ဖာဒီနန်ရဲ့ OG ကြောင့် ကံကောင်းထောက်မစွာ ၁ မှတ်ရခဲ့တဲ့ သရဲနီနဲ့ ထင်သလို မဖြစ်ခဲ့သော စနေနေ့ည ပွဲစဉ် သုံးသပ်ချက်များ ~~

စနေနေ့ညမှာ ကစားခဲ့တဲ့ ပွဲစဉ်တချို့ရဲ့ သုံးသပ်ချက်နဲ့ ရလဒ်များ ဖြစ်ပါတယ်။ နိုင်မယ် ထင်တဲ့ အသင်းတွေ သရေနဲ့ ကျေနပ်ခဲ့ရပြီး ၀ုဖ်က လွဲလို့ ကျန်အသင်းတွေ အိမ်ကွင်း အနိုင်ပဲ ရရှိခဲ့ကြပါတယ်။
မန်ယူ ၂ - ၂ ဆန်းဒါးလန်း
ဖာဒီနန်နဲ့ ဂစ်စ်ကို အနားပေးထားတာက လွဲရင် မန်ယူနိုက်တက်က လူစုံပါတယ်။ အိမ်ကွင်းမှာ လက်ခံကစားခဲ့ပေမဲ့ ဒါရင်းဘန့်ရဲ့ ၇ မိနစ်မှာ ရတဲ့ ဂိုးနဲ့ ဆန်းဒါးလန်းက ဦးဆောင်ခွင့် ရခဲ့ပါတယ်။ ၃၆ မိနစ်ခန့်မှာ ပင်နယ်တီ ရသင့်ပေမဲ့ ဒိုင်က အသိအမှတ်မပြုခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဒုတိယပိုင်းစလို့ ၅၁ မိနစ်မှ ဘာဘာတော့ဖ်ရဲ့ ခြေပဂိုးကြောင့် သရဲနီတွေ အသက်ရှုချောင်ခဲ့ရပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလို ၅၈ မှာ ဂျုန်းက ထပ်သွင်းယူခဲ့တာကြောင့် မန်ယူ လိုက်ကစားရပြန်ပါတယ်။ ၈၅ မိနစ်မှာ ရစ်ချတ်ဆန် ၂ ၀ါ ၁ နီနဲ့ ထွက်ရပြီး သရဲနီတွေ အတော်လေး ဖိကစားခဲ့ပေမဲ့ ဂိုးကံခေနေ ခဲ့ပါတယ်။ ပွဲပြီးခါနီး ထပ်ဆောင်း အချိန်ပိုမှ ဖာဒီနန်ရဲ့ OG ကြောင့် မန်ယူ အသက်ရှုချောင်ခဲ့ရပါတယ်။
ဘော်တန် ၂ - ၂ စပါး
ဘော်တန် အသင်းက ၃ မိနစ်မှာပဲ Gardner က ဦးဆောင်ဂိုး သွင်းယူခဲ့တာမို့ စပါးတို့ ပြာခဲ့ရပါတယ်။ ပီတာခရော့်ခ်ျ ပို့ပေးတဲ့ ဘောလုံးကို Kranjcar က သွင်းယူခဲ့တာမို့ ပထမပိုင်းမှာ ၁ ဂိုး ၁ ဂိုး ဖြင့် ပီးသွားခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး သိပ်မကြာခင် ၆၈ မိနစ်မှာ ဒါးဗီးစ်က ဘော်တန်အတွက် ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ ၇၃ မိနစ်မှာတော့ ထောင့်ကန်ဘောက ရခဲ့တဲ့ ဘောလုံးကို coluka က ခေါင်းတိုက်သွင်းက စပါးအသင်းအတွက် ၁ မှတ် ပြန်လည် ရယူပေးခဲ့တာမို့ ဘော်တန်အသင်း အိမ်ကွင်းမှာ သရေနဲ့ ကျေနပ်ခဲ့ရပါတယ်။
အခြားပွဲစဉ် ရလဒ်များ
ဘန်လေ ၂ - ၁ ဘာမင်ဂမ်
ဟူးလ် ၂ - ၁ ၀ီဂန်
ဝုဖ် ၀ - ၁ ပို့စ်မောက်
Filed Under: Featured , Match Review
0 comments
Trackback URL | Comments RSS Feed