ဝက်စ်ဟမ်း Vs မန်ယူ ကာလင်းဖလား ကွာတားဖိုင်နယ်
ကားလင်းဖလား မှတ်တမ်းစတင်ကျင်းပသည့်နှစ် - ၁၉၆၀ပါဝင်ယှဥိပြိုင်သည့် အသင်
ကားလင်းဖလား မှတ်တမ်းစတင်ကျင်းပသည့်နှစ် - ၁၉၆၀ပါဝင်ယှဥိပြိုင်သည့် အသင်
အက်အေဖလားပွဲစဉ် ၃ ကိုမဲခွဲရွေးချယ်ရာမှာ မန်ယူနိုက်တက်အတွက် အိမ်ကွင်းမ
27.11.2010 ( စနေနေ့ ) ည 9:30 မှာ ကစားခဲ့တဲ့ မန်ယူနဲ့ ဘလက်ဘန်းပွဲဟာ 7-
Goal Crazy Berbatov Man Utd 7 Park (23), Berbatov (27, 47, 6
အိုထရပ်ဖို့ ဒ်၊ ၂၇ နိုဝင်ဘာလ ၂၀၁၀၊ ညနေ ၃း၀၀ နာရီဗာဘာတော့ဗ် (၁-၀)၂ မိန
Nov,22,2010 | View post
Nov,11,2010 | View post
Oct,31,2010 | View post
Nov,27,2010 | View post
Nov,27,2010 | View post
Nov,24,2010 | View post
Nov,28,2010 | View post
Nov,27,2010 | View post
Nov,27,2010 | View post
Nov,30,2010 | View post
Nov,19,2010 | View post
Nov,11,2010 | View post
Nov,24,2010 | View post
Nov,02,2010 | View post
Nov,02,2010 | View post
Nov,28,2010 | View post
Nov,03,2010 | View post
Oct,21,2010 | View post
Nov,30,2010 | View post
Nov,30,2010 | View post
Nov,28,2010 | View post
Nov,27,2010 | View post
Oct,18,2010 | View post
Oct,14,2010 | View post
Nov,23,2010 | View post
Nov,11,2010 | View post
Nov,03,2010 | View post
Aug,20,2010 | View post
Jun,23,2008 | View post
May,29,2008 | View post
Nov,30,2010 | View post
Nov,30,2010 | View post
Nov,28,2010 | View post
You are here: Home � Featured , Interview , Player News � Interview with Twins
[caption id="attachment_1402" align="aligncenter" width="240" caption="Rafel and Fabio"][/caption]
ပြီးခဲ့တဲ့ ရာသီကနေ စပြီး နောက်တန်းညာစွန်မှာ နေရာရလာတဲ့ ၁၉ နှစ်သား အရွယ် Da Silva အမွှာညီနောင်ဟာ အနာဂတ်မှာ သရဲနီတွေအတွက် အားထားရမဲ့ အနေအထားကို ရောက်ရှိလို့ နေပြီဖြစ်ပါတယ်။ သူတို့ ညီအကို ၂ယောက်နဲ့ အင်တာဗျူးလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပြီးခဲ့ တနှစ်အတွင်း မန်ယူလို အသင်းကြီးမှာ တနေရာ အခိုင်အမာ ရောက်ရှိအောင် ကြိုးစားခဲ့ရပါသလဲ။
Rafel : ကျနော်တို့အတွက် ပထမအသင်းမှာ ခုလိုနေရာတခု ရရှိပြီး ကစားခွင့်ရခဲ့တယ်ဆိုတာ တကယ့်ကို ပျော်ရွှင်စရာပါပဲ။ ကျနော်တို့ ညီအကို ၂ယောက်လုံး ပြီးခဲ့တဲ့ ရာသီမှာ ကစားခဲ့တဲ့ ပွဲတွေမှာ တပွဲထက်တပွဲ ပိုမိုတိုးတက်လာခဲ့ကြတယ်လို့ မြင်ပါတယ်။ ပထမ ခြောက်လအတွက်ကတော့ ကျနော်တို့ တကယ့်ကို ခက်ခဲတဲ့ စိန်ခေါ်မှု တရပ်ပါပဲ နောက်ပြီး ကျနော်တို့ အနေနဲ့ မန်ယူနဲ့ ပွဲတွေအကုန် ကစားဖို့ မဖြစ်နိုင်ခဲ့ဖူးလေ။ (သူတို့ ညီအကို ၂ယောက် ဘရာဇီးလ်ကနေ မန်ယူကို ပြောင်းရွှေ့စဉ်က နိုင်ငံပြောင်းရွှေ့မှု အခက်အခဲတွေကို ဆိုလိုပါတယ်)
Fabio : ဒါပေမဲ့ ကျနော်တို့ ပြီးခဲ့တဲ့ ရာသီအကြိုပွဲစဉ်တွေမှာပဲ အသင်းကြီးနဲ့ အတူ ကစားခွင့်ရခဲ့တဲ့ အခါတွေမှာ အရမ်းကို စိတ်လှုပ်ရှားခဲ့ရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရာသီကတော့ ကျနော်ရှိချင်တဲ့ ပုံစံမျိုး မရရှိခဲ့ပါဘူး ဘာကြောင့်လဲဆိုတော့ ကျနော်ရဲ့ ပုခုံး ဒဏ်ရာကြောင့်ပါပဲ။ ခုရာသီမှာတော့ တကယ့်ကို အဆင်ပြေပြေနဲ့ ကစားနိုင်ခဲ့ပြီး ကျနော် ခပ်မြန်မြန်တိုးတက်မှု ရရှိခဲ့တယ်လို့ ခံစားခဲ့ရပါတယ်။
Rafel ပြီးခဲ့တဲ့ ရာသီမှာ 28 ပွဲ ကစားခွင့်ရခဲ့ပြီး လိဂ်ပွဲစဉ်တွေ နဲ့ Club World Cup မှာ ဆုတံဆိပ်တွေ ရယူခဲ့တယ်။ ဒါတွေဟာ ခင်များ အတွက် စိတ်လှုပ်ရှားစရာ ကြီးကြီးမားမား ခံစားမှု ရရှိခဲ့လား။
Rafel : တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ။ ကျနော်တို့ အတွက် Champion league Title တောင် ရလုနီးနီးပါပဲ။ ကျနော် Carling Cup Final ကို တော့ လွဲချော်ခဲ့ရပါတယ် ကျနော်ရဲ့ ဒဏ်ရာကြောင့်ပါပဲ။ ဒါပေမဲ့ ကျနော့အတွက်တော့ ချန်ပီယံအဖြစ် ခံစားနေရတုန်းပါပဲ ဘာကြောင့်လဲ ဆိုတော့ တခြား ပွဲစဉ်တွေကျနော် ကစားခဲ့ရသေးတယ်လေ။ ကျနော့အနေနဲ့ ကျနော်စွမ်းဆောင်နေတဲ့ ကဏ္ဍကနေ အသင်းကို ဆုဖလားတွေ အများကြီး ရအောင် ကူညီခွင့်ရချင်ပါသေးတယ်။
Fabio, ခင်များအနေနဲ့ ခင်များအကိုဟာ ကောင်းကောင်းဆောင်ရွက်နိုင်ခဲ့တာ တွေ့ခဲ့ရတယ်နော် အဲ့ဒိအတွက် ပထမဆုံး ပရိတ်သတ်နဲ့ ကြုံတွေ့ရမဲ့ အတွက် ခင်များအနေနဲ့ ဖိအားတွေ ရှိခဲ့ပါသေးလား ။
Fabio : ကျနော့အတွက် ဘာဖိအားမှ မရှိခဲ့ပါဘူး။ ကျနော့အနေနဲ့ ကျနော့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ အကောင်းဆုံး စွမ်းဆောင်ပြရမယ်ဆိုတာ ကျနော်သိပါတယ်။ သူ့ရဲ့ အောင်မြင်မှုအတွက် တကယ်ပဲ ပျော်ရွှင်ခဲ့ရပြီး ကျနော်ကိုယ်တိုင်လည်း သူ့လို အောင်မြင်မှုရအောင် စွမ်းဆောင်ချင် စိတ်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ကျနော့အတွက် ဒဏ်ရာရရှိခဲ့တာကတော့ တကယ့်ကို ကျနော့အစီအစဉ်တွေကို အချည်နှီးဖြစ်စေခဲ့တာပါပဲ။
Rafel ခင်များကိုယ်တိုင်လည်း အလားတူ ဒဏ်ရာမျိုး ရခဲ့သေးတယ်နော် ။
Rafel : အင်း ဟုတ်ပါတယ် Fabio ပြောပုံအရဆို ပြောရရင်တော့ ဒဏ်ရာကြောင့် ကျနော်မကစားနိုင်တဲ့အခါတွေဟာ တကယ်ပဲ ခက်ခဲပါတယ်။ သူ ကစားတဲ့နေရာကလည်း ညာနောက်ခံလူပဲကိုး။ ဒါကြောင့် ကျနော်ပြန်ကောင်းတဲ့ အခါမှာဆို ကျနော်တို့ ၂ယောက်ဟာ နေရာအတွက် ယှဉ်ပြိုင် နေရသလိုပါပဲလို့ ရီလျှက် ပြောပါတယ်။
Fabio : တကယ်တော့ ကျနော်တို့ ၂ယောက်လုံး အတူကစားချင်တာပါပဲ။ နေရာတူကစားတဲ့ အသင်းတသင်းထဲက ညီအကို ၂ ယောက်အတွက် အတွက်ကတော့ အနည်းငယ် ခက်ခဲစေပါတယ်။ ဒါကြောင့်လဲ ကျနော်တို့တွေ အမြဲကြိုးစားနေပြီး တိုးတက်မှု ရရှိခဲ့ပါတယ်။
ခင်များတို့ရဲ့ ရည်မှန်းချက်က ဘောလုံးသမား တယောက် အမြဲ ဖြစ်နေဖို့လား။
Rafel : ဟုတ်ပါတယ် ကျနော်တို့ ဘောလုံးသမားတယောက် ဖြစ်ဖို့အတွက် သိတတ်စအရွယ်တည်းက အိပ်မက် မက်ခဲ့ရတာပါ။ ကျနော့ရဲ့ မွေးနေ့တိုင်းမှာ ဖယောင်းတိုင် မှုတ်ရင်း ဆုတောင်းတိုင်း ဆုတောင်းခဲ့ရတာက ဘောလုံးသမား တယောက်ဖြစ်လာဖို့ပါပဲ။ ကျနော်တို့ ဘောလုံး ကန်နေရရင် ကျေနပ်နေပြီး ပျော်ရွှင်မှု ရရှိပါတယ်။ ကျနော်တို့ကို Zezinho လို့ခေါ်တဲ့ မြို့ခံအသင်းတသင်းက နည်းပြတယောက်က ကျနော်တို့ ညီအကို နှစ်ယောက်ရဲ့ ကစားပုံကို တွေ့မြင်ပြီး ခေါ်ယူခဲ့တာပါ။
Fabio : ရောဘတ်တိုကားလို့စ် လို နာမည်ကျော် ဘောလုံးသမားတယောက် ဖြစ်လာဖို့ဟာ ကျနော်တို့ရဲ့ ရည်မှန်းချက်ပါပဲ။ ကျနော်တို့ မြင်တွေ့ ရဖူးသမျှမှာ ကားလို့စ် နဲ့ ကာဖူးဟာ အကောင်းဆုံး နောက်ခံလူတွေ ဖြစ်ပါတယ်။ ကျနော်တို့ Botafogo ကိုအားပေးခဲ့ပေမဲ့ ကျနော်တို့ ဂိမ်းကစား ကြတဲ့အခါမှာတော့ မန်ချက်စတာ အသင်းဟာ ကျနော်တို့ရဲ့ လက်စွဲပါပဲ။
Fabio ခင်များက ခင်များ ကစားခဲ့တဲ့ အရံအသင်းက ဂိုးများအပေါ် ခံစားချက်နဲ့ Rafel ကတော့ ခင်များ ပထမဆုံးသွင်းယူခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲက ဂိုးအပေါ် ခံစားချက်လေး ပြောပြနိုင်မလား။
Rafel : ဘောလုံးက ဂိုးအတွင်းဝင်သွားတဲ့အခါ ကျနော် သိပ်ခံစားမှု မဖြစ်ပေါ်ခဲ့ပါဘူး ဘာလို့လဲဆိုတော့ ကျနော့ စိတ်က ကျနော့အသင်း တဂိုးထပ်ရ ပြီး တဘက်အသင်းနဲ့ သရေ အနေအထား ရောက်သွားအောင်ပဲ အာရုံထားနေတာကြောင့်ပါ။ ကျနော်သတိရတဲ့ အချိန်ကျတော့ ကျနော် သွင်းလိုက်တဲ့ ဘောလုံးက ဂိုးအတွင်း ရောက်ရှိနေပါပြီ။ နောက်ပိုင်းမှာ လူတော်တော်များများ ကျနော့်ကို ဒီအကြောင်း မေးကြပါတယ် ကျနော် ကိုယ်တိုင်လည်း ကျနော်တို့ ဒီပွဲရှုံးခဲ့ရတဲ့အတွက် အတော်လေး စိတ်ပျက်ရပါတယ်။ ဒါပေမဲ့ ကျနော်သွင်းခဲ့တဲ့ ဒီဂိုးအတွက်တော့ ကျနော် အတော်လေးကို ကျေနပ်မိပါတယ်။
Fabio : အဲ့အချိန်က ကျနော်က မိသားစုနဲ့အတူ အိမ်က တီဗွီမှာ ကြည့်နေခဲ့ပါတယ်။ သူလည်း ဂိုးသွင်းရော ကျနော်တို့ တမိသားစုလုံး ထခုန် မိကြပါတယ်။ အဲ့နောက်မှာတော့ အမေက သူ့ရဲ့ ပထမဆုံး ဂိုးအတွက် ၀မ်းသာလွန်းလို့ ငိုပါတယ်။ ကိုယ်သွင်းလိုက်တဲ့ ဘောလုံး တဘက်ဂိုး ၀င်သွားတဲ့အခါ ခံစားရတဲ့ ခံစားချက်က တကယ်ကောင်းပါတယ်။ ကျနော်ကိုယ်တိုင်လည်း အရံအသင်းအတွက် ဂိုးတွေ သွင်းဖူးပါတယ် အသင်းကြီး အတွက်လည်း ကစားပြီး ဂိုးတွေ ရချင်ပါသေးတယ်။
တယောက်နဲ့ တယောက် ကစားသမားတယောက် အနေနဲ့ အမြင်လေး ပြောပြနိုင်မလား။
(ညိမ်သွားပြီး တယောက်နဲ့ တယောက် ကြည့်နေကြပါတယ်)
Fabio : ကျနော်ပဲ အရင်စလိုက်ပါ့မယ်။ သူက စိတ်မြန်လက်မြန်ရှိတယ်၊ ဆုံးဖြတ်မြန်တယ်၊ နောက် သူက ဘယ်တော့မှာ အရာရာတိုင်းမှာ အရှုံး မပေးတတ်ဘူး။ အမြဲတမ်း သူတတ်နိုင်သမျှ အကောင်းဆုံး လုပ်ဖို့ ကြိုးစားနေပြီး အသင်းက သူ့ကို ပေးထားတဲ့ တန်ဖိုးအတွက် တူညီမှုရအောင် အမြဲ ကြိုးစားနေတတ်ပါတယ်။
Rafel : သူက နောက်ခံလူ ဖြစ်ပေမဲ့ ဘယ်တောင်ပံမှာ ကစားတဲ့အခါလည်း ဂိုးအတွက် သူဖန်တီးတတ်ပါတယ်။ သူကိုယ်တိုင်လည်း စိတ်မြန်လက်မြန် ရှိတတ်ပြီး သူက နည်းပညာပိုင်းမှာ ပိုပြီး တော်ပါတယ်။
နောက်ဆုံး အနေနဲ့ ခင်များတို့ တယောက်ချင်းစီရဲ့ ဒီရာသီအတွက် ရည်မှန်းချက်က ဘာများပါလိမ့်။
Rafel : ဖြစ်နိုင်ရင် အသင်းအတွက် ပွဲတွေ အများကြီး ကစားချင်ပြီး ကိုယ့်ရဲ့ စွမ်းဆောင်မှု အကောင်းဆုံးနဲ့ ကူညီသွားမှာပါ။
Fabio : ကျနော်တို့က ငယ်ပါသေးတယ် ဒါပေမဲ့ ကျနော်တို့ တတ်နိုင်သလောက် အကောင်းဆုံး စွမ်းဆောင်သွားမှာပါ။ ကျနော်တို့မှာ လူငယ် ကစားမားတွေ အများကြီး ရှိနေပြီး အတွေ့အကြုံတွေလည်း ရှိကြပါတယ်။ ကျနော်တို့တွေ အတွက် အခွင့်အရေးတွေ ရရှိဖို့ပဲ ကျနော်တို့ မျှော်လင့် ပါတယ်။
Filed Under: Featured , Interview , Player News
Related posts:
If you enjoyed this article, subscribe to receive more great content just like it.
၂၀၁၀ ဒီဇင်ဘာလ ၂၇ ရက် | ပွဲ | အမှတ် |
မန်ယူ | ၁၇ | ၃၇ |
အာဆင်နယ် | ၁၇ | ၃၅ |
မန်စီးတီး | ၁၉ | ၃၅ |
ချဲယ်ဆီး | ၁၈ | ၃၁ |
တော့တန်ဟမ် | ၁၈ | ၃၀ |
ဘော်တန် | ၁၉ | ၂၉ |
ဆန်းဒါးလန်း | ၁၉ | ၂၇ |
စတုတ်စီးတီး | ၁၈ | ၂၄ |
နယူးကာဆယ် | ၁၈ | ၂၂ |
လီဗာပူးလ် | ၁၇ | ၂၂ |
ဘလက်ပူးလ် | ၁၆ | ၂၂ |
ဝက်စ်ဘရွန်း | ၁၈ | ၂၂ |
ဘလက်ဘန်း | ၁၉ | ၂၂ |
အဲဗာတန် | ၁၈ | ၂၁ |
အက်စ်တန်ဗီလာ | ၁၈ | ၂၀ |
ဝီဂန် | ၁၈ | ၁၉ |
ဘာမင်ဂမ် | ၁၇ | ၁၈ |
ဖူလ်ဟမ် | ၁၈ | ၁၆ |
ဝက်စ်ဟမ်း | ၁၉ | ၁၆ |
ဝုဖ် | ၁၈ | ၁၅ |
0 comments
Trackback URL | Comments RSS Feed