မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

ရွန်နီ ရီရဲ (အဲ)စီးတီးသို့ ပေါင် ၇၅ သန်းနဲ့ သွားလေပြီ


သိပ်ပြီးအံသြသွားလား ? မန်ယူဖန်ဆိုမအံ့သြပါနဲ့ ဗျာ။ သတင်းစာတွေထပ်ကာတလဲလဲ ပြောပြပြီးပြီလေဗျာ.. ဝိန်းရူနီ တစ်ယောက်ဖာဂီက ဂွင်ဆင်ပြီးဖုံးထားတဲ့ ခြေကျင်းဝတ်ဒဏ်ရာဆိုတာ ပြီးခဲ့တဲ့ ၂ လအတွက်လုံးဝမရှိပါလို့ အင်္ဂလန်ပွဲအပြီး အင်တာဗျူးမှာ ဖော်ထုတ်လိုက်တဲ့အတွက် ဖာဂီရဲ့အမျက်တော်ရှခံနေရပြီတဲ့။ ဒါတင်မပာုတ်ဘူး ဖာဂီက အဝတ်လဲခန်းမှာ ဘောကန်ဖိနပ်တွေကိုအစီအရီချ ရွန်နီကို ရှေ့ မှာရပ်ခိုင်းပြီး ဘက်ခမ်းကို ကန်သလို တည်ကန်ပြီး နဖူးတွေကွဲ သွားတွေပြုတ်ပြီး ရီရဲကို သန်း၇၅ သန်းနဲ့ အနှင်လွှတ်လိုက်ပြီတဲ့။

ရွန်နီလဲ ဝက်စ်ဘရွန်းနဲ့ ပွဲမတိုင်ခင်မှအတော်လေးကို ပေါက်ကွဲနေတာကို မီဒီယာတွေ ဒီလို အမိအရမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။


ဝက်စ်ဘရွန်းနဲ့ ပွဲအတွင်းအရံထိုင်ခုံပေါ်မှာထိုင်ခိုင်းကတည်း က ဒီအချက်မှန်ကြောင်း ၁၀၂% သေချာသလောက်ဖြစ်နေပါပြီ။ ပြီးတော့ ၂-၂ နဲ့ သရေထပ်ကျပြန်တဲ့အတွက် မီဒီယာတွေ တအားတက်လာစေတဲ့တချက်ပါ။

ဒီဖြစ်ရပ်အတွက် တရားခံကတော့ ရွန်နီကိုယ်တိုင်ပဲဖြစ်ပြီး သူ့ အင်တာဗျူးမှာ မီဒီယာကိုပြောသွားတာက ဒီလို -
“ကျနော် ခြေကျင်းဝတ်ဒဏ်ရာ ၂ လအတွင်းလုံးဝမရှိဘူး။ ဖာဂီဘာလို့ ပြောလဲမသိဘူး။ ကျန်းမာရေးကောင်းပြီးထရိန်နင်နေ့ တိုင်းဆင်းနေတာပဲ။ ပုံမှန်ပွဲမထွက်ရရင်တော့ ရီရဲကို ကျနော်ပြောင်းရလိမ့်မယ်။ ပိုက်ဆံလဲ (တပတ် ၂ သိန်း) ပိုလိုချင်တယ်။ ဒါကြောင့်စာချုပ်မချုပ်နိုင်သေးဘူး။ ကြုံလို့ အင်္ဂလန်ကိုမုန်းတယ် (အက်ရှလေကိုးလေသံနဲ့ )..ဒါကြောင့်စပိန်ကို သွားမယ်...ဒါပဲ”

အံ့သြပြန်ပြီးလား.. မယုံရင်အင်တာဗျူးဗီဒီယိုဖိုင်ကို ရှု့ စားတော်မူပါ။ မီဒီယာတွေက ဗီဒီယိုထဲက သူပြောပုံကို ၏သည်မလွဲ ဖော်ပြထားရုံတင်ပါ။ ပာုတ်ကဲ့အကုန်အမှန်အကန်တွေပါပဲ။




ဖာဂီကို ဒီကိစ္စနဲ့ ဗျူးတော့ -
“ သွားပစေ..ဒီကောင်..ကျုပ်ကလက်နဲ့ ရေးတာဒီကောင်ခြေနဲ့ ဖျက်တယ်..သွားစမ်း .. ပစေ..ခေတ်နဲ့ ညီအောင်လို့ သူများလို ဗမာလိုဒဲ့တိုး ကြီးကို ပြောပါရစေဦး..ဒီကောင် ဘဲကျောပေါ်ကရေပဲ..! ထွီ!! ”
ဆို လို့ ဆိုသွားပြီး ဒါကို ဘိလပ်ဘာသာစကားအရ ဆိုရင်
"It is water off a duck's back to me,I don't know where all these things come from. The boy is always in the spotlight and being addressed by the press. It is important how you handle it in my experience. But it just runs off me. It doesn't mean anything." တထပ်တည်းဘာသာပြန်ထားတာပါ။

ပာုတ်ကဲ့ ရွန်နီ ခြေကျင်းဝတ်ဒဏ်ရာဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။ ပြီးခဲ့တဲ့နှစ် ဘိုင်ယန်နဲ့ ပထမအကျော့ပွဲတုန်းက မြက်ရှယုံလေးသက်သက်ထိသွားတာပါ။ လူတွေကမရမကပုံကြီးချဲ့ ကြတာပါ။ ဒါကိုလည်း ပောာလန်ဂန္တဝင် ဗန်ဘတ်စတန် က သေချာအောင်ပြောပေးသွားတာက
“ခြေကျင်းဝတ်ဒဏ်ရာဆိုတာ တကယ်မရှိဘူး လူတွေ ယုံတမ်းစကားလျောက်ပြောနေတာ.. ယောင်ပြီးတော့မယုံလေနဲ့ နဲနဲ အသားလေးရှယုံလောက်ပဲပာာကို..ကျနော်ဖြစ်ဖူးတယ်အခုကြည့်အကောင်းကြီးမြင်တယ်မပာုတ်လား!”
ဘိလပ်စကားနဲ့ ပဲဆိုရင် တော့ I’ve been where Rooney was. I know what it is like. If your ankle is damaged and you get another heavy tackle on it the pain is always with you.” မြင်ပြီနော်..!



Wayne-Rooney-Injury-Photos-300x300.jpg
ဘာမှမဖြစ်လောက်လို့ မန်ချက်စတာလေဆိပ်ကို ခုန်ပေါက်ပြီးပြန်ရောက်လာတဲ့ရွန်နီကို ကြည့်ပါဦး
rooney_223966t.jpg
ဒါကြောင့်ဘိုင်ယန်နဲ့ ဒုတိယအကျော့မှာပြန်ကစားနိုင်တာပေါ့။ လူစားလှယ်လိုက်တာက ၃-၁ နဲ့ နိုင်နေတုန်းမို့ အပျော်လှဲလိုက်တာပါ။

ဒီလိုခြေကျင်းဒဏ်ရာအပွန်းအပဲ့ခပ်သေးသေးလေးကြောင့် ကိုအကြောင်းပြုပြီး အင်္ဂလန် စလိုဗေးနီးယားနဲ့ ပွဲ ၁၈ မိနစ်အလိုမှာ ကာပယ်လိုက ရွန်နီကို လူစားလှဲလိုက်ရသေးတယ်။ အပျော်ပေါ့။ ဒါကိုဗျူးစဉ်က ရွန်နီ က ဒီလိုလေးပြောသွားတာပါ (ဒီတခါတကယ်ပြောတာပါ)

“ကျနော့်မှာခြေကျင်းဝတ် ဒဏ်ရာလုံးဝမရှိဘူး..ပေါက်တကရဇာတ်လမ်းတွေလျောက်ပြောနေတယ်..တကယ်ဖြစ်တာက ဇာတ်ကြောတက်တာပဲ..ဒါလည်းအေးဆေးပဲ”

ဒီလိုပဲကာပယ်လိုက ဖုံးဖိထားတဲ့ခြေကျင်းဝတ်ဒဏ်ရာကို ရွန်နီက ဖွလိုက်လို့ ကာပယ်လိုရဲ့ အီတာလီလျံ လိုဆဲဆိုခြင်းကို ခံရပြီး စပိန်နိုင်ငံတကာအသင်းကို အပြီးပြောင်းပြီးကစားပေးမယ်လို့ ရွန်နီဒေါသတကြီးပြောသွားကြောင်း သတင်းစာတွေကို ပြောသွားပါသေးတယ်။ ဒါပေမဲ့ မီဒီယာတွေက အင်္ဂလန်ကာပယ်လိုက မန်ယူဖာဂီမပာုတ်တဲ့အတွက် တကယ်မဖြစ်စေနဲ့ လို ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ဘော်တန်နဲ့ ပွဲ လည်း လူစားလှဲပြီး ခြေကျင်းဝတ်ရေခဲကပ်နေရတာက မျက်ရှလို့ သွေးတိတ်ယုံသက်သက်ဖြစ်ပါတယ်။ ပွဲပြီး မန်ချက်စတာမြို့ 
Bridgewater ဆေးရုံကို သွားပြီး စစ်ဆေးတာမပာုတ်ပဲ ရီရဲမဒ်ဒရစ်အေးဂျင့် နဲ့ သွားတွေ့ ခြင်းဖြစ်ပြီး လက်ထဲမှာကိုင်ထားတာက စပိန်ကိုသွားဖို့ လေယဉ်လက်မှတ်ဖြစ်တယ်လို့ မီဒီယာတွေက X-Ray မျက်လုံးနဲ့ ထိုးထွင်းကြည့်ရှုပြီး တင်ပြသွားပါတယ်။

article-1316228-0B66D9E1000005DC-703_468x472.jpg

ပာုတ်ကဲ့ ခုချိန်လောက်ဆို ရွန်နီ စပိန်ရီရဲမှာ ရော်နယ်ဒိုနဲ့ အတူ ဂိုးတွေသွင်းနေပြီဖြစ်ပါတယ်။




သတင်းစာတွေက အပေါ်ပုံနဲ့ သက်သေပြခဲ့ပါတယ်။

wayne-rooney-nike.png

စိတ်ရင်းစိတ်မှန်ကတော့ သတင်းစာတွေက ရွန်နီကို ပုံပါအတိုင်းအောင်မြင်တာလိုချင်ကြပါတယ်။အမြဲလိုရွန်နီအကျိုးကိုရှေးရှု့ ပြီး မျှမျှတတနဲ့ အကောင်းကိုတွေးပေးကြပါတယ်။ ဒါတင်မက ဒေးဗစ်ဘက်ခမ်းလမ်းစဉ်လိုက်ပြီး ရီရဲမှာအောင်မြင်မှု့ အစုစုနဲ့ တကွ ဘက်ခမ်းမိန်းမ ဗစ်တိုးရီးယားလိုပဲ ကိုလင်းရွန်နီလည်း အီတလီဒီဇိုင်နာတွေနဲ့ ခင်မင်မှု့ တွေရပြီး ပောာလီးဝုဒ်အထိကျော်ကြားပြီး သန်း ၁၃၀ ကျော်ကြွယ်ဝမှု့ တွေပိုင်ဆိုင်ပါစေရယ်လို့ စေတနာတွေထားကြပါတယ်။

ရီရဲမှာအောင်မြင်ပါစေ ရွန်နီ.. ၇၅ သန်းအတွက်ကျေးဇူးပဲ.. သတင်းစာတွေအဆိုရ မန်ယူနိုက်တက်ဝဖ်ဆိုဒ်ကနေ ဂလေဇာကလည်း ကျေးဇူးပါပဲတဲ့ ... (ဗျာ.. စီးတီးလား? ဒါဆို သန်း ၁၇၅ သန်းလုပ်လိုက်မယ်..ပာတ်ကဲ့ အယ်ဒီတာချုပ်).. ပာုတ်ကဲ့ နောက်ဆုံးဝင်လာတဲ့ ခိုင်မာတဲ့သတင်းအရ သန်း ၁၇၅ သန်းနဲ့ စီးတီးက ရီရဲမှာဂိုးသွင်းပြီး အောင်ပွဲခံနေတဲ့ ရွန်နီကို ဖြတ်ခုတ်သွားပြီဖြစ်ကြောင်း!


သတင်းစာတွေကလည်း ကျေးဇူးတင်ကြောင်း ပိုက်ဆံပုံပေါ်မှာ ရှန်ပိန်ပုလင်းဖွင့်ရင်း ထမင်းရှင်မန်ယူနိုက်တက်ကို ပြောသွားပါတယ်။



PS: United-Fergie-Players in that order! You know it well, Wayne, Farewell in advance just in case and thanks for the memory though!Now.. you can bugger off anytime soon! For f**k sake! (ဗမာပြည်က ဘိလပ်စာဆိုတော်ဝီလျှံရှိတ်စပီးယားရဲ့ လက်ဦးဆရာတော်တွေက ဆဲဆိုခြင်းမည်ကြောင်းသတ်မှတ်ပါသဖြင့် For f**k sake! မကြာခင်ဆင်ဆာဖြတ်ပါမယ် )


Filed Under: , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply