မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

မန်ယူ ၀ - ၀ စီးတီး (အဝေး) အင်တာဗျူးနဲ့ သုံးသပ်ချက်


ဆာအဲလပ်စ် တခါက အထင်ကရပြောဖူးတဲ့ စကားရှိပါတယ်။ အီတလီလူမျိုးတစ်ယောက်က ပါစတာ ( Pasta ) လို့ ပြောရင် သေချာအောင် ဆော့စ် ( Sauce ) အောက်ကိုဖယ်ကြည့်ရမယ် လို့ ။ အခုလဲအဲ့လို ပါပဲ။ အီတာလီလျှံကြီး မန်စီးနီ ဒါဘီပွဲအကြိုမတိုင်ခင်တုန်းက မန်ယူဆို အချိန်မရွေးခုတောင် ထနိုင်ချင်ရင်တောင် နိုင်လို့ ရတယ်လို့ ပြောခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ပာုတ်များပာုတ်လေမလားလို့ ခုတော့ လေသံက ပွဲအပြီး ဂိုးမရှိသရေကိုပဲ အပာုတ်ထင်ပြီး ဒါနဲ့ ပဲ မန်ယူနဲ့ ရင်ဘောင်တန်းနိုင်ပြီလို့ ဆိုလေရဲ့။ ပွဲအပြီး မန်စီနီ စကားက -


“ မန်ချက်စတာစီးတီးက မန်ယူနိုက်တက်အထက် ခုကစပြီး ကြိုက်တဲ့အချိန် အသာရနိုင်ပါတယ် ”
မန်စီနီ (လက်ရှိ စီးတီးမန်နေဂျာ ၂၀၁၀ ဒါဘီအကြို)
~~ ~~
“မနှစ်ကလိုမျိုးနောက်ဆုံး မိနစ်မှာ ဂိုးသွင်းမခံရတဲ့အတွက် မနှစ်ကထက်တော့ သာပါတယ်။”

မန်စီနီ (လက်ရှိ စီးတီးမန်နေဂျာ ၂၀၁၀ ဒါဘီပွဲအပြီး)

“ယူနိုက်တက်နဲ့ ကစားရင် ရှုံးဖို့ လွယ်ပါတယ် ဘာဖြစ်လို့ လဲဆိုတော့ သူတို့ ကိုအခွင့်အရေးပေးရင် သူတို့ ဂိုးသွင်းလိမ့်မယ်မလား။ ဒီပွဲကိုနိုင်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ တခါတလေ သရေက အရင်နှစ်ကလိုမျိုး အရှုံးထက်ပိုသာပါတယ်။ ကျနော်တို့ နိုင်ဖို့ အတွက်ကစားခဲ့တာပါ။ ၂ ဖက်လုံးအတွက် ခက်ခဲတဲ့ပွဲမို့ ရလဒ်က မှန်ကန်ပါတယ်။ မနှစ်ကလိုမျိုးနောက်ဆုံး မိနစ်မှာ ဂိုးသွင်းမခံရတဲ့အတွက် မနှစ်ကထက်တော့ သာပါတယ်။”

ဒါကြောင့်လဲ ဖာဂီပြောတာပေါ့ သူတို့ ပြောတိုင်းမယုံဖို့ ။ စီးတီးဖန်တွေတောင် ပွဲမတိုင်ခင်ကပြောတာကိုအပာုတ်မှတ်ပြီး ယုံမိလို့ ပွဲပြီး “ဘူး” လုပ်တဲ့လူတွေ မနည်းပါလား! သူတို့ လည်းအဆိုးမဆိုသာဘူးလေ။ အာရတ်စော်ဘွား ပေါင်သန်း ၁၀၀၀ လောက်ရင်းနှီးပြီး ကစားသမားကြီးအတွက် သန်းပေါင်း ၃၂၀ ကျော်ထဲ့ဝင်ထားတဲ့အသင်းက အိမ်ကွင်းမှာ အန်တီမန်ယူတို့ သမုတ်ထားတဲ့ လေသံဖမ်းပြီးပြောရရင် ကုန်းကောက်စရာမရှိမွဲတေပြာကျနေတဲ့ ဗိုင်းရပ်စ်ထိ အသင်းကို ဂိုးမသွင်းခံရတဲ့အတွက် ထိုက်တန်ပါတယ်။ ကျေနပ်ပါတယ် လို့ ဖြစ်နေမှတော့ “ဘူး” တော့ မပေါ့ဗျာ။

ဒီပွဲရဲ့ စိတ်ဝင်စရာအကောင်းဆုံး ခဏတာ

စီးတီးဖန်တွေခင်ဗျာ “ဆိုင်းဘုတ်တွေ ထောင်ရ တက်တူးတွေ ထိုးရ စကားတွေနဲ့ ခွပ်ရ”အလုပ် ကြီးလုပ် အပြောကြီး ပြောပြီး သင်္ကြန်ဗြောက် ဖောက်လာခဲ့တာ အာရတ်တွေကိုသွေးရင်းသာရင်းထက်ပိုပြီးချစ်လာခဲ့တဲ့အချိန်ကတည်းကနေ ခုထိ လက်တွေ့ က စကားကြီးသက်သက်ဆိုတော့ နားလည်ပေးလို့ ရပါတယ်။

မန်ယူရဲ့ဘောလုံးပိုင်ဆိုင်မှု့ က အိမ်ကွင်းဖြစ်တဲ့စီးထက် ပိုများပြီး ၅၄% ရှိပါတယ်။ ဂိုးပေါက်တည့်တဲ့ကန်သွင်းချက်ကလည်း မန်ယူက ၃ လုံး စီးတီးက ၂လုံး ဆိုတာကြည့်ရင် အိမ်ကွင်းဖြစ်တဲ့ စီးတီးက မန်ယူကို အနိုင်လိုချင်စိတ်နဲ့ ကစားသလား မန်စီနီပြောသလို အချိန်မရွေးထကန်နိုင်သလားဆိုတာ မြင်ကြည့်လို့ ရပါတယ်။ ဒီပွဲရဲ့ MOTM ရတာက မန်ယူကပ္ပတိန် ဗစ်ဒစ် ဖြစ်နေတာကကို စီးတီးတို့ အသင်းလိုက်ကော တဦးချင်းစွမ်းဆောင်မှု့ ပိုင်း ဘယ်ပာာမှအသာရပုံမပေါက်ခဲ့ဘူး။ စီးတီးရဲ့ ဧည့်ခံကစားပုံကို စိတ်ပျက်မိတဲ့ ဗန်ဒါးဆားက -

“ဒီပွဲရဲ့ ရမှတ် ၁ မှတ်က မလုံ့ လောက်ပါဘူး။ တဖက်သက်ပွဲ ပါပဲ။ ကျနော်တို့ လည်း ဘောလုံးကို မြေချပြီး လူပေးကစားပေမဲ့ သူတို့ တွေ လုံးဝ ပိတ်ကစားတာနဲ့ အခွင့်အရေး အများကြီး မဖန်တီးနိုင်ခဲ့ဘူး။ စီးတီး နောက်တန်းအလွတ်မပေးချင်တာနဲ့ ရှေ့ ထွက်ပြီးမကစားခဲ့ဘူး။ သူတို့ ကြည့်ရတာ သရေရရင်တော်ပြီ ဒီထက်ပိုရခဲ့ရင် တော့ကောင်းတာပေါ့လို့ တွက်ဆခဲ့ပုံပဲ။ အနိုင်ရချင်တဲ့စိတ်နဲ့ ရအောင်ကြိုစားခဲ့တဲ့ကျနော်တို့ နဲ့ မတူတဲ့အချက်ပဲ။ ကျနော်တို့ အနိုင်ရင်အောင် မလုပ်နိုင်ခဲ့တာက သူတို့ တွေ အရမ်းကို ခံကစားခဲ့လို့ ပဲ။ တဲဗက်ဇ် ဖရီးကစ်ကလွဲရင် ဘာမှခက်ခက်ခဲခဲလုပ်စရာကိုမရှိတာ။ ပွဲပြီးခံနီး (ခရာမှုတ်တဲ့အချိန်ထိ ဘောလုံးက မန်ယူခြေထဲမှာနဲ့ စီးတီး ကွင်းဖက်မှာပါ) ဒီထက်သာအချိန်အနည်းငယ် ပိုရမယ်ဆို ကျနော်တို့ နိုင်လောက်ပြီ ”

ဗန်ဒါးဆားရဲ့ တလုံးတည်းသော ကာကွယ်မှု့ 

ဗန်ဒါးဆားပြောလည်းပြောချင်စရာ ကျနော်မှတ်မိလို့ ရတာကလည်း မိနစ် ၃၀ ကျော်မှာရတဲ့ တဲဗက်ဇ် ဖရီးကစ်အလုံးရယ် ၈၅ မိနစ်အိုရှေး ဖောက်လို့ အခွင့်အရေးရတဲ့ ဇဘလတ်တာ ဘယ်နဲ့ ကန်တဲ့အလုံးရယ်ဒါပါပဲ။
မန်ယူအနေနဲ့ လည်း တဦးချင်းသတိနဲ့ ကစားသွားတာပါ။ မျှမျှတတပြောရရင် စီးတီးခံစစ်ကိုထိုးဖောကိုဖို့ မန်ယူလည်းမစွမ်းဆောင်နိုင်ခဲ့ပါဘူး။ လက်ရှိမန်ယူအခြေအနေအရ နိုင်ရင်တောင်နောက်ဆုံးမိနစ် မှာအသဲခွဲပြီးနိုင်ဖို့ မျှော်လင့်ခဲ့တာပါ။ ဒီလိုဖြစ်ဖို့ လဲပွဲပြီးဖို့ ၁၀ မိနစ်လောက်အထိမန်ယူက ပိုဖိပြီး စွန့် စား အားထဲ့ကစား ပေမဲ့ အရင်လိုဖြစ်မလာခဲ့ပါဘူး။ ပထမပိုင်း ၂ ဖက်ထိုးဖောက်တာမျှပေမဲ့ ဒုတိယပိုင်းမှာ မန်ယူကပိုပြီး စွန့် စားမှု့ များတာတော့ စီးတီးဖန်တွေငြင်းလို့ ရမယ်မထင်ပါ။ ပွဲပြီးခါနီးလေ စီးတီးအတွက် နိုင်ဖို့ ထက် မရှုံးဖို့ အဖြစ်ဦးတည်ချက်က လုံးလုံးပြောင်းသွားပါရော။ ပိုဆောင်းမိနစ် နောက်ဆုံးမိနစ်မှာ အယ်ဒီဘာရော့ထည့်ပြီးလူစားလဲတာကိုကြည့်ရင် စီးတီးဘာကိုမျှော်လင့်လဲသိသာပါတယ်။

ဖာဂီရဲ့အမြင်ကတော့
“သူတို့ အိမ်ကွင်းမှာ စီးတီးကိုအနိုင်ယူဖို့ ခက်ပါတယ်။ ဒုတိယပိုင်းသူတို့ ကစားတဲ့ပုံကိုကြည့်ပြီး သူတို့ မရှုံးအောင်ကစားဖို့ ရည်ရွယ်ကြောင်းသိသာပါတယ်။ လူတွေထင်ထားသလို ဖွင့်ပြီးကစားဖို့ ဖြစ်မလာတာကတော့ ဒီ ပွဲမတိုင်ခင် ပွဲကြီးပွဲကောင်းအတွက်မျှော်လင့်တာတွေ ဖိအားတွေ သိပ်များနေတာက သက်ရောက်မှု့ ရှိနေတာဖြစ်လိမ့်မယ်။ ပွဲထိန်းကစားတာအတွက်တော့ ကျေနပ်မိပါတယ်။ အလယ်ကနေ ပွဲကိုလုံးဝထိန်းထားနိုင်ခဲ့တာက ကျနော်တို့ အတွက် အခရာကျပါတယ်။ ရီရိုနဲ့ ဗစ်ဒစ်ကစားသွားတာလည်းကောင်းပါတယ်။ အထူးသဖြင့် နောက်တန်း ၂ ယောက်လဲပြီးကစားပေမဲ့ သူတို့ ကျနော်တို့ ဂိုးကိုမခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ တချို့ ကစားခဲ့ပုံတွေကောင်းပါတယ်။ ဒါပေမဲ့ အနိုင်ရဖို့ အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့ဘူး။ လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းနိုင်တဲ့ အဲဗရာ ဆွဲဝင်ပြီး ဂိုးသမားတည့်တည့်ကန်တဲ့အလုံးရယ် ဘာဗာရဲ့ ဘောလီအလုံးရယ်အပြင် မရှိတာတော့ စိတ်ပျက်စရာပါပဲ။ စီးတီးအိမ်ကွင်းကစားတာ ကောင်းလေ့ရှိပါတယ်။ ချဲဆီးနိုင်တဲ့ပွဲနဲ့ အာဆင်နယ် ကို ကံမကောင်းလို့ လူထုတ်ခံရတဲ့အဖြစ်မျိုး မပာုတ်ရင် ဖြစ်နိုင်မဲ့ရလဒ်ကို ကြည့်ရင် သူတို့ ကွင်းမှာ ခက်ခဲကြောင်းသိနိုင်ပါတယ်။ အဝေးကွင်းသရေက ကျနော်တို့ ထားတဲ့ တားကပ်မပာုတ်ပါဘူး။ ဘောလုံးပိုင်ဆိုင်မှု့ တွေအများကြီးရှိပြီး အနိုင်ယူဖို့ အတွက် ပွဲကိုဖွင့်ကစားဖို့ ကတော့ကျနော်တို့ လက်လှမ်းမမှီတဲ့အခြေအနေပဲ။ (စီးတီးခံစစ်ပိတ်ကစားတာကြောင့်)”
မန်ယူဖန်အနေနဲ့ မန်ယူအပေါ် စီးတီးဖက်ကစားပုံကိုခဏဖယ်ပြီး ပွဲအတိုင်းကြည့်ရင် ၃ မှတ်မယူနိုင်ခဲ့လို့ ဘဝင်မကျတဲ့ပွဲပါပဲ။ လိုင်းအပ်ထဲမှာ ဗာဘာအထောင်နဲ့ တစ်ယောက်ထဲတိုက်စစ် ကိုဘဝင်မကျမိပေမဲ့ နာနီပြန်ပါလာလို့ တော်သေးရဲ့လို့ တော့ ခံစားမိတယ်။ နာနီနဲ့ ပာာနန်ဒက်စ်နဲ့ ဗာဘာ ၃ ယောက်တိုက်စစ်သာဆိုရင် နိုင်ဖို့ အခြေအနေပိုများလာနိုင်တယ်။ ဒါပေမဲ့ အဝေးကွင်း ဗိုင်းရပ်ထိထားတဲ့လူတွေအတော်တော်များများနဲ့ ကစားတဲ့ပွဲအတွက် ဖာဂီ က တိုက်စစ်နဲ့ ခံစစ် လူမျှထဲ့ထားပြီး အလယ်ကိုအားကောင်းအောင်ဖြည့်ထားတာကိုတော့ နားလည်ပေးလို့ ရပါတယ်။ အထူးသဖြင့် ရာဖာရဲ ကို ၄၉ မိနစ်လောက်ကတည်းက ဘရောင်းနဲ့ လဲရပြီးအဲဗရာလည်း အိုရှေးနဲ့ မိနစ် ၆၀ ကျော်လောက်ကတည်းက လဲလိုက်ရလို့  အလယ်ကိုလူထုတ်ပြီး ရှေ့ တန်းနဲ့ မလဲသင့်ဘူးလို့ မြင်လို့ တော့ရတယ်။

ဒီပွဲရလဒ်နောက်တွဲအဖြစ် စနေနေ့ နေ့ လည် ၁၂း၄၅ မှာကန်ရမဲ့ အက်စတန်ဗီလာအဝေးပွဲကို ရာဖရဲနဲ့ အဲဗရာတို့ ပါဖို့ မသေချာပြန်ပါဘူး။ စနေနေ့ ပွဲကို အဝေးပွဲ၂ ပွဲဆက်အဖြစ် နေ့ လည်အစောကြီးသတ်မှတ်ပေးတဲ့ အက်အေ ရဲ့ မန်ယူအပေါ်ထားတဲ့စိတ်ထားကတော့ ချီးကျူးစရာပါ။

အိမ်ကွင်းမှာ သန်းပေါင်းများစွာကုန်ကျခံထားတဲ့ အိမ်ရှင်က အဓိကပြိုင်ဖက်ကို နိုင်အောင်ကန်ဖို့ စိတ်ဓါတ်မရှိတာက ဒီပွဲရဲ့ ထုတ်နှုတ်ချက်ဖြစ်လိမ့်မယ်။ ဒီ့ထက်မြင်သာတဲ့အချက်ကတော့ ပွဲမတိုင်ခင့် စီးတီးဖန်တွေ အိမ်ကွင်းမှာ အပြတ်အသတ်ခြေမှုန်းမယ်ဆိုပြီး ပါးစပ်သေနတ်ပစ်တာကို လေလုံးထွားထားတဲ့ စီးတီးမန်နေဂျာ မန်စီနီကိုယ်တိုင် သွေးပျက်ပြီး ပိတ်ကစားတဲ့ ပျင်းစရာကောင်းတဲ့ ဒါဘီအဖြစ် အဆုံးပိတ် ဇာတ်သိမ်းခဲ့ရပါတယ်။

Filed Under: , , , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply