မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

Manchester United vs West Ham (EPL)



ကဲ အချိန်တော့ ကျလို့ လာပြန်ပါပြီ။ ဒီတပတ်ကန်မဲ့ ပွဲစဉ်ဖြစ်တဲ့ မန်ယူ - ၀က်စ်ဟမ်း ပွဲစဉ်လေးကို တတ်နိုင်သလောက် ပွားကြည့်ရအောင်လားဗျာ .. ။

ဂူဂယ်စာမျက်နှာပေါ် ဟိုလှန်ဒီလှန် ကြည့်ရသလောက် ပြီးခဲ့တဲ့ နှစ်တွေထဲမှာ မန်ယူက ၀က်စ်ဟမ်းကို အိမ်ကွင်း အိုးထရတ်ဒ်ဖို့မှာ ပြတ်ပြတ်သားသား အနိုင်ရထားတာတွေ သွားတွေ့လာပါတယ်။ အဖြေတွေကတော့ မန်ယူ ၄ - ၁ ၀က်စ်ဟမ်း (07-08)၊ မန်ယူ ၂ - ၀ ၀က်စ်ဟမ်း (၀၈-၀၉)၊ မန်ယူ ၃ -၀ ၀က်စ်ဟမ်း (၀၉-၁၀) ဆိုပြီး တွေ့ရပါတယ်။

မန်ယူအသင်းအနေနဲ့ ယခုနှစ် ရာသီအစ ပွဲစဉ်တွေမှာ အိမ်ကွင်းမှာ ကာဆယ်ကို ၃ - ၀၊ အဝေးကွင်းမှာ ဖူလ်ဟမ်ကို ၂ - ၂ နဲ့ သရေကျထားကို တွေ့ရပါမယ်။ ကာဆယ်နဲ့ပွဲမှာ သရဲနီတွေရဲ့ ထုံးစံအတိုင်း အထနှေးမယ် ထင်ခဲ့ပေမဲ့ ပြတ်ပြတ်သားသားပဲ တန်းတက် ကာဆယ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပါတယ်။ ဒီလို အနိုင်ယူခဲ့လို့ နှစ်စတည်းက တာထွက်ကောင်းပြီလို့ ထင်ခဲ့တဲ့ ကျနော်တို့တွေ ဆုံးဖြတ်ချက်တွေ မှားခဲ့တာ ပြီးခဲ့တဲ့ ဖူလ်ဟမ်နဲ့ ပွဲမှာ ၂ - ၂ သရေကျကာ မဟုတ်သေးပြန်ဘူးဆိုတာ ပြခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ သမိုင်းအရ ပြန်ကြည့်ရင် ဖူလ်ဟမ်ဆိုတာက အသင်းကြီးတွေကို ဒုက္ခပေးတတ်တဲ့ (မန်ယူနဲ့ဆို) အစဉ်အလာ ရှိခဲ့တာကိုတော့ ကျနော်တို့ မေ့လို့ မရဘူးပေါ့လေ။

ကဲ ဒီတပတ်မှာတော့ ရာသီအစတည်းက နိုင်ပွဲမရှိသေးတဲ့ ၀က်စ်ဟမ်းအသင်းနဲ့ ကိုယ့်အိမ်ကွင်းမှာ ကန်ရပါတော့မယ်။ ၀က်စ်ဟမ်းက ဗီလာကို အဝေးကွင်းမှာ ၃ ဂိုးပြတ်ရှုံး၊ ဘော်လ်တန်ကို အိမ်ကွင်းမှာ ၁ - ၃ နဲ့ ရှုံးထားပါတယ်။ ဒီခြေတိုင်းသာဆို ၀က်စ်ဟမ်းဟာ သရဲနီတွေအတွက် ပြိုင်ဘက်မဟုတ်ပါဘူး။ ဦးစားပေး ပထမဖြစ်တဲ့ ရူနီနဲ့ ဘာဘာတော့ဖ် တွဲထွက်လာဖွယ်ရှိပြီး ခြေပေါ်နေတဲ့ စခိုးလ် ကွင်းလယ်ကို ဦးဆောင်ကာ နောက်တန်းမှာတော့ ဗီဒစ်နဲ့ ကစားပြီး ဒီပွဲကိုတော့ အနိုင်ကစားလိမ့်မယ်လို့ သုံးသပ်မိပါတယ်။

Filed Under: , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply