက်ဘန်းနဲ့ ကစားတဲ့ ပွဲမှာ (၅) ဂိုးသွင်းခဲ့တဲ့ ဘာဘာတော့ရဲ့ ရလဒ်ကတော့ ထူးခြားအံ့ဖွယ် အောင်မြင်မှူ့ တစ်ရပ်ပါပဲ။ သူ( ဘာဘာတော့) အနေနဲ့ သွင်းဂိုး(၆)ဂိုး ရရှိခဲ့သင့်ပါတယ်၊ ဒါပေမဲ့ ပွဲပြီးခါနီး (88) မိနစ်မှာ ဘာဘာတော့ရဲ့ ခေါင်းတိုက်ချက်ကို ဘလက်ဘန်း ဂိုးသမား ပေါလ်ရော့ဘ်ဆင်က အကောင်းဆုံး ကာကွယ်သွားခဲ့လို့ (၅)ဂိုးနဲ့သာ ကျေနပ်ခဲ့၇တာပါ။ တိုက်စစ်မှူးများဟာ ဂိုးမသွင်းနိုင်တဲ့ အချိန်တွေမှာ သူတို့လုပ်နေတဲ့ အလုပ်ကို မှန်တယ်လို့ မထင်တော့ဘူး စိတ်ဓါတ်ပိုင်းပါ ထိခိုက်စေပါတယ်။ ဒါပေမဲ့ ဒီနေ့တော့ သူပြန်လာနိုင်ပါပြီးလို့ ပြောကြားသွားခဲ့ပါတယ်။ ။

ဆမ်အလာဒိုက် ။ ။ စနေညက ပွဲကတော့ ကျနော်တို့အတွက် ဘယ်သူမှ လွယ်ကူမဲ့ ပွဲတစ်ပွဲ မဟုတ်ဘူး ဆိုတာ သိကြပါတယ်။ ကျနော်တို့အတွက် မမေ့နိုင်တဲ့ ညတစ်ညပါပဲ။ ကျနော်တို့ ပွဲကို ပြီးစီးသည်အထိ ကောင်းမွန်စွာ မကစားနိုင်ခဲ့လို့ အခုလို ရလဒ်တွေ ရလာရတာပါပဲ။ ဘာဘာတော့ဟာ လူအများကြီးရဲ့ အဝေဖန်ခံနေရပါတယ်။ ဒါပေမဲ့ သူကတော့ အကောင်းဆုံး စွမ်းဆောင်ရည်နဲ့ အရည်အသွေးမြှင့် အဆုံးသတ်ကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ဘောလုံးကစားဟန် ဘောလုံးပြန်လည် ဖြန့်ဝေ တဲ့ ကစားဟန် ကိုယ်နေကိုယ်ဟန်ကတော့ ပြည့်စုံပေမဲ့ သူကတော့ ကံမကောင်းခဲ့ပါဘူး။ အခုပွဲ ဂိုးတွေ ပြန်သွင်းနိုင်ခဲ့တဲ့ အပေါ်မှာလည်း ဘာဘာတော့ဟာ ကျနော့အတွက်တော့ အမြဲတန်း အရည်အသွေးမြင့် ထိပ်တန်း ကစားသမား တစ်ယောက်ပါပဲ .... ဟု့ ပြောကြားသွားပါတယ်။ ။





ဘာဘာတော့ကတော့ သူ့ရဲ့ ရလဒ်နဲ့ ပတ်သက်ပြီး ဒီလိုပြောခဲ့ပါတယ် “ ကျတော် မယုံကြည် နိုင်လောက်အောင်ပါပဲ။ ကျနော် ဂိုးတွေ အများကြီး သွင်းယူခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒါ ဟိုတုန်းက ဘူလ်ဂေးရီးယားမှာ ရှိနေတုန်းကပါ။ ဒီကနေ့မှာတော့ ကျနော်ဟာ ပရီးမီးယားလိဂ်မှာ အင်ဒီကိုးလ်၊ အလန်ရှီးယားရားတို့နဲ့ အတူ ရပ်တည်နိုင်အောင် လုပ်နိုင်ခဲ့ပါပြီ။ ပထမ ဂိုးဟာ တကယ်ကို အရေးကြီးပါတယ်။ အဲဒါက ကစားဖို့အတွက် ယုံကြည်မှုတွေ ရစေပါတယ်။ တိုက်စစ်မှူး တစ်ယောက်အနေနဲ့ ပရိသတ်တွေက သူတို့ ဂိုးသွင်းမှာကိုပဲ ကြည့်နေကြတာပါ။ ကျနော့်မှာ စိုးရိမ်စိတ်တွေ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ဂိုးတွေဟာ ကျနော့်အတွက် ဖြစ်နေတော့တာပါပဲ။ ” ဟု့ ပြောကြားသွားပါတယ်။



Filed Under: , , , , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

1 comment

Trackback URL | Comments RSS Feed


  1. ကောင်းလိုက်တာဗျာ.. ဗာဘာတော့ကြီးတဆုံးထဲ့သွားတာ အနှစ်သာရရှိလိုက်တာ.. ဒါတောင် တချို့ သတင်းစာတွေက ကောင်းကောင်းမရေးချင်ပဲ ရွန်နီဒီနှစ်ကောင်းကောင်းမကစားပဲ လစာတိုးပေးတာ ဗာဘာလည်း အခွင့်အရေးယူပြီး ဒီလိုတိုးတောင်းမှာပဲ..မန်ယူတော့ ဒုက္ခေ၇ာက်အုံးမယ်တဲ့..ကဲဗျာ!

     

Leave a Reply