မန်ယူရဲ့ မှန်ကန်တဲ့ အစားထိုးမှုတွေ ဖြစ်လာမှာလား ?

ယူနိုက်တက်က ဗလင်စီယာရဲ့ စပိန်ရှေ့တန်းတိုက်စစ်မှူး ဒေးဗစ်ဗီလာကို ခေါ်ယူဖို့  ထပ်မံကြိုးစားနေတယ်လို့  ဒေးလီးမေးလ် သတင်းစာအရ သိရှိရပါတယ်…
အသက် ၂၇ နှစ်ရှိနေပြီဖြစ်တဲ့ ရှေ့တန်းတိုက်စစ်မှူးဟာ စပိန်နိုင်ငံအတွင်းမှာပဲ ရီးရဲလ်မက်ဒရစ် (သို့ ) ဘာစီလိုနာ အသင်းမှာပဲ ကစားဖို့  ဆန္ဒရှိနေပေမယ့် ဘာစီလိုနာနဲ့  ရီးရဲလ်တို့ ဟာ လွန်ခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့တုန်းက ငွေကြေးများစွာ အသုံပြုထားတဲ့အတွက် ယူနိုက်တက်က ဒေးဗစ်ဗီလာကို ခေါ်ယူဖို့  ပိုပြီးအခွင့်အရေးများနေပါတယ်… ယူနိုက်တက်က ၂၀၁၀ ကမ္ဘာ့ ဖလားမတိုင်ခင် ဗလင်စီယာအသင်းနဲ့  အကြိုသဘောတူညီမှု ရယူထားဖို့  ဆက်သွယ်မှု ရထားတယ်လို့  သိရပါတယ်…

ယူနိုက်တက်ဟာ ဒေးဗစ်ဗီလာအပြင် CSKA Moscow အသင်းရဲ့ ဂိုးသမား အီးဂေါ အကင်ဖိဖ် ကိုလည်း အသင်းရဲ့ ဟော်လန်ဂိုးသမားကြီး ဗန်ဒါးဆား ရဲ့ နေရာကို အစားထိုးခေါ်ယူဖို့  ချိတ်ဆက်ထားပါတယ်… CSKA အသင်းက သူတို့ ရဲ့ ဂိုးသမားကို ဆက်လက်ထိန်းသိမ်းထားလိုပေမဲ့ မန်ယူအသင်းကသာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာခဲ့ရင် ငြင်းပယ်နိုင်မှာ မဟုတ်ဘူးလို့  ၀န်ခံထားပါတယ်… ဆောင်းရာသီမှာ အပြောင်းအရွှေ့ ဆွေးနွေးနိုင်ဖို့  CSKA က ဂိုးသမားကို ခွင့်ပြုထားတယ်လို့  သိရပါတယ်…
Filed Under: Featured , Man U News , Transfer News



0 comments
Trackback URL | Comments RSS Feed