မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

နာနီဂိုး နဲ သူတို့ အပြော (GIF)

နာနီ ဂိုး (၈၁ မိနစ်)

Justice is restored thanks to his idiocy of Gomes



အရှုပ်အထွေး နာနီ့ ဂိုး

ပရှော်ဖက်ရှင်နယ် ဘောလုံး သမားတွေအတွက် ရှင်းရှင်းလေး ခရာမမှုတ်မချင်း ဆက်ကစား။ လူကျွံ့ ဘောခရာမှုတ်တာတောင် မကြားမိလို့ ဆိုပြီး သေချာအောင် ဂိုးသွင်းတဲ့ သာဓကတွေကအများကြီး။ တော့တင်ပာမ်နဲ့ ပွဲ ဂိုးသမား ဂိုးမက်စ် သူ့ ဖာသာ ထောင်ယောင်ထင်မှားဖြစ်ပြီး တလွဲလုပ်ပြီး ဂိုးပေးရတာ။ ဂိုးမက်စ်ကိုယ်တိုင် ပြစ်ဒဏ်ဘော/လက်ထိဘောဆို ဘာလို့  အဲ့ဒီ့နေရာတည်ပြီးမကန်သလဲ? ဘာလို့ ၆ ကိုက်အပြင်ဘက်ကို ဆက်လျောက်သွားသလဲ? ဒိုင်က ပွဲမရပ်ကြောင်းပြောတဲ့အတွက် နာနီကန်သွင်းရမှာပဲ။ ရှင်းရှင်းလေး။ ရှုပ်တာက ဂိုးမက်စ်နဲ့ တော့တင်ပာမ် တဖြစ်လဲ အရောင်ပြောင်းဖန်တွေပဲ။ ရီရိုကို ဒိုင်ကို စောဒက တက်ရမလားလေးဘာလေးနဲ့ ။ ဒါကို ရီရိုက သူ့ Twitter စာမျက်နှာမှာ ဒီလိုလေး ရှင်းသွားတယ်။

ကြိုက်တယ်ရီရိုရေ။ နောက်ပြီး ဒီပွဲကြည့်တဲ့သူတိုင်း သိတဲ့အချက်က နာနီကို ပင်နယ်တီ ပေးသင့်တယ် ဆိုတာပဲ။ဒိုင်ခရာမမှုတ်မခြင်း ဆက်ကစားသင့်ဘူးလားဆိုတဲ့ အမေးကို တော့တင်ပာမ် မန်နေဂျာ ပာာရီရတ်နဒ်က


“ကျနော်တို့ ငယ်ကတည်းက ခရာသံအတိုင်းကစားရမယ်ဆိုတာ ပာုတ်ပါတယ်။ ဒါပေမဲ့ ဂိုးမက်စ် ထင်တာက လက်ထိဘောဖြစ်တယ်ဆိုတာပဲ။ အကုန်မြင်တဲ့အတွက် ဒိုင်က ပြစ်ဒဏ်ဘောပေးသင့်တယ်။

ကဲဗျာ။ လက်ထိဘောမပာုတ်ဘူး ဒိုင်က လက်ထိဘောမပေးဘူး ကိုယ်ထင်တာနဲ့ ကိုယ့်ဖာသာ ပြစ်ဒဏ်ဘောချကန်တဲ့ သူက အမှားပါပဲ။ လက်ထိဘောလို ပဲ နာနီ ကို ဖောင်းဖြစ်တဲ့အတွက် ပင်နယ်တီဖြစ်သင့်တာလည်းအားလုံးအမြင်ပါပဲ။ ဒီလိုပဲ ဘောလုံးက ဂိုးမက်စ်လက်ထဲမှာ အလွတ်အကျွတ် တခြားမန်ယူကစားသမားတွေ သူ့ နားမရှိပဲ သူကြိုက်သလိုရှင်းထုတ်နိုင် လူပေးနိုင်တဲ့ အခြေအနေကို ဒိုင်က ဆက်လက်ကစားစေတာပဲ။ သူ့ ဖာသာ ဘောလုံးချပြီး နောက်ကို ၁၀ လှမ်းလောက်မဆုတ်ရင် ပြဿနာဖြစ်စရာ မရှိ။ စည်းကျပ်ဒိုင်က နာနီဂိုးသွင်းအပြီး အလံထောင်တာပာာ ကွင်းလယ်ဒိုင်ကို စကားပြောဖို့ အချက်ပေးခေါ်တာဖြစ်ကြောင်း လက်ထိဘောအတွက် အလံထောင်တာမပာုတ်ဘူးလို့ ဒိုင်အဖွဲ့ အစည်းက ဖြေရှင်းချက်ထုတ်ပြန်တဲ့အတွက် ဒီဇယားရှုပ်က အတော်လေးကို ရှင်းနေပါပြီ။


ထိုက်တန်နဲ့ အနိုင်

အရှုပ်အထွေးကို ဘေးချိတ်ပြီး ပွဲကိုကြည့်ရင် မန်ယူနိုက်တက်နိုင်သင့်တဲ့ပွဲ။ ပထမပိုင်းပွဲအစမှာ ဗန်ဒါဗတ်နဲ့ မော့ဒရစ်တို့ ၂ ယောက်ကန်သွင်းတဲ့ အလုံးကလွဲပြီး မန်ယူဂိုးပေါက် ခြိမ်းခြောက်နိုင်တာမျိုး ရှိကိုမရှိဘူး။ ဗစ်ဒစ်ရဲ့ ဂိုးနဲ့ တင် တပွဲလုံးအတွက် လုံလောက်နေပြီ။ အထူးသဖြင့် မန်ယူက ဗာဘာတော့ ထုတ်ပြီး စကိုးနဲ့ ဘရောင်းတို့ လူစားလဲတဲ့အချိန်ပြီးတော့ တော့တင်ပာမ် ဘယ်ကော ညာကောဖေါက်လို့ ကိုမရတော့တာ။ ဖာဂီလူစားလဲတာကို နားမလည်ဖြစ်မိပေမဲ့ အံသြစရာကောင်းအောင်အလုပ်ဖြစ်ခဲ့တယ်။

ခြေတက်နေတဲ့ ဘေလ်လည်း ဘယ်ကနေ ညာပြောင်းပေမဲ့ လှုပ်လို့ မရ။ ဗန်ဒါဗတ် အင်ဂျူရီနဲ့ ထွက် ခရော့ခ်ျနဲ့ ပတ်လန်ချန်ကို ဝင်လာတော့ အမြန်နှုန်းမပါတဲ့ စပါးရှေ့ တန်းကို ရီရိုနဲ့ ဗစ်ဒစ်တို့ အသာလေး ထိန်းသွားနိုင်ခဲ့တယ်။

မန်ယူဖန်တွေကြိုက်တဲ့ ဘေလ်တို့ မော့ဒရစ်တို့ ဗန်ဒါဗတ်တို့ ပါတဲ့ တိုက်စစ်ပိုင်းအားအသာနဲ့ အသင်းကို နိုင်လိုက်တဲ့အတွက် အနိုင်ကောင်းလေးပါပဲ။ အထူးသဖြင့် ပေးဂိုးမရှိပဲ နိုင်လိုက်တဲ့အတွက်ပါ။ ပွဲတင်ဆက်သူတွေ ပွဲမစခင်အပြောအရ စပါးရဲ့ အရံခုံပေါ်က လူအင်အားက မန်ယူထက်သာတယ်ဆိုတဲ့အချက်က ပီတိကိုပိုချိုစေပါတယ်။ အသက် ၄၀ ပြည့် ဗန်ဒါးဆားကြီးက လှလှပပ ပုတ်ထုတ်သွားတာလေးလည်း အားရှိစရာပါပဲ။ ကာလင်းကပ် MOTM ပတ်ကျိကလည်း ထိုက်ထိုက်တန်တန်ပါပဲ ဒုတိယ MOTM ကိုရယူနိုင်ခဲ့တယ်။

ကစားကွက် လူကစားပာန် နဲ့ ဘက်စုံက ခြုံငုံပြီး ကျေနပ်မိတဲ့အနိုင်လေးပါပဲ။ သူများတွေ ခုံဆွခုံဆွဖြစ်ပြီး ပေါင်ချိန်ဇာတ်လမ်းထဲကလို “မတရားလုပ်ခံရပါတယ်.. မတရားလုပ်ခံရပါတယ်” လို့ အော်လေ ဒီ ၃ မှတ်က ပျားရည်ဆမ်းပြီး မလိုင်လှောင်းထားလားအောင်းမေ့ရတယ် ချိုလိုက်တာဗျာ။






Filed Under: , , , , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply