မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ပထမ ကစားသမား အဖြစ်ပါဝင်နိုင်ရန် မျှော်လင့်နေသော အိုဘာတန်


မန်ချက်စတာယူနိုက်တက်အသင်း၏ တောင်ပံကစားသမား အိုဘာတန်သည် ယမန့်နေ့ညတွင် ကျင်းပသော ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့သောကြောင့် အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရနိုင်မည်ဟု မျှော်လင့်နေပါသည်။

ဆာအဲလက်စ် ဖာဂူဆန်သည် အိုဘာတန်အား ဘိုဒေါ့စ်အသင်းမှ ဂျူလိုင်၂၀၀၈ ခုနှစ်တွင် ခန့်မှန်းခြေ ပေါင်၃သန်းနှင့် ဝယ်ယူခဲ့သော်လည်း ခြေစွမ်းမပြနိုင်ပဲ တစ်ခါတစ်ရံတွင် အရံအသင်းနှင့်ပင်ပွဲထွက်ခဲ့ရသည်။

၂၀၀၉ ၂၀၁၀ ရာသီတွင်လဲ ၂ ပွဲတွင် ပထမ ၁၁ယောက် ၊ ၈ပွဲတွင် လူစားဝင်ကစားခဲ့ရသောကြောင့် အိုးလ်ထရက်ဖို့ဒ်တွင် မအောင်မြင်ဟုဆိုရမည်။ သို့သော် ထိုပြင်သစ် ၂၁နှစ်အောက် လက်ရွေးစင် ကစားသမားမှာ ဝုလ်ဖ်(ကားလင်းဖလားပြိုင်ပွဲ) နှင့် ဘာဆက်စ်ပေါအသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်များတွင် အံ့သြဖွယ်စွမ်းဆောင်မှုများနှင့် ပရိတ်သတ်တို့၏ယုံကြည်မှုကို ပြန်လည်ရယူနိုင်ခဲ့သည်။

နာနီနှင့် ဒဏ်ရာကြောင့် ကာလရှည်ကြာစွာနားနေရသော ဗလန်စီယာတို့နှစ်ဦးမှာ ယခုတစ်ပါတ်ကျင်းပမည့် ပရီးမီးယားလိဂ်ပြိုင်ပွဲဖြစ်သော ဝုလ်ဖ်နှင့်ကစားရမည့်ပွဲစဉ်တွင် မပါဝင်နိုင်သောကြောင့် အိုဘာတန်မှာ ပထမကစားသမားအဖြစ် နောက်ထပ်ကစားခွင့်ရနိုင်မည်ဟု မျှော်လင့်နေပြီး သူ၏ စွမ်းဆောင်ရည် တန်ဖိုးကို ပြသနိုင်မည်လိမ့်ဟု ယုံကြည်မှုအပြည့်အဝရှိနေပါသည်။

"ဒီအသင်းမှာ နေရာတစ်နေရာကို ထိန်းသိမ်းထားနိုင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော် အမြဲတမ်း လေ့ကျင်းခန်းကို အကောင်းဆုံးကြိုးစားပါတယ်။ ဒီတစ်ပါတ်ပွဲမှာ မပါဝင်ရလဲ နောင်တရနေမှာမဟုတ်ပဲ ပထမဦးစားပေးကစားသမားအဖြစ် အသင်းနည်းပြရွေးချယ်တဲ့အထိ ကြိုးစားတိုက်ပွဲဝင်သွားမှာပါ။ ကစားသမားတော်တော်များများ မပါဝင်နိုင်တဲ့ မနေ့ကပွဲမှာ အကောင်းဆုံး ကစားခဲ့နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ အဓိကရလာဒ်ကအနိုင်ဆိုပေမယ့် မနေ့ကဂိုးသွင်းနိုင်ခဲ့တဲ့အတွက် အရမ်းကိုပျော်ရွှင်မိပါတယ်" ဟု အိုဘာတန်က ပြောကြားခဲ့ပါတယ်။

Filed Under: , , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

1 comment

Trackback URL | Comments RSS Feed


  1. Obertan definitely got the skills, It has shown on last night.. what a thunderbolt! Only 20s plenty of time ahead of him. I'm confident he'll be playing against wolves and deservedly so! And thanks for the news!

     

Leave a Reply