အန်ဖီးလ် ခရီးစဉ်အတွက် စိတ်အားထက်သန်နေတဲ့ အိုဝင်
ပြီးခဲ့တဲ့ ၀ုဖ်ဘာ့နဲ့ ကန်ခဲ့တဲ့ ပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာကြောင့် လူစားလဲခဲ့ရတဲ့ မိုက်ကယ်အိုဝင်ဟာ ယခု ၂ပတ်ခန့် အနားယူအပြီးမှာတော့ နိုင်ငံတကာ ခြေစစ်ပွဲများအပြီး ဘော်လ်တန်နဲ့ ကန်ရမဲ့ ပွဲစဉ်မှာ ပြန်လည် ကစားနိုင်မယ်လို့ အသင်းတာဝန်ရှိသူတွေက ခန့်မှန်းနေပါတယ်။
လီဗာပူးလ် တိုက်စစ်မှူးဟောင်း အိုဝင်ဟာ ဒီတခါ သရဲနီဝတ်စုံနဲ့ အန်ဖီးလ်ကို သွားဖို့ တကယ်ပဲ စိတ်အားထက်သန်နေတယ်လို့ သူက မန်ယူတီဗီကို ပြောခဲ့ပါတယ်။ အရင်တုန်းကတော့ ကာဆယ်နဲ့ အသင်းသားတယောက် အနေနဲ့ အန်ဖီးလ်ကို သွားခဲ့ဖူးပါပြီ။ ဒီတခါမှာတော့ သရဲနီဝတ်စုံနဲ့သွားမှာပါ။ ဒီတခါပွဲစဉ်က ပိုပြီး စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ လီဗာပူးလ်နဲ့ မန်ချက်စတာ ယူနိုက်တက်ဆိုတာ ကမ္ဘာ့အကောင်းဆုံး အသင်း ၂သင်း ဖြစ်နေလို့ပါပဲ လို့ Sky တီဗီကို ပြောပါတယ်။
သူက ထပ်ပြီး "ခုမှ ရာသီအစဆိုပေမဲ့ ပွဲတိုင်းဟာ ကျနော်တို့အတွက် အရေးကြီးပါတယ်။ ရသမျှ အမှတ်တွေကို စုဆောင်းထားနိုင်မှသာ အဆုံးသတ် မှာ ဖလားကိုင်ရမဲ့ သူဟာ ထွက်ပေါ်လာမှာပါ" လို့ ပြောပါတယ်။
Filed Under: Featured , Injury News , Interview , Man U News , Photos , Player News
0 comments
Trackback URL | Comments RSS Feed