မြန်မာ မန်ချက်စတာယူနိုက်တက်ဖန် ဘလော့အား ကွန်မြူနတီ နှင့် ပေါင်း၍ အသစ်ထပ်မံ ဖွင့်လှစ်ထားပါသည် လက်ရှိအချိန်တွင် လိုအပ်သည်များကို ဆက်လက် ဖြည့်ဆည်းနေဆဲ ဖြစ်သော်လည်း ပိုစ့်များကို နောက်အသစ် ဖွင့်လှစ်သော www.manutdmm.com တွင်သာ ဆက်လက် ရေးသား သွားမည် ဖြစ်ကြောင်း မန်ယူဖန် များအား အသိပေးအပ်ပါသည်..။ မြန်မာမန်ချက်စတာဖန်ကလပ် သို့ သွားရန် အပေါ်မှ ပုံကို ကလစ်လုပ်ပါ သရဲနီချစ်မြတ်နိုးသူများအား ဖိတ်ခေါ်ပါတယ်
  • Match Review

  • Highlights

  • Premier League

  • Match Preview

  • Champion League

  • Player News

  • Man U News

  • Transfer News

  • Interview

  • Manchester United Club History

  • Feature

မန်ယူနိုက်တက် နဲ့ လီဗာပူး (အဝေးကွင်း)









အောက်တိုဘာ ၂၅ ရက်နေ့ ၊ တနင်္ဂနွေနေ့ ၊ ၁၄း၀၀ နာရီ၊ အန်းဖီးကွင်း





မနေ့ က CSK Moscow ကို ၁ ဂိုးနဲ့ နိုင်လိုက်တဲ့ နောက်မှာ မန်ယူနိုက်တက်အဖို့ တနင်္ဂနွေနေ့ လီဗာပူးနေ့ ပွဲအတွက် စိတ်ဓါတ်ပိုင်းအားအကောင်းဆုံး အခြေအနေကို ရောက်နေတယ်လို့ ယူဆနိုင်ပါတယ်ခင်ဗျာ။ ဂိုးခဏ ခဏပေးနေရတဲ့ နောက်တန်းအဖို့ လည်း ဂိုးမပေးလိုက်ရတဲ့အတွက် ယုံကြည်မှု ပိုအားကောင်းလာတဲ့အပြင် နံပါတ်၁ ဗန်ဒါးဆားပြန်ပါလာလို့ ပိုပြီး ကြံ့ခိုင်လာသလိုပဲ။ လူငယ်ကစားသမား Fabio အတွက်လည်းအားတက်စရာပဲဗျို့ ။ ဘယ်ဘက်ကြောမှာ အဆင်းအတက် လျင်မြန်ရုံမကဘူး အလိမ်အခေါက်နဲ့ Skill ကလည်းအားကိုးချင်စရာပေါ့။ ယူရိုအုပ်စုပွဲအတွက်ကတော့ ပူစရာကို မရှိပါဘူး။ နောက်တပွဲကလည်း CSK Moscow နဲ့ ပဲ အိုးထရပ်ဖို့ မှာဆိုတော့ ...

လီဗာပူးနဲ့ ပွဲကို ကြည့်ရင် ဒီအချိန်ပာာ လီဗာပူးနဲ့ တွေ့ ဖို့ အကောင်းဆုံးပါပဲ။ စိတ်ဓါတ်ပိုင်းရော ကြံ့ခိုင်မှု့ ပိုင်းပါ အားနည်းနေလို့ ပါ။ နှစ်ပေါင်း ၂၂ နှစ်မှာ အဆိုးဆုံး ရာသီအစလို့ သိရပါတယ်။ မနေ့ က လိုင်ယွန်နဲ့ ပွဲ လီဗာပူးကွင်း အန်ဖီးမှာတောင် ၁ ဂိုးအသာကနေ ၂-၁ နဲ့ ရှုံးတဲ့အပြင် လီဗာပူးရဲ့ လက်ရှိကစားအားတက်နေတဲ့ ရော်စီဘလာယွန်ကို လူစားလဲလိုက်တဲ့အတွက် ကိုယ့်ပရိတ်သတ်ကိုယ်တိုင်က ဘူး(BOO) ခံလိုက်ရတာကိုသာကြည့်။ လီဗာပူးတို့ အိမ်ကွင်းမှာ ရှုံးတာ ဒါ ဒုတိယအကြိမ်မြောက်ဖြစ်လို့ ယုံကြည်မှု့ ပိုင်းအားနည်းပြီး ခံစစ်မှူး ဂျင်မီကာရဂါ လည်း အသက် ၃၂ နှစ်အလျောက် ခြေအနည်းငယ်ကျစပြုလို့ နောက်တန်းအားနည်းနေပါတယ်။ သန်း ၂၀ ကျော်ပေးဝယ်ထားတဲ့ ဂျွန်ဆင်လည်း တိုက်စစ်ပိုင်းမှာ ကြောက်စရာကောင်းပေးမဲ့ ခံစစ်ရောက်ရင် ဆုံးဖြတ်တာမှားလို့ နောက်တန်းပေါက်လေ့ရှိတာကိုသတိထားမိတယ်။ သူ ပါနိုင်မလားဆိုတာလည်း မသိသေးပါဘူး။ အလယ်မှာတော့ လူကပ်စ်က ကြံ့ခိုင်မှု့ ပိုင်းအားနည်းသလို မာချရာနိုရော လူကပ်စ်ပါ ထွက်သွားတဲ့ အလွန်ဆိုရဲ့ ဘောလုံးဖြန့် တဲ့နေရာကိုမမှီလို့ ဂိုးသွင်းဖို့ အခွင့်အရေးအရင်ကထက်အားနည်းနေပါတယ်။ ဒါ့အပြင် ကပ္ပတိန်ဂျာရတ် တစ်ယောက် အချိန်မှီသက်သာပါ့မလားဆိုတာရော၊အင်ဂျူရီကပြန်လာမဲ့ တိုက်စစ်မှူး တိုးရီစ် အဖို့ အရင်ကလို အခွင့်အရေးတွေကို အပိုင်အသုံးချနိုင်မလားဆိုတာ မရေရာပါ။ အရံ့ပိုင်းမှာရော အားကိုးရလောက်တဲ့ ကစားသမားလည်း နည်းနေတာကိုတွေ့ ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မန်နေဂျာ ရာဖာ ဗနီးတပ်စ် သေချာပေါက် ဂျာရတ်နဲ့ တိုးရီစ်ကို ထည့်ကစားဖို့ များပါတယ်။ မန်ယူနိုက်တက်နဲ့ ပွဲမှာ အရှုံးသူမခံလို ပါဘူး။ ဒီတစ်ခါရှုံးခံရင် ပရိတ်သတ်ရော မီဒီယာကရော ဖိအားပေးတာခံရဖို့ ပိုများတဲ့အပြင် သူ့ ရာထူးအတွက် မျက်ခုံးလှုပ်မှာ သူသိပြီးသားဖြစ်ပါလိမ့်မယ်။ဒါကြောင့် ဂျာရတ်နဲ့ တိုးရီစ်ကို လက်ပူတိုက်ပြီး မရမက ကစားခိုင်းဖို့ များပါတယ်။ အရင်ကလည်း အရေးကြီးတဲ့ပွဲဆို အင်ဂျူရီကို သိပ်မငဲ့ပဲ ကစားခိုင်းတာ သိကြမှာပါ။

ဒါတင်မကပါဘူး ပြီးခဲ့တဲ့ ရာသီမှာ ၂ ပွဲသာရှုံးပေမဲ့လည်း ဖလားနဲ့ ဝေးခဲ့ရသလို ဒီနှစ်မှာ ၄ ပွဲရှုံးထားပြီးဖြစ်လို့ ၅ ပွဲမြောက်အဖို့ ဖလားရဖို့ မလွယ်ပါ။ ပြီးခဲတဲ့ ပရီမီးယားလိဂ် ခြေစွမ်းကို ကြည့်ရင် WWWLL ဖြစ်ပြီး ယူနိုက်တက်က WWWDW ဖြစ်လို့ အသိအသာကွာနေပါတယ်။

ယူနိုက်တက်အဖို့ ကတော့ ရတဲ့အခွင့်အရေးကို ယူသင့်တဲ့ပွဲပါ။ အထူးသဖြင့် ပြီးခဲ့တဲ့ရာသီ အဝေးရော အိမ်ကွင်းပါ ရှုံးထားတဲ့ အတွက်ကြောင့်ပါ။ လက်စားခြေမယ်လို့ အားခဲထားတဲ့ ယူနီ အဖို့ ကလေးအဖေဖြစ်ဖို့ နေလားညလားဆိုတော့ ခန့် မှန်းရခက်တယ်။ လီဗာပူးပွဲတော့ ဝင်ကစားဖို့ မျှော်လင့်တာပဲ။ နောက်တစ်ယောက်လက်စားခြေဖို့ ကတော့ နမန်ဂျာဗစ်ဒစ်ခ်ျ ပါပဲ။ မနှစ်က သူ့ အမှားကြောင့်အတော်လေး အဖဲ့ခံလိုက်ရတယ်မပာုတ်လား။ ဒီတစ်ခေါက်တော့ နောက်တန်းခိုင်ဖို့ လိုတယ်။ ရှေ့ ကလည်း ယူနီ ပါပါ မပါပါ အိုဝင်တို့ ဗာဘာတော့ တို့ ရတဲ့အခွင့်အရေးကို ယူဖို့ လိုတယ်။ ဒီနှစ်အဖို့ အသင်းကြီးနဲ့ တွေ့ တာ ဒုတိယအကြိမ်မြောက်ကို အာဆင်နယ်နဲ့ ပွဲထက်သာအောင်ကစားဖို့ လို လိမ့်မယ်။ အခုနိုင်ထားမှာ ဇန်နဝါရီလ အာဖရိကန်ဖလားပွဲကြောင့်တခြားအသင်းတွေ အားနည်းတဲ့အချိန် အသာစီးကရမှာ။ ခန့် မှန်းလိုင်းအပ်ကို ယူနီကို ပဲထည့်ထားတယ်။ ယူနိုက်တက် အနိုင်ဗျာ ၂-၀ နဲ့ ........
manvslpoolငညနကစ
မန်ယူနိုက်တက် vs လီဗာပူးလိုင်းအပ်

၁၀ မှတ်အပြတ်ဆို ရင်တော့ ချန်ပီယံဖြစ်ဖို့ အတွက် လီဗာပူးကို နောက်တစ်နှစ်လောက်ထပ်စောင့်ဦးလို့ ...

[caption id="" align="aligncenter" width="462" caption="ရာဖာ တိုက်တန်းနစ် "]ရာဖာ တိုက်တန်းနစ် [/caption]

Filed Under: , , ,

About the Author

မြန်မာလူမျိုး မန်ချက်စတာယူနိုက်တက် အသင်း အားပေးသူများ ဆုံစည်းရာ နေရာလေး တစ်ခုပါ..။ Myanmar Manchester Fan Club.

Leave a Reply